မစ်ဒယ်ဘရော့နည်းပြရာထူးအတွက် မိုက်ကယ်ကာရစ်ရေပန်းအစားဆုံးဖြစ်နေ

မစ်ဒယ်ဘရော့ဟာ၎င်းတို့ရဲ့နည်းပြသစ်ရာထူးအတွက်မန်ချက်စတာယူနိုက်တက်ဂန္ထဝင်မိုက်ကယ်ကာရစ်နှင့်ဆွေးနွေးမှုပြုလုပ်လိုနေပါတယ်။

ချန်ပီယံရှစ်ကလပ်ဟာရာသီအစရလဒ်ဆိုးရွားကာတန်းဆင်းဇုန်အတွင်းကျရောက်ခဲ့ပြီးနောက်တနင်္လာနေ့တုန်းကခရစ်ဝိုင်ဒါကိုရာထူးမှထုတ်ပယ်ခဲ့ပါတယ်။

မစ်ဒယ်ဘရော့ဟာဝိုင်ဒါကိုထုတ်ပယ်လိုက်ပြီးနောက်အိုင်တော်ကာရန်ကာ၊ဂျိုနသန်ဝုဒ်ဂိတ်၊နေးလ်ဝါနော့နှင့်ဝိုင်ဒါတို့ရဲ့လက်အောက်တွင်တာဝန်ထမ်းဆောင်ခဲ့တဲ့လီယိုပါကိုဗစ်ချ်အားယာယီနည်းပြအဖြစ်ခန့်အပ်ထားပါတယ်။

သူဟာဗုဒ္ဓဟူးနေ့တုန်းကဘာမင်ဂမ်ကို၁-၀ဂိုးဖြင့်အနိုင်ရရှိအောင်ဦးဆောင်နိုင်ခဲ့ပါတယ်။အသက်၅၄နှစ်ရှိဥရုဂွေးလူမျိုးနည်းပြဟာယနေ့တွင်မီဝေါလ်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမယ့်ပွဲကိုလည်းဦးဆောင်လာပါဦးမယ်။

တဖက်တွင်မစ်ဒယ်ဘရော့ဟာနည်းပြရာထူးအတွက်နည်းပြရှာဖွေနေပြီးဥက္ကဌစတိဗ်ဂစ်ဘ်ဆင်မှာကာရစ်ကိုခန့်အပ်လိုနေပါတယ်။

အသက်၄၁နှစ်ရှိမိုက်ကယ်ကာရစ်ဟာယူနိုက်တက်မှထွက်ခွာလာပြီးနောက်အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။

သူဟာယူနိုက်တက်နှင့်အတူပရီးမီးယားလိဂ်ဖလား၅ကြိမ်နှင့်ချန်ပီယံလိဂ်ဖလား၁ကြိမ်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီးမော်ရင်ဟို၊ဆိုးလ်ရှားတို့ရဲ့လက်အောက်တွင်လက်ထောက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူဟာနိုဝင်ဘာလတုန်းကဆိုးလ်ရှားအထုတ်ခံရပြီးနောက်ယူနိုက်တက်ယာယီနည်းပြအဖြစ်သုံးပွဲကိုင်တွယ်ခဲ့ရာမှာနှစ်ပွဲအနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။သူဟာရေးဖ်ရန်းနစ်ခ်ရောက်လာချိန်တွင်ယူနိုက်တက်မှထွက်ခွာခဲ့ပါတယ်။

ZawGyi

မစ္ဒယ္ဘေရာ့နည္းျပရာထူးအတြက္ မိုက္ကယ္ကာရစ္ေရပန္းအစားဆုံးျဖစ္ေန

မစ္ဒယ္ဘေရာ့ဟာ၎တို႔ရဲ႕နည္းျပသစ္ရာထူးအတြက္မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္မိုက္ကယ္ကာရစ္ႏွင့္ေဆြးေႏြးမႈျပဳလုပ္လိုေနပါတယ္။

ခ်န္ပီယံရွစ္ကလပ္ဟာရာသီအစရလဒ္ဆိုး႐ြားကာတန္းဆင္းဇုန္အတြင္းက်ေရာက္ခဲ့ၿပီးေနာက္တနလၤာေန႔တုန္းကခရစ္ဝိုင္ဒါကိုရာထူးမွထုတ္ပယ္ခဲ့ပါတယ္။

မစ္ဒယ္ဘေရာ့ဟာဝိုင္ဒါကိုထုတ္ပယ္လိုက္ၿပီးေနာက္အိုင္ေတာ္ကာရန္ကာ၊ဂ်ိဳနသန္ဝုဒ္ဂိတ္၊ေနးလ္ဝါေနာ့ႏွင့္ဝိုင္ဒါတို႔ရဲ႕လက္ေအာက္တြင္တာဝန္ထမ္းေဆာင္ခဲ့တဲ့လီယိုပါကိုဗစ္ခ်္အားယာယီနည္းျပအျဖစ္ခန႔္အပ္ထားပါတယ္။

သူဟာဗုဒၶဟူးေန႔တုန္းကဘာမင္ဂမ္ကို၁-၀ဂိုးျဖင့္အႏိုင္ရရွိေအာင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။အသက္၅၄ႏွစ္ရွိဥ႐ုေဂြးလူမ်ိဳးနည္းျပဟာယေန႔တြင္မီေဝါလ္ကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမယ့္ပြဲကိုလည္းဦးေဆာင္လာပါဦးမယ္။

တဖက္တြင္မစ္ဒယ္ဘေရာ့ဟာနည္းျပရာထူးအတြက္နည္းျပရွာေဖြေနၿပီးဥကၠဌစတိဗ္ဂစ္ဘ္ဆင္မွာကာရစ္ကိုခန႔္အပ္လိုေနပါတယ္။

အသက္၄၁ႏွစ္ရွိမိုက္ကယ္ကာရစ္ဟာယူႏိုက္တက္မွထြက္ခြာလာၿပီးေနာက္အသင္းလက္မဲ့ျဖစ္ေနသူျဖစ္ပါတယ္။

သူဟာယူႏိုက္တက္ႏွင့္အတူပရီးမီးယားလိဂ္ဖလား၅ႀကိမ္ႏွင့္ခ်န္ပီယံလိဂ္ဖလား၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ၿပီးေမာ္ရင္ဟို၊ဆိုးလ္ရွားတို႔ရဲ႕လက္ေအာက္တြင္လက္ေထာက္အျဖစ္တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

သူဟာႏိုဝင္ဘာလတုန္းကဆိုးလ္ရွားအထုတ္ခံရၿပီးေနာက္ယူႏိုက္တက္ယာယီနည္းျပအျဖစ္သုံးပြဲကိုင္တြယ္ခဲ့ရာမွာႏွစ္ပြဲအႏိုင္ရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။သူဟာေရးဖ္ရန္းနစ္ခ္ေရာက္လာခ်ိန္တြင္ယူႏိုက္တက္မွထြက္ခြာခဲ့ပါတယ္။