မဂ္ဂဇင်းကာဗာမှာ ကျောင်းသူလေးလို ပို့စ်ပေးပြီး အတားအဆီးကို ရိုက်ချိုးမှုအတွက် ကယ်ဗတ်လီဝင်

ဒိုမီနစ်ကယ်ဗတ်လီဝင်ဟာဖက်ရှင်မဂ္ဂဇင်းတစ်ခုအတွက်မျက်နှာဖုံးဓာတ်ပုံရိုက်ကူးရာတွင်ကျောင်းသူလေးတစ်ဦးကဲ့သို့ရိုက်ကူးမှုပြုလုပ်ခဲ့ကာအတား အဆီးများကိုရိုက်ချိုးမှုနှင့်ဖက်ရှင်မှာအဆုံးအစမဲ့ကြောင်းပြကြောင်းပြသမှုတို့အတွက်ချီးကျူးခြင်းခံနေရပါတယ်။

အသက်၂၄နှစ်ရှိအဲဗာတန်နှင့်အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာအနက်ရောင်ဘလေဇာကုတ်၊အဖြူရောင်အတွင်းအင်္ကျီ၊အနက်ရောင်စကပ်၊အနက်ရောင်လည်စင်းလွယ်ပြီး Homme Plus မဂ္ဂဇင်းအတွင်းဓာတ်ပုံရိုက်ကူးမှုခံယူခဲ့တာဖြစ်ပါတယ်။

ကယ်ဗတ်လီဝင်ရဲ့ဒီဇိုင်းကိုစတိုင်ပညာရှင်ဟယ်ရီလမ်ဘတ်ကဖန်တီးပေးခဲ့တာဖြစ်ပါတယ်။အင်္ဂလန်တိုက်စစ်မှူးဟာယင်းဓာတ်ပုံကိုသူ့ရဲ့အင်စတာဂရမ်ပရိုဖိုင်မှာတင်ခဲ့ပြီးယင်းဓာတ်ပုံမှာအွန်လိုင်းတွင်လူပြောသူပြောများလာခဲ့ပါတယ်။

ပရိသတ်အချို့ကဝေဖန်မှုပြုလုပ်ပေမယ့်ပရိသတ်အများစုကယောင်္ကျား/မိန်းမခွဲခြားမှုအတားအဆီးကိုရိုက်ချိုးဖျက်ဆီးလိုက်မှုအတွက်ချီးကျူးနေကြပါတယ်။

ပရိသတ်တစ်ဦးက “ဒိုမီနစ်ကယ်ဗတ်လီဝင်။အတားအဆီးခွဲခြားမှုလား။သူကြိုက်တာသူဝတ်မှာဘဲ”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်အခြားပရိသတ်တစ်ဦးကလည်း “ကယ်ဗတ်လီဝင်ဟာသူကြိုက်တာသူဝတ်နိုင်တယ်။ဘယ်သူလဲဖြစ်ဖြစ်ပါ။ကိုယ်ကြိုက်တာကိုယ်ဝတ်တာကိုကိုယ်တိုင်စိတ်ပျက်နေရမှာလား”လို့ဆိုသွားပါတယ်။

ZawGyi

မဂၢဇင္းကာဗာမွာ ေက်ာင္းသူေလးလို ပို႔စ္ေပးၿပီး အတားအဆီးကို ႐ိုက္ခ်ိဳးမႈအတြက္ ကယ္ဗတ္လီဝင္

ဒိုမီနစ္ကယ္ဗတ္လီဝင္ဟာဖက္ရွင္မဂၢဇင္းတစ္ခုအတြက္မ်က္ႏွာဖုံးဓာတ္ပုံ႐ိုက္ကူးရာတြင္ေက်ာင္းသူေလးတစ္ဦးကဲ့သို႔႐ိုက္ကူးမႈျပဳလုပ္ခဲ့ကာအတား အဆီးမ်ားကို႐ိုက္ခ်ိဳးမႈႏွင့္ဖက္ရွင္မွာအဆုံးအစမဲ့ေၾကာင္းျပေၾကာင္းျပသမႈတို႔အတြက္ခ်ီးက်ဴးျခင္းခံေနရပါတယ္။

အသက္၂၄ႏွစ္ရွိအဲဗာတန္ႏွင့္အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာအနက္ေရာင္ဘေလဇာကုတ္၊အျဖဴေရာင္အတြင္းအက်ႌ၊အနက္ေရာင္စကပ္၊အနက္ေရာင္လည္စင္းလြယ္ၿပီး Homme Plus မဂၢဇင္းအတြင္းဓာတ္ပုံ႐ိုက္ကူးမႈခံယူခဲ့တာျဖစ္ပါတယ္။

ကယ္ဗတ္လီဝင္ရဲ႕ဒီဇိုင္းကိုစတိုင္ပညာရွင္ဟယ္ရီလမ္ဘတ္ကဖန္တီးေပးခဲ့တာျဖစ္ပါတယ္။အဂၤလန္တိုက္စစ္မႉးဟာယင္းဓာတ္ပုံကိုသူ႔ရဲ႕အင္စတာဂရမ္ပ႐ိုဖိုင္မွာတင္ခဲ့ၿပီးယင္းဓာတ္ပုံမွာအြန္လိုင္းတြင္လူေျပာသူေျပာမ်ားလာခဲ့ပါတယ္။

ပရိသတ္အခ်ိဳ႕ကေဝဖန္မႈျပဳလုပ္ေပမယ့္ပရိသတ္အမ်ားစုကေယာက်ၤား/မိန္းမခြဲျခားမႈအတားအဆီးကို႐ိုက္ခ်ိဳးဖ်က္ဆီးလိုက္မႈအတြက္ခ်ီးက်ဴးေနၾကပါတယ္။

ပရိသတ္တစ္ဦးက “ဒိုမီနစ္ကယ္ဗတ္လီဝင္။အတားအဆီးခြဲျခားမႈလား။သူႀကိဳက္တာသူဝတ္မွာဘဲ”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္အျခားပရိသတ္တစ္ဦးကလည္း “ကယ္ဗတ္လီဝင္ဟာသူႀကိဳက္တာသူဝတ္ႏိုင္တယ္။ဘယ္သူလဲျဖစ္ျဖစ္ပါ။ကိုယ္ႀကိဳက္တာကိုယ္ဝတ္တာကိုကိုယ္တိုင္စိတ္ပ်က္ေနရမွာလား”လို႔ဆိုသြားပါတယ္။