မင်ဒီကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်မှာ ဆိုးသွမ်းဂိုးဏ်စတားများ ထားရာ နေရာဖြစ်မှာ တစ်လလျှင် ရန်ဖြစ်မှုပျမ်းမျှ ၂၉ ကြိမ်အထိဖြစ်ရာထောင်ဖြစ်

မန်စီးတီးစတားဘင်ဂျာမင်မင်ဒီကိုအကျဉ်းထောင်မှာတစ်လလျှင်ပျမ်းမျှ ရန်ဖြစ်တိုက်ခိုက်မှု၂၉ကြိမ်ဖြစ်ပွားရာအကျဉ်းထောင်ဖြစ်ကြောင်းသိရပါတယ်။

မင်ဒီဟာဗလက္ကာယမှု၄မှု၊လိင်အကြမ်းဖက်မှု၁မှုတို့ဖြင့်စွဲချက်တင်ခြင်းခံခဲ့ရရာမှယခုအပတ်အစောပိုင်းတုန်းကဗလက္ကာယမှု၂မှုထပ်မံတိုးမြှင့်စွဲချက်တင်ခြင်းခံခဲ့ရပါတယ်။

မင်ဒီဟာ၂၀၂၀ခုနှစ်၊အောက်တိုဘာလမှ၂၀၂၁ခုနှစ်၊ဩဂုတ်လအတွင်းတွင် ယင်းအမှုများကိုကျူးလွန်ခဲ့တာဖြစ်ပြီးအသက်၁၆နှင့်အထက်အမျိုးသမီးလေးဦးတို့အပေါ်ကျူးလွန်ခဲ့တာလည်းဖြစ်ပါတယ်။

မင်ဒီဟာနာမည်ကြီးတစ်ဦးဖြစ်မှုကြောင့်အထူးအကျဉ်းထောင်သို့အပို့ခံရရန်လျှောက်ထားခဲ့သော်လည်းပယ်ချခြင်းခံခဲ့ရကာလီဗာပူးရှိ HMP Altcourse တွင်ထိန်းသိမ်းခြင်းခံထားရပါတယ်။

ပြင်သစ်လက်ရွေးစင်မှာယင်းအကျဉ်းထောင်တွင် ရုံးတင်စစ်ဆေးတဲ့လာမယ့်ဇန်နဝါရီလအထိနေထိုင်သွားရပါမယ်။

အဆိုပါအကျဉ်းထောင်မှာ ဗြိတိန်တွင်အဆိုးရွားဆုံးထောင်များထဲမှတစ်ခုအပါအဝင်ဖြစ်ပါတယ်။ The Sun ရဲ့ဖော်ပြချက်အရယင်းအကျဉ်းထောင်တွင် ၂၀၂၀ခုနှစ်၊ဇူလိုင်လမှ၂၀၂၁ခုနှစ်ဇွန်လအထိကာလအတွင်းတွင် တိုက်ခိုက်မှု၃၃၈ကြိမ်အထိဖြစ်ခဲ့ပြီးတစ်နေ့လျှင်တိုက်ခိုက်မှု၁ကြိမ်နီးဖြစ်ကာတစ်လလျှင်ပျမ်းမျှ၂၉ကြိမ်တိုက်ခိုက်မှုဖြစ်ရာနေရာဖြစ်ပါတယ်။

ယင်းတိုက်ခိုက်မှုများတွင်လက်နက်ပါဝင်မှု၃၅ကြိမ်ပါဝင်ကာအကျဉ်းသားတစ်ဦးမှာသွားတိုက်တံတွင်ဘရိတ်ဓားတပ်ဆင်တိုက်ခိုက်မှုကြောင့်ထောင်ဒဏ်၁၀လတိုးမြှင့်ချမှတ်ခြင်းခံခဲ့ရပါတယ်။

