မစ်ဒယ်ဘရော့နည်းပြရာထူးကို မရယူမီ ဆာအဲလက်စ်ဖာဂူဆန်နှင့် ဆွေးနွေးခဲ့ကြောင်း ကာရစ်ဖွင့်ဟလာ

မိုက်ကယ်ကာရစ်ကမစ်ဒယ်ဘရော့နည်းပြရာထူးအားမရယူမီ ဆရာဟောင်းဆာအဲလက်စ်ဖာဂူဆန်နှင့်ဆွေးနွေးအကြံဉာဏ်များရယူခဲ့ကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ယူနိုက်တက်နှင့်အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်းဟာပထမဆုံးနည်းပြချုပ်ရာထူးအတွက် မကြာသေးမီတုန်းကမစ်ဒယ်ဘရော့နည်းပြရာထူးကိုလက်ခံရယူခဲ့ပါတယ်။

အသက်၄၁နှစ်ရှိမိုက်ကယ်ကာရစ်ဟာဆိုးလ်ရှားထုတ်ပယ်ခံရပြီးနောက် ယူနိုက်တက်ကို ယာယီနည်းပြအဖြစ် သုံးပွဲကိုင်တွယ်ဖူးတဲ့နည်းပြချုပ်အတွေ့အကြုံရှိခဲ့သူဖြစ်ပါတယ်။သူဟာယူနိုက်တက်ကိုကိုင်တွယ်တဲ့သုံးပွဲတွင်၂ပွဲနိုင်၊၁ပွဲသရေရလဒ်ရယူနိုင်ခဲ့ပါတယ်။

သူဟာယူနိုက်တက်မှမထွက်ခွာမီ ဟိုဆေးမော်ရင်ဟို၊အိုလီဂန်းနားဆိုးလ်ရှားတို့ရဲ့လက်အောက်မှာလက်ထောက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဖာဂူဆန်ရဲ့အဝတ်အစားလဲခန်းအတွင်းဆူပူမှုများကဲ့သို့လုပ်ဆောင်လာမလားလို့ မေးမြန်းလာမှုကိုကာရစ်က “လိုအပ်လာရင်လုပ်တယ်။ကျွန်တော့်မှာလည်းခေါင်းမာတဲ့လမ်းကြောင်းတစ်ခုရှိနေတယ်။ကစားသမားတစ်ဦးအဖြစ်နဲ့တုန်းကလည်းလုပ်ခဲ့တယ်။နည်းပြအနေနဲ့လည်းလုပ်ရမယ်။အမြဲတမ်းပြုံးရွှင်တဲ့မျက်နှာနဲ့ နူးနူးညံ့ညံ့နေလို့မရပါဘူး”လို့ပြောကြားသွားပါတယ်။

ဆက်လက်ပြီးကာရစ်က “ကျူပ်က ဒေါသထွက်နေတဲ့ စကော့သားတစ်ယောက်နဲ့တူလို့လား။ကိုယ့်စရိုက်နဲ့ကိုယ်ပဲ။အရင်တုန်းကလူမှုဝန်းကျင်နဲ့အခုဝန်းကျင်ကကွဲပြားနေပါတယ်။ဒီတော့သူ့(ဖာဂူဆန်)လို တစ်ဦးချင်းစီကိုကွဲပြားတဲ့ဆက်ဆံရေးလုပ်ရမယ်။အများကြီးလည်းသင်ယူထားတယ်။အများကြီးအတုခိုးလုပ်နေမှာတော့မဟုတ်ဘူး။ကျွန်တော်ဟာဆာအဲလက်စ်ဖာဂူဆန်နဲ့စကား ပြောဖြစ်တယ်။ကိုယ့်စတိုင်နဲ့ကိုယ်နေဖို့ သူကပြောတယ်။ကိုယ့်စိတ်ကြိုက်လုပ်ဖို့ပြောတယ်။ကစားသမားဘဝကနားလိုက်ပြီးတဲ့နောက်သူနဲ့စကားပိုပြောဖြစ်တယ်။ကစားသမားဘဝတုန်းကသူနဲ့သိပ်နီးနီးကပ်ကပ်မနေချင်ခဲ့ဘူး”လို့ပြောကြားသွားပါတယ်။

ကာရစ်ဟာယူနိုက်တက်တွင်ကစားသမားအဖြစ်၁၂နှစ်တာကျင်လည်စဉ်အတွင်းချန်ပီယံလိဂ်တစ်ကြိမ်၊ပရီးမီးယားလိဂ်ဖလား၅ကြိမ်ဆွတ်ခူးခဲ့ပြီး၂၀၂၈ခုနှစ်တွင်ကစားသမားဘဝမှအနားယူခဲ့ပါတယ်။

ZawGyi

မစ္ဒယ္ဘေရာ့နည္းျပရာထူးကို မရယူမီ ဆာအဲလက္စ္ဖာဂူဆန္ႏွင့္ ေဆြးေႏြးခဲ့ေၾကာင္း ကာရစ္ဖြင့္ဟလာ

