မစ်ဒယ်ဘရော့နည်းပြသစ်အဖြစ် ယူနိုက်တက်ဂန္ထဝင်မိုက်ကယ်ကာရစ်ခန့်အပ်ခံရ

ချန်ပီယံရှစ်တွင်ရုန်းကန်နေရတဲ့မစ်ဒယ်ဘရော့ဟာယူနိုက်တက်နှင့်အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်းမိုက်ကယ်ကာရစ်ကိုနည်းပြသစ်အဖြစ်ခန့်အပ်လာပါတယ်။

အသက်၄၁နှစ်ရှိမိုက်ကယ်ကာရစ်ဟာအိုလီဂန်းနားဆိုးလ်ရှားထုတ်ပယ်ခြင်းခံရပြီးနောက် ယူနိုက်တက်ကိုယာယီနည်းပြအဖြစ်သုံးပွဲကိုင်တွယ်ပြီးနောက် ထွက်ခွာလာခဲ့ပါတယ်။

မစ်ဒယ်ဘရော့ဟာခရစ်ဝိုင်ဒါကိုရာထူးမှထုတ်ပယ်လိုက်ပြီးနောက် လီယိုပီရိုဗစ်ချ်ကိုယာယီနည်းပြအဖြစ်ခန့်အပ်လာခဲ့ပါတယ်။

ကာရစ်ဟာမစ်ဒယ်ဘရော့အတွက်ပထမဆုံးပွဲစဉ်အဖြစ်စနေနေ့တွင် ပရက်စတန်နှင့်ပွဲစဉ်ကိုကိုင်တွယ်သွားရပါမယ်။

မိုက်ကယ်ကာရစ်ဟာမစ်ဒယ်ဘရော့နှင့်ပထမအကြိမ်ဆွေးနွေးတုန်းက အဆင်မပြေခဲ့ပေမဲ့ဒုတိယအကြိမ်ဆွေးနွေးချိန်မှာတော့အဆင်ပြေချောမွေ့ကာ နည်းပြလောကသို့ နည်းပြချုပ်အဖြစ်ပထမဆုံးအကြိမ်အဖြစ်ခြေလှမ်းလှမ်းလာခဲ့တာလည်းဖြစ်ပါတယ်။

ကာရစ်ဟာကစားသမားဘဝတုန်းကဝက်စ်ဟမ်း၊စပါးစ်တို့တွင်လည်းကစားခဲ့ဖူးကာယူနိုက်တက်တွင်၁၂နှစ်ကြာကစားစဉ်အတွင်း၄၆၃ပွဲကစားကာ ဆုဖလား၁၇လုံးဆွတ်ခူးခဲ့ပြီး၂၀၁၈ခုနှစ်တွင်ကစားသမားဘဝမှအနားယူခဲ့ပါတယ်။

သူဟာအင်္ဂလန်အတွက်၂၀၀၁မှ၂၀၁၅ခုနှစ်အတွင်း၃၄ပွဲကစားခဲ့ကာ၂၀၀၆နှင့်၂၀၁၀ကမ္ဘာ့ဖလားလူစာရင်းတွင်ပါဝင်ခဲ့ပါတယ်။

သူဟာကစားသမားဘဝမှအနားယူပြီးနောက် မော်ရင်ဟို၊ ဆိုးလ်ရှားတို့ရဲ့လက်အောက်တွင်လက်ထောက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူဟာဆိုးလ်ရှားထုတ်ပယ်ခြင်းခံရပြီးနောက်ယူနိုက်တက်ကိုယာယီနည်းပြအဖြစ် သုံးပွဲကိုင်တွယ်ခဲ့ရာတွင် ချန်ပီယံလိဂ်တွင်ဗီလာရီးရဲလ်ကိုလည်းကောင်း၊ ပရီးမီးယားလိဂ်တွင် အာဆင်နယ်ကိုလည်းကောင်း အနိုင်ရရှိခဲ့ပြီး ချဲလ်ဆီးနှင့်သရေကျခဲ့အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ZawGyi

