မင်ဒီနှင့်ဂျော်ဂျင်ဟိုတို့ကြောင့် ချဲလ်ဆီးကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ကူလီဘာလီဖွင့်ဟလာ

ချဲလ်ဆီးဟာနာပိုလီနောက်ခံလူခါလီဒူကူလီဘာလီကိုပြောင်းရွှေ့ကြေးပေါင်၃၄သန်းဖြင့်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။အသက်၃၁နှစ်ရှိဆီနီဂေါဗဟိုနောက်ခံလူဟာနာပိုလီတွင်ရှစ်နှစ်ကြာကစားပြီးနောက်ချဲလ်ဆီးသို့လေးနှစ်စာချုပ်ဖြင့်ပြောင်းခဲ့တာလည်းဖြစ်ပါတယ်။

ဆီနီဂေါစတားဟာချဲလ်ဆီးနှင့်ပြောင်းရွှေ့ရေးဆေးစစ်ဆေးမှုအောင်မြင်ပြီးနောက်လော့စ်အိန်ဂျယ်လိစ်သို့သွားရောက်ကာချဲလ်ဆီးကစားဖော်သစ်များနှင့်ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းခဲ့ပါတယ်။

၂၀၂၂အာဖရိကဖလားဆုရှင်ဟာချဲလ်ဆီးတွင်တစ်ပတ်လုပ်ခပေါင်၁၆၂၀၀၀ ရရှိလာမှာဖြစ်ကြောင်းသိရပါတယ်။

ချဲလ်ဆီးဝက်ဘ်ဆိုက်နှင့်ပြုလုပ်တဲ့အင်တာဗျူးတွင်ကူလီဘာလီက ဆီနီဂေါကစားဖော်အက်ဒူယတ်မင်ဒီနှင့်နာပိုလီကစားဖော်ဟောင်းဂျော်ဂျင်ဟိုတို့ကြောင့်ချဲလ်ဆီးသို့ပြောင်းရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းဖွင့်ဟလာပါတယ်။

၎င်းက “ချဲလ်ဆီးသို့ပြောင်းခွင့်ရလို့ဝမ်းသာပါတယ်။ကမ္ဘာ့အသင်းကြီးတစ်သင်းပါ။ပရီးမီးယားလိဂ်မှာကစားဖို့အမြဲအိပ်မက်မက်လာခဲ့တာပါ။ချဲလ်ဆီးဟာ၂၀၁၆ခုနှစ်တုန်းကပထမဆုံးဆက်သွယ်ခဲ့ဖူးပါတယ်။အပြောင်းအရွှေ့မလုပ်ဖြစ်ခဲ့ပါဘူး။အခုသူတို့ကမ်းလှမ်းလာချိန်မှာသူတို့ဘက်ကကျွန်တော့်ကိုအမှန်တကယ်ပရီးမီးယားလိဂ်မှာကစားစေချင်နေတော့လက်ခံခဲ့ပါတယ်။သူငယ်ချင်းတွေဖြစ်တဲ့အက်ဒူနဲ့ဂျော်ဂျင်ဟိုတို့နဲ့စကားပြောခဲ့တယ်။သူတို့ကြောင့်ပဲအလွယ်တကူပျော်ရွှင်စွာရွေးနိုင်ခဲ့တယ်”လို့ပြောကြားသွားပါတယ်။

ချဲလ်ဆီးပိုင်ရှင်တော့ဒ်ဘိုလီကလည်း “ခါလီဒူကူလီဘာလီကကမ္ဘာ့ထိပ်တန်းနောက်ခံလူတွေထဲကတစ်ဦးပါ။ချဲလ်ဆီးသို့သူရောက်လာတဲ့အတွက်ဝမ်းသာပါတယ်။သူကကြီးကျယ်တဲ့ခေါင်းဆောင်တစ်ဦးဖြစ်သလိုစံပြထိုက်တဲ့အသင်းလိုက်ကစားသမားတစ်ဦးဖြစ်ပါတယ်။ခါလီဒူနဲ့အတူအတွေ့အကြုံတွေလည်းအများကြီးယူဆောင်လာပါမယ်။ဒါကအသင်းအတွက်ရောကလပ်အတွက်ပါအများကြီးအကျိုးရှိလာပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ချဲလ်ဆီးဟာယခုနွေရာသီတွင်အသင်းမှထွက်ခွာသွားတဲ့ရူဒီဂါနှင့်ခရစ်တင်ဆင်တို့ရဲ့နေရာတွင်အစားထိုးရန်ကူလီဘာလီကိုခေါ်ယူလိုက်တာဖြစ်ပါတယ်။၎င်းတို့ဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်မီနောက်ထပ်နောက်ခံလူတစ်ဦးခေါ်ယူရန်ပစ်မှတ်ထားနေပါသေးတယ်။

၎င်းတို့ဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်မန်စီးတီးမှစတာလင်းကိုပေါင်သန်း၅၀ဖြင့်ခေါ်ယူခဲ့ပြီးနောက်ကူလီဘာလီကိုခေါ်ယူလိုက်တာလည်းဖြစ်ပါတယ်။

ZawGyi

မင္ဒီႏွင့္ေဂ်ာ္ဂ်င္ဟိုတို႔ေၾကာင့္ ခ်ဲလ္ဆီးကို ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္း ကူလီဘာလီဖြင့္ဟလာ

