မည်သည့်ကလပ်နှင့် အဲဗာတန်ရင်ဆိုင်ရမည်ကိုပင် မသိဟု ပြောကြားခဲ့တဲ့ ရိုဒရီဂွက်ဇ် ဒေါသထွက်ခြင်းခံနေရ

အဲဗာတန်တွင်အနာဂတ်မရေမရာဖြစ်နေတဲ့ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကအဲဗာတန်အသင်းမှာလာမည့်ပွဲတွင်မည်သည့်ကလပ်နှင့်ရင်ဆိုင်ရမည်ကိုပင်မသိကြောင်းဝန်ခံပြောကြားလိုက်ပါတယ်။

အသက်၃၀နှစ်ရှိကိုလံဘီယာအသင်းခေါင်းဆောင်ဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကရီးရဲလ်မက်ဒရစ်မှအလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။သူဟာယခုနွေရာသီမှာနည်းပြကာလိုအန်ဆယ်လော့တီထွက်ခွာသွားပြီးရာဖေးလ်ဘင်နီတက်ဇ်ရောက်လာပြီးနောက်ကလပ်ရဲ့စီမံကိန်းတွင်မပါဝင်ကြောင်းပြောကြားခံထားရပါတယ်။

ရိုဒရီဂွက်ဇ်ဟာကိုဗစ်ကြောင့်ကွာရန်တင်းဝင်နေခဲ့ရမှုနဲ့အတူဆောက်သမ်တန်အားအနိုင်ရရှိတဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲအားလွဲချော်ခဲ့ပါတယ်။သူဟာလာမယ့်တနင်္လာနေ့မှမှစတင်လေ့ကျင့်ခန်းဆင်းနိုင်ပါမယ်။

အသက်၃၀နှစ်ရှိရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းက “လာမယ့်တနင်္လာနေ့မှာလေ့ကျင့်ခန်းဆင်းရပါမယ်။ယခုအပတ်ပွဲမှာကျွန်တော်ပါဝင်ဦးမှာမဟုတ်ပါဘူး။အဲဗာတန်အသင်း ဘယ်အသင်းနဲ့ရင်ဆိုင်ရမယ်ဆိုတာကိုတောင်မသိပါဘူး။မင်းငါ့ကိုပြောပြနိုင်လား။ကျွန်တော်ကအိမ်မှာဘဲနေနေရတော့ဝေးကွာနေတယ်”လို့ပြောကြားခဲ့ပါတယ်။

ယင်းနောက်ဂျိမ်းစ်ရိုဒရီဂွက်ဇ်က “အော်လိဒ်နဲ့ကစားရမှာပါ။အဝေးကွင်းမှာပါ။ဘီရဲလ်ဆာအသင်းနဲ့ရင်ဆိုင်ရမှာ။ခက်ခဲတဲ့ပွဲတစ်ပွဲပေါ့။ဘာဖြစ်လာမလဲကြည့်ရပါမယ်။သူတို့(အဲဗာတန်)အနိုင်ရဖို့မျှော်လင့်ပါတယ်။ဒီရာသီမှာပိုကောင်းလာမယ်လို့ယုံကြည်ခဲ့တယ်။ကျွန်တော့်အတွက်ကြီးမားတာတွေရောက်လာပါမယ်။အခုအချိန်ကနေဩဂုတ်လ၃၀အတွင်းမှာဘာမဆိုဖြစ်နိုင်ပါတယ်။ဘယ်မှာကစားရမယ်။ဘယ်ကိုသွားရမယ်ဆိုတာမသိပါဘူး”လို့ Twitch တိုက်ရိုက်ထုတ်လွှင့်မှုတွင်ပြောကြားသွားပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာဒဏ်ရာပြဿနာများကြောင့်ဖေဖော်ဝါရီနောက်ပိုင်းတွင်ငါးပွဲတည်းသာကစားနိုင်ခဲ့ပြီး၁ဂိုးတည်းသာသွင်းနိုင်ခဲ့ပါတယ်။

ZawGyi

မည္သည့္ကလပ္ႏွင့္ အဲဗာတန္ရင္ဆိုင္ရမည္ကိုပင္ မသိဟု ေျပာၾကားခဲ့တဲ့ ႐ိုဒရီဂြက္ဇ္ ေဒါသထြက္ျခင္းခံေနရ

