
ဝက်စ်ဟမ်းဟာနည်းပြဒေးဗစ်မိုယက်စ်ကိုရာထူးမှထုတ်ပယ်လာပါကမစ်ဒယ်ဘရော့နည်းပြမိုက်ကယ်ကာရစ်ကိုခန့်အပ်ရန်ပစ်မှတ်ထားလာမည်ဖြစ်ကြောင်းသိရပါတယ်။
ဒေးဗစ်မိုယက်စ်ဟာစနေနေ့တုန်းကဘရိုက်တန်ကို၄-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်တန်းမဆင်းရရေးတိုက်ပွဲဝင်ရတော့မှာဖြစ်လို့ဖိအားများနှင့်ရင်ဆိုင်နေရပါတယ်။
ဥက္ကဌဒေးဗစ်ဆူလေဗန်နှင့်ဘုတ်အဖွဲ့ဝင်များဟာဒေးဗစ်မိုယက်စ်ကိုဆက်လက်ထောက်ခံနေကြတုန်းဖြစ်ပါတယ်။
ဒါပေမဲ့ဝက်စ်ဟမ်းဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၁၆နေရာတွင်ရပ်တည်နေပြီးတန်းဆင်းဇုန်နှင့်တစ်မှတ်တည်းသာကွာဟနေမှုနှင့်အတူဒေးဗစ်မိုယက်စ်မှာဖိအားများအောက်ရောက်နေပါတယ်။
The Times ရဲ့ဖော်ပြမှုအရဝက်စ်ဟမ်းဟာအသက်၅၉နှစ်ရှိမိုယက်စ်ကိုထုတ်ပယ်လာပါက မိုက်ကယ်ကာရစ်ကိုခန့်အပ်လာမည်ဖြစ်ကြောင်းသိရပါတယ်။
ယူနိုက်တက်ဂန္ထဝင်ကစားသမားမိုက်ကယ်ကာရစ်ဟာယူနိုက်တက်မှာတုန်းကဒေးဗစ်မိုယက်စ်ရဲ့လက်အောက်တွင်ကစားခဲ့ဖူးသူဖြစ်ပါတယ်။
သူဟာဝက်စ်ဟမ်းအကယ်ဒမီထွက်တစ်ဦးဖြစ်ပြီးငါးနှစ်တိုင်ကစားခဲ့သူလည်းဖြစ်ပါတယ်။အသက်၄၁နှစ်ရှိကာရစ်ဟာဝက်စ်ဟမ်းအတွက်၁၅၃ပွဲကစားကာ၆ဂိုးသွင်းပြီး၃ကြိမ်ဖန်တီးပေးခဲ့ပါတယ်။
သူဟာယူနိုက်တက်တွင်မော်ရင်ဟို၊ဆိုးလ်ရှားတို့လက်အောက်မှာလက်ထောက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်ခဲ့သလိုယာယီနည်းပြအဖြစ်လည်း၃ပွဲကိုင်တွယ်ခဲ့ပါတယ်။ယင်းနောက်သူဟာအောက်တိုဘာလတုန်းကမစ်ဒယ်ဘရော့နည်းပြဖြစ်လာခဲ့ပါတယ်။
သူဟာမစ်ဒယ်ဘရော့အသင်းကိုပြိုင်ပွဲအရပ်ရပ်တွင်ပွဲ၂၀ကိုင်တွယ်ထားရာမှာ၁၄ပွဲအနိုင်ရအောင်စွမ်းဆောင်ထားပါတယ်။
ZawGyi
မစ္ဒယ္ဘေရာ့တြင္ ရလဒ္ေကာင္းမ်ား ရယူေပးႏိုင္ၿပီးေနာက္ ပရီးမီးယားလိဂ္နည္းျပရာထူးအတြက္ ေရပန္းစားေနတဲ့ မိုက္ကယ္ကာရစ္
ဝက္စ္ဟမ္းဟာနည္းျပေဒးဗစ္မိုယက္စ္ကိုရာထူးမွထုတ္ပယ္လာပါကမစ္ဒယ္ဘေရာ့နည္းျပမိုက္ကယ္ကာရစ္ကိုခန႔္အပ္ရန္ပစ္မွတ္ထားလာမည္ျဖစ္ေၾကာင္းသိရပါတယ္။
ေဒးဗစ္မိုယက္စ္ဟာစေနေန႔တုန္းကဘ႐ိုက္တန္ကို၄-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္တန္းမဆင္းရေရးတိုက္ပြဲဝင္ရေတာ့မွာျဖစ္လို႔ဖိအားမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။
ဥကၠဌေဒးဗစ္ဆူေလဗန္ႏွင့္ဘုတ္အဖြဲ႕ဝင္မ်ားဟာေဒးဗစ္မိုယက္စ္ကိုဆက္လက္ေထာက္ခံေနၾကတုန္းျဖစ္ပါတယ္။
ဒါေပမဲ့ဝက္စ္ဟမ္းဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၁၆ေနရာတြင္ရပ္တည္ေနၿပီးတန္းဆင္းဇုန္ႏွင့္တစ္မွတ္တည္းသာကြာဟေနမႈႏွင့္အတူေဒးဗစ္မိုယက္စ္မွာဖိအားမ်ားေအာက္ေရာက္ေနပါတယ္။
The Times ရဲ႕ေဖာ္ျပမႈအရဝက္စ္ဟမ္းဟာအသက္၅၉ႏွစ္ရွိမိုယက္စ္ကိုထုတ္ပယ္လာပါက မိုက္ကယ္ကာရစ္ကိုခန႔္အပ္လာမည္ျဖစ္ေၾကာင္းသိရပါတယ္။
ယူႏိုက္တက္ဂႏၴဝင္ကစားသမားမိုက္ကယ္ကာရစ္ဟာယူႏိုက္တက္မွာတုန္းကေဒးဗစ္မိုယက္စ္ရဲ႕လက္ေအာက္တြင္ကစားခဲ့ဖူးသူျဖစ္ပါတယ္။
သူဟာဝက္စ္ဟမ္းအကယ္ဒမီထြက္တစ္ဦးျဖစ္ၿပီးငါးႏွစ္တိုင္ကစားခဲ့သူလည္းျဖစ္ပါတယ္။အသက္၄၁ႏွစ္ရွိကာရစ္ဟာဝက္စ္ဟမ္းအတြက္၁၅၃ပြဲကစားကာ၆ဂိုးသြင္းၿပီး၃ႀကိမ္ဖန္တီးေပးခဲ့ပါတယ္။
သူဟာယူႏိုက္တက္တြင္ေမာ္ရင္ဟို၊ဆိုးလ္ရွားတို႔လက္ေအာက္မွာလက္ေထာက္နည္းျပအျဖစ္တာဝန္ထမ္းေဆာင္ခဲ့သလိုယာယီနည္းျပအျဖစ္လည္း၃ပြဲကိုင္တြယ္ခဲ့ပါတယ္။ယင္းေနာက္သူဟာေအာက္တိုဘာလတုန္းကမစ္ဒယ္ဘေရာ့နည္းျပျဖစ္လာခဲ့ပါတယ္။
သူဟာမစ္ဒယ္ဘေရာ့အသင္းကိုၿပိဳင္ပြဲအရပ္ရပ္တြင္ပြဲ၂၀ကိုင္တြယ္ထားရာမွာ၁၄ပြဲအႏိုင္ရေအာင္စြမ္းေဆာင္ထားပါတယ္။