ZawGyi

မင္ဒီကို ထိန္းသိမ္းထားတဲ့ အက်ဥ္းေထာင္မွာ ဆိုးသြမ္းဂိုးဏ္စတားမ်ား ထားရာ ေနရာျဖစ္မွာ တစ္လလွ်င္ ရန္ျဖစ္မႈပ်မ္းမွ် ၂၉ ႀကိမ္အထိျဖစ္ရာေထာင္ျဖစ္

မန္စီးတီးစတားဘင္ဂ်ာမင္မင္ဒီကိုအက်ဥ္းေထာင္မွာတစ္လလွ်င္ပ်မ္းမွ် ရန္ျဖစ္တိုက္ခိုက္မႈ၂၉ႀကိမ္ျဖစ္ပြားရာအက်ဥ္းေထာင္ျဖစ္ေၾကာင္းသိရပါတယ္။

မင္ဒီဟာဗလကၠာယမႈ၄မႈ၊လိင္အၾကမ္းဖက္မႈ၁မႈတို႔ျဖင့္စြဲခ်က္တင္ျခင္းခံခဲ့ရရာမွယခုအပတ္အေစာပိုင္းတုန္းကဗလကၠာယမႈ၂မႈထပ္မံတိုးျမႇင့္စြဲခ်က္တင္ျခင္းခံခဲ့ရပါတယ္။

မင္ဒီဟာ၂၀၂၀ခုႏွစ္၊ေအာက္တိုဘာလမွ၂၀၂၁ခုႏွစ္၊ဩဂုတ္လအတြင္းတြင္ ယင္းအမႈမ်ားကိုက်ဴးလြန္ခဲ့တာျဖစ္ၿပီးအသက္၁၆ႏွင့္အထက္အမ်ိဳးသမီးေလးဦးတို႔အေပၚက်ဴးလြန္ခဲ့တာလည္းျဖစ္ပါတယ္။

မင္ဒီဟာနာမည္ႀကီးတစ္ဦးျဖစ္မႈေၾကာင့္အထူးအက်ဥ္းေထာင္သို႔အပို႔ခံရရန္ေလွ်ာက္ထားခဲ့ေသာ္လည္းပယ္ခ်ျခင္းခံခဲ့ရကာလီဗာပူးရွိ HMP Altcourse တြင္ထိန္းသိမ္းျခင္းခံထားရပါတယ္။

ျပင္သစ္လက္ေ႐ြးစင္မွာယင္းအက်ဥ္းေထာင္တြင္ ႐ုံးတင္စစ္ေဆးတဲ့လာမယ့္ဇန္နဝါရီလအထိေနထိုင္သြားရပါမယ္။

အဆိုပါအက်ဥ္းေထာင္မွာ ၿဗိတိန္တြင္အဆိုး႐ြားဆုံးေထာင္မ်ားထဲမွတစ္ခုအပါအဝင္ျဖစ္ပါတယ္။ The Sun ရဲ႕ေဖာ္ျပခ်က္အရယင္းအက်ဥ္းေထာင္တြင္ ၂၀၂၀ခုႏွစ္၊ဇူလိုင္လမွ၂၀၂၁ခုႏွစ္ဇြန္လအထိကာလအတြင္းတြင္ တိုက္ခိုက္မႈ၃၃၈ႀကိမ္အထိျဖစ္ခဲ့ၿပီးတစ္ေန႔လွ်င္တိုက္ခိုက္မႈ၁ႀကိမ္နီးျဖစ္ကာတစ္လလွ်င္ပ်မ္းမွ်၂၉ႀကိမ္တိုက္ခိုက္မႈျဖစ္ရာေနရာျဖစ္ပါတယ္။

ယင္းတိုက္ခိုက္မႈမ်ားတြင္လက္နက္ပါဝင္မႈ၃၅ႀကိမ္ပါဝင္ကာအက်ဥ္းသားတစ္ဦးမွာသြားတိုက္တံတြင္ဘရိတ္ဓားတပ္ဆင္တိုက္ခိုက္မႈေၾကာင့္ေထာင္ဒဏ္၁၀လတိုးျမႇင့္ခ်မွတ္ျခင္းခံခဲ့ရပါတယ္။