အဲဗာတန္တြင္အနာဂတ္မေရမရာျဖစ္ေနတဲ့ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ကအဲဗာတန္အသင္းမွာလာမည့္ပြဲတြင္မည္သည့္ကလပ္ႏွင့္ရင္ဆိုင္ရမည္ကိုပင္မသိေၾကာင္းဝန္ခံေျပာၾကားလိုက္ပါတယ္။

အသက္၃၀ႏွစ္ရွိကိုလံဘီယာအသင္းေခါင္းေဆာင္ဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတုန္းကရီးရဲလ္မက္ဒရစ္မွအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေရာက္လာခဲ့သူျဖစ္ပါတယ္။သူဟာယခုေႏြရာသီမွာနည္းျပကာလိုအန္ဆယ္ေလာ့တီထြက္ခြာသြားၿပီးရာေဖးလ္ဘင္နီတက္ဇ္ေရာက္လာၿပီးေနာက္ကလပ္ရဲ႕စီမံကိန္းတြင္မပါဝင္ေၾကာင္းေျပာၾကားခံထားရပါတယ္။

႐ိုဒရီဂြက္ဇ္ဟာကိုဗစ္ေၾကာင့္ကြာရန္တင္းဝင္ေနခဲ့ရမႈနဲ႔အတူေဆာက္သမ္တန္အားအႏိုင္ရရွိတဲ့ပရီးမီးယားလိဂ္အဖြင့္ပြဲအားလြဲေခ်ာ္ခဲ့ပါတယ္။သူဟာလာမယ့္တနလၤာေန႔မွမွစတင္ေလ့က်င့္ခန္းဆင္းႏိုင္ပါမယ္။

အသက္၃၀ႏွစ္ရွိရီးရဲလ္မက္ဒရစ္ကစားသမားေဟာင္းက “လာမယ့္တနလၤာေန႔မွာေလ့က်င့္ခန္းဆင္းရပါမယ္။ယခုအပတ္ပြဲမွာကြၽန္ေတာ္ပါဝင္ဦးမွာမဟုတ္ပါဘူး။အဲဗာတန္အသင္း ဘယ္အသင္းနဲ႔ရင္ဆိုင္ရမယ္ဆိုတာကိုေတာင္မသိပါဘူး။မင္းငါ့ကိုေျပာျပႏိုင္လား။ကြၽန္ေတာ္ကအိမ္မွာဘဲေနေနရေတာ့ေဝးကြာေနတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ယင္းေနာက္ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္က “ေအာ္လိဒ္နဲ႔ကစားရမွာပါ။အေဝးကြင္းမွာပါ။ဘီရဲလ္ဆာအသင္းနဲ႔ရင္ဆိုင္ရမွာ။ခက္ခဲတဲ့ပြဲတစ္ပြဲေပါ့။ဘာျဖစ္လာမလဲၾကည့္ရပါမယ္။သူတို႔(အဲဗာတန္)အႏိုင္ရဖို႔ေမွ်ာ္လင့္ပါတယ္။ဒီရာသီမွာပိုေကာင္းလာမယ္လို႔ယုံၾကည္ခဲ့တယ္။ကြၽန္ေတာ့္အတြက္ႀကီးမားတာေတြေရာက္လာပါမယ္။အခုအခ်ိန္ကေနဩဂုတ္လ၃၀အတြင္းမွာဘာမဆိုျဖစ္ႏိုင္ပါတယ္။ဘယ္မွာကစားရမယ္။ဘယ္ကိုသြားရမယ္ဆိုတာမသိပါဘူး”လို႔ Twitch တိုက္႐ိုက္ထုတ္လႊင့္မႈတြင္ေျပာၾကားသြားပါတယ္။

ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ဟာဒဏ္ရာျပႆနာမ်ားေၾကာင့္ေဖေဖာ္ဝါရီေနာက္ပိုင္းတြင္ငါးပြဲတည္းသာကစားႏိုင္ခဲ့ၿပီး၁ဂိုးတည္းသာသြင္းႏိုင္ခဲ့ပါတယ္။