မိုက္ကယ္ကာရစ္ကမစ္ဒယ္ဘေရာ့နည္းျပရာထူးအားမရယူမီ ဆရာေဟာင္းဆာအဲလက္စ္ဖာဂူဆန္ႏွင့္ေဆြးေႏြးအႀကံဉာဏ္မ်ားရယူခဲ့ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ယူႏိုက္တက္ႏွင့္အဂၤလန္ကြင္းလယ္ကစားသမားေဟာင္းဟာပထမဆုံးနည္းျပခ်ဳပ္ရာထူးအတြက္ မၾကာေသးမီတုန္းကမစ္ဒယ္ဘေရာ့နည္းျပရာထူးကိုလက္ခံရယူခဲ့ပါတယ္။

အသက္၄၁ႏွစ္ရွိမိုက္ကယ္ကာရစ္ဟာဆိုးလ္ရွားထုတ္ပယ္ခံရၿပီးေနာက္ ယူႏိုက္တက္ကို ယာယီနည္းျပအျဖစ္ သုံးပြဲကိုင္တြယ္ဖူးတဲ့နည္းျပခ်ဳပ္အေတြ႕အႀကဳံရွိခဲ့သူျဖစ္ပါတယ္။သူဟာယူႏိုက္တက္ကိုကိုင္တြယ္တဲ့သုံးပြဲတြင္၂ပြဲႏိုင္၊၁ပြဲသေရရလဒ္ရယူႏိုင္ခဲ့ပါတယ္။

သူဟာယူႏိုက္တက္မွမထြက္ခြာမီ ဟိုေဆးေမာ္ရင္ဟို၊အိုလီဂန္းနားဆိုးလ္ရွားတို႔ရဲ႕လက္ေအာက္မွာလက္ေထာက္နည္းျပအျဖစ္တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

ဖာဂူဆန္ရဲ႕အဝတ္အစားလဲခန္းအတြင္းဆူပူမႈမ်ားကဲ့သို႔လုပ္ေဆာင္လာမလားလို႔ ေမးျမန္းလာမႈကိုကာရစ္က “လိုအပ္လာရင္လုပ္တယ္။ကြၽန္ေတာ့္မွာလည္းေခါင္းမာတဲ့လမ္းေၾကာင္းတစ္ခုရွိေနတယ္။ကစားသမားတစ္ဦးအျဖစ္နဲ႔တုန္းကလည္းလုပ္ခဲ့တယ္။နည္းျပအေနနဲ႔လည္းလုပ္ရမယ္။အၿမဲတမ္းၿပဳံး႐ႊင္တဲ့မ်က္ႏွာနဲ႔ ႏူးႏူးညံ့ညံ့ေနလို႔မရပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ဆက္လက္ၿပီးကာရစ္က “က်ဴပ္က ေဒါသထြက္ေနတဲ့ စေကာ့သားတစ္ေယာက္နဲ႔တူလို႔လား။ကိုယ့္စ႐ိုက္နဲ႔ကိုယ္ပဲ။အရင္တုန္းကလူမႈဝန္းက်င္နဲ႔အခုဝန္းက်င္ကကြဲျပားေနပါတယ္။ဒီေတာ့သူ႔(ဖာဂူဆန္)လို တစ္ဦးခ်င္းစီကိုကြဲျပားတဲ့ဆက္ဆံေရးလုပ္ရမယ္။အမ်ားႀကီးလည္းသင္ယူထားတယ္။အမ်ားႀကီးအတုခိုးလုပ္ေနမွာေတာ့မဟုတ္ဘူး။ကြၽန္ေတာ္ဟာဆာအဲလက္စ္ဖာဂူဆန္နဲ႔စကား ေျပာျဖစ္တယ္။ကိုယ့္စတိုင္နဲ႔ကိုယ္ေနဖို႔ သူကေျပာတယ္။ကိုယ့္စိတ္ႀကိဳက္လုပ္ဖို႔ေျပာတယ္။ကစားသမားဘဝကနားလိုက္ၿပီးတဲ့ေနာက္သူနဲ႔စကားပိုေျပာျဖစ္တယ္။ကစားသမားဘဝတုန္းကသူနဲ႔သိပ္နီးနီးကပ္ကပ္မေနခ်င္ခဲ့ဘူး”လို႔ေျပာၾကားသြားပါတယ္။

ကာရစ္ဟာယူႏိုက္တက္တြင္ကစားသမားအျဖစ္၁၂ႏွစ္တာက်င္လည္စဥ္အတြင္းခ်န္ပီယံလိဂ္တစ္ႀကိမ္၊ပရီးမီးယားလိဂ္ဖလား၅ႀကိမ္ဆြတ္ခူးခဲ့ၿပီး၂၀၂၈ခုႏွစ္တြင္ကစားသမားဘဝမွအနားယူခဲ့ပါတယ္။