ခ်ဲလ္ဆီးဟာနာပိုလီေနာက္ခံလူခါလီဒူကူလီဘာလီကိုေျပာင္းေ႐ႊ႕ေၾကးေပါင္၃၄သန္းျဖင့္ေခၚယူလိုက္ၿပီျဖစ္ပါတယ္။အသက္၃၁ႏွစ္ရွိဆီနီေဂါဗဟိုေနာက္ခံလူဟာနာပိုလီတြင္ရွစ္ႏွစ္ၾကာကစားၿပီးေနာက္ခ်ဲလ္ဆီးသို႔ေလးႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းခဲ့တာလည္းျဖစ္ပါတယ္။

ဆီနီေဂါစတားဟာခ်ဲလ္ဆီးႏွင့္ေျပာင္းေ႐ႊ႕ေရးေဆးစစ္ေဆးမႈေအာင္ျမင္ၿပီးေနာက္ေလာ့စ္အိန္ဂ်ယ္လိစ္သို႔သြားေရာက္ကာခ်ဲလ္ဆီးကစားေဖာ္သစ္မ်ားႏွင့္ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ႏွင့္ပူးေပါင္းခဲ့ပါတယ္။

၂၀၂၂အာဖရိကဖလားဆုရွင္ဟာခ်ဲလ္ဆီးတြင္တစ္ပတ္လုပ္ခေပါင္၁၆၂၀၀၀ ရရွိလာမွာျဖစ္ေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးဝက္ဘ္ဆိုက္ႏွင့္ျပဳလုပ္တဲ့အင္တာဗ်ဴးတြင္ကူလီဘာလီက ဆီနီေဂါကစားေဖာ္အက္ဒူယတ္မင္ဒီႏွင့္နာပိုလီကစားေဖာ္ေဟာင္းေဂ်ာ္ဂ်င္ဟိုတို႔ေၾကာင့္ခ်ဲလ္ဆီးသို႔ေျပာင္းရန္ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္းဖြင့္ဟလာပါတယ္။

၎က “ခ်ဲလ္ဆီးသို႔ေျပာင္းခြင့္ရလို႔ဝမ္းသာပါတယ္။ကမာၻ႔အသင္းႀကီးတစ္သင္းပါ။ပရီးမီးယားလိဂ္မွာကစားဖို႔အၿမဲအိပ္မက္မက္လာခဲ့တာပါ။ခ်ဲလ္ဆီးဟာ၂၀၁၆ခုႏွစ္တုန္းကပထမဆုံးဆက္သြယ္ခဲ့ဖူးပါတယ္။အေျပာင္းအေ႐ႊ႕မလုပ္ျဖစ္ခဲ့ပါဘူး။အခုသူတို႔ကမ္းလွမ္းလာခ်ိန္မွာသူတို႔ဘက္ကကြၽန္ေတာ့္ကိုအမွန္တကယ္ပရီးမီးယားလိဂ္မွာကစားေစခ်င္ေနေတာ့လက္ခံခဲ့ပါတယ္။သူငယ္ခ်င္းေတြျဖစ္တဲ့အက္ဒူနဲ႔ေဂ်ာ္ဂ်င္ဟိုတို႔နဲ႔စကားေျပာခဲ့တယ္။သူတို႔ေၾကာင့္ပဲအလြယ္တကူေပ်ာ္႐ႊင္စြာေ႐ြးႏိုင္ခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

ခ်ဲလ္ဆီးပိုင္ရွင္ေတာ့ဒ္ဘိုလီကလည္း “ခါလီဒူကူလီဘာလီကကမာၻ႔ထိပ္တန္းေနာက္ခံလူေတြထဲကတစ္ဦးပါ။ခ်ဲလ္ဆီးသို႔သူေရာက္လာတဲ့အတြက္ဝမ္းသာပါတယ္။သူကႀကီးက်ယ္တဲ့ေခါင္းေဆာင္တစ္ဦးျဖစ္သလိုစံျပထိုက္တဲ့အသင္းလိုက္ကစားသမားတစ္ဦးျဖစ္ပါတယ္။ခါလီဒူနဲ႔အတူအေတြ႕အႀကဳံေတြလည္းအမ်ားႀကီးယူေဆာင္လာပါမယ္။ဒါကအသင္းအတြက္ေရာကလပ္အတြက္ပါအမ်ားႀကီးအက်ိဳးရွိလာပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

ခ်ဲလ္ဆီးဟာယခုေႏြရာသီတြင္အသင္းမွထြက္ခြာသြားတဲ့႐ူဒီဂါႏွင့္ခရစ္တင္ဆင္တို႔ရဲ႕ေနရာတြင္အစားထိုးရန္ကူလီဘာလီကိုေခၚယူလိုက္တာျဖစ္ပါတယ္။၎တို႔ဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္မီေနာက္ထပ္ေနာက္ခံလူတစ္ဦးေခၚယူရန္ပစ္မွတ္ထားေနပါေသးတယ္။

၎တို႔ဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္မန္စီးတီးမွစတာလင္းကိုေပါင္သန္း၅၀ျဖင့္ေခၚယူခဲ့ၿပီးေနာက္ကူလီဘာလီကိုေခၚယူလိုက္တာလည္းျဖစ္ပါတယ္။