မစ္ဒယ္ဘေရာ့နည္းျပသစ္အျဖစ္ ယူႏိုက္တက္ဂႏၴဝင္မိုက္ကယ္ကာရစ္ခန႔္အပ္ခံရ

ခ်န္ပီယံရွစ္တြင္႐ုန္းကန္ေနရတဲ့မစ္ဒယ္ဘေရာ့ဟာယူႏိုက္တက္ႏွင့္အဂၤလန္ကြင္းလယ္ကစားသမားေဟာင္းမိုက္ကယ္ကာရစ္ကိုနည္းျပသစ္အျဖစ္ခန႔္အပ္လာပါတယ္။

အသက္၄၁ႏွစ္ရွိမိုက္ကယ္ကာရစ္ဟာအိုလီဂန္းနားဆိုးလ္ရွားထုတ္ပယ္ျခင္းခံရၿပီးေနာက္ ယူႏိုက္တက္ကိုယာယီနည္းျပအျဖစ္သုံးပြဲကိုင္တြယ္ၿပီးေနာက္ ထြက္ခြာလာခဲ့ပါတယ္။

မစ္ဒယ္ဘေရာ့ဟာခရစ္ဝိုင္ဒါကိုရာထူးမွထုတ္ပယ္လိုက္ၿပီးေနာက္ လီယိုပီ႐ိုဗစ္ခ်္ကိုယာယီနည္းျပအျဖစ္ခန႔္အပ္လာခဲ့ပါတယ္။

ကာရစ္ဟာမစ္ဒယ္ဘေရာ့အတြက္ပထမဆုံးပြဲစဥ္အျဖစ္စေနေန႔တြင္ ပရက္စတန္ႏွင့္ပြဲစဥ္ကိုကိုင္တြယ္သြားရပါမယ္။

မိုက္ကယ္ကာရစ္ဟာမစ္ဒယ္ဘေရာ့ႏွင့္ပထမအႀကိမ္ေဆြးေႏြးတုန္းက အဆင္မေျပခဲ့ေပမဲ့ဒုတိယအႀကိမ္ေဆြးေႏြးခ်ိန္မွာေတာ့အဆင္ေျပေခ်ာေမြ႕ကာ နည္းျပေလာကသို႔ နည္းျပခ်ဳပ္အျဖစ္ပထမဆုံးအႀကိမ္အျဖစ္ေျခလွမ္းလွမ္းလာခဲ့တာလည္းျဖစ္ပါတယ္။

ကာရစ္ဟာကစားသမားဘဝတုန္းကဝက္စ္ဟမ္း၊စပါးစ္တို႔တြင္လည္းကစားခဲ့ဖူးကာယူႏိုက္တက္တြင္၁၂ႏွစ္ၾကာကစားစဥ္အတြင္း၄၆၃ပြဲကစားကာ ဆုဖလား၁၇လုံးဆြတ္ခူးခဲ့ၿပီး၂၀၁၈ခုႏွစ္တြင္ကစားသမားဘဝမွအနားယူခဲ့ပါတယ္။

သူဟာအဂၤလန္အတြက္၂၀၀၁မွ၂၀၁၅ခုႏွစ္အတြင္း၃၄ပြဲကစားခဲ့ကာ၂၀၀၆ႏွင့္၂၀၁၀ကမာၻ႔ဖလားလူစာရင္းတြင္ပါဝင္ခဲ့ပါတယ္။

သူဟာကစားသမားဘဝမွအနားယူၿပီးေနာက္ ေမာ္ရင္ဟို၊ ဆိုးလ္ရွားတို႔ရဲ႕လက္ေအာက္တြင္လက္ေထာက္နည္းျပအျဖစ္တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

သူဟာဆိုးလ္ရွားထုတ္ပယ္ျခင္းခံရၿပီးေနာက္ယူႏိုက္တက္ကိုယာယီနည္းျပအျဖစ္ သုံးပြဲကိုင္တြယ္ခဲ့ရာတြင္ ခ်န္ပီယံလိဂ္တြင္ဗီလာရီးရဲလ္ကိုလည္းေကာင္း၊ ပရီးမီးယားလိဂ္တြင္ အာဆင္နယ္ကိုလည္းေကာင္း အႏိုင္ရရွိခဲ့ၿပီး ခ်ဲလ္ဆီးႏွင့္သေရက်ခဲ့ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။