မည်သူ့ကိုမှ ပွဲကစားခွင့်ရရှိရေး အာမခံချက်မပေးနိုင်ဟု စတာလင်းကို ဂွါဒီယိုလာတုံ့ပြန်

ပက်ဂွါဒီယိုလာကမန်စီးတီးအသင်းမှမည်သည့်ကစားသမားမျှပွဲကစားခွင့်ရရှိရန်အာမခံချက်မရှိကြောင်းပြောကြားလိုက်ပါတယ်။ဂွါဒီယိုလာဟာပွဲကစားခွင့်ရရှိမှုနည်းပါးခြင်းကြောင့်အနာဂတ်ကိုစဉ်းစားနေကြောင်းရာဟမ်းစတာလင်းကဖွင့်ပြောကြားပြီးနောက်၂၄နာရီမပြည့်မီအချိန်တွင်ပင်ပြန်လည်တုံ့ပြန်လာခဲ့တာလည်းဖြစ်ပါတယ်။

အသက်၂၆နှစ်ရှိရာဟမ်းစတာလင်းဟာယခုရာသီတွင်ပရီးမီးယားလိဂ်ပွဲတစ်ပွဲတည်းသာပွဲထွက်ကစားခွင့်ရရှိထားသူဖြစ်ပြီးပွဲကစားခွင့်အာမခံချက်ရှိမယ့်ကလပ်တစ်ခုသို့ပြောင်းရန်တံခါးဖွင့်ထားကြောင်းပြောကြားခဲ့ပါတယ်။

ဒါပေမယ့်စပိန်လူမျိုးနည်းပြကတော့မည်သည့်မန်စီးတီးကစားသမားမျှပွဲကစားချိန်နှင့်ပတ်သက်ပြီးအာမခံချက်မရှိကြောင်းဆိုသွားပါတယ်။

ဂွါဒီယိုလာက “ကစားသမားတွေကအချိန်တိုင်းကစားချင်ကြပါတယ်။ဒါပေမယ့်ကျွန်တော့်ဘက်ကတော့သူတို့ကိုအာမခံချက်မပေးနိုင်ပါဘူး။ကစားသမားတိုင်းအချိန်မိနစ်ဘယ်လောက်ကစားခွင့်ရမယ်လို့လည်းအာမခံချက်မပေးနိုင်ပါဘူး။ကွင်းထဲမှာရှိတဲ့အချိန်ကဘဲအဖြေပါ။ရာဟမ်းစတာလင်းသာမဟုတ်ပါဘူး။အားလုံးနဲ့ပါပဲ။ကျွန်တော်ကကစားသမား၁၁ဦးတည်းကိုဘဲသုံးတတ်တဲ့သူမဟုတ်ပါဘူး။အားလုံးကအစီအစဉ်ထဲမှာပါဝင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ရာဟမ်းစတာလင်းဟာမန်စီးတီးနှင့်၁၈လစာချုပ်သက်တမ်းသာကျန်တော့သူဖြစ်ပါတယ်။စတာလင်းဟာပွဲကစားခွင့်အနည်းငယ်သာရရှိမှုနဲ့အတူစာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုကိုရပ်ဆိုင်းထားပါတယ်။

ZawGyi

မည္သူ႔ကိုမွ ပြဲကစားခြင့္ရရွိေရး အာမခံခ်က္မေပးႏိုင္ဟု စတာလင္းကို ဂြါဒီယိုလာတုံ႔ျပန္

ပက္ဂြါဒီယိုလာကမန္စီးတီးအသင္းမွမည္သည့္ကစားသမားမွ်ပြဲကစားခြင့္ရရွိရန္အာမခံခ်က္မရွိေၾကာင္းေျပာၾကားလိုက္ပါတယ္။ဂြါဒီယိုလာဟာပြဲကစားခြင့္ရရွိမႈနည္းပါးျခင္းေၾကာင့္အနာဂတ္ကိုစဥ္းစားေနေၾကာင္းရာဟမ္းစတာလင္းကဖြင့္ေျပာၾကားၿပီးေနာက္၂၄နာရီမျပည့္မီအခ်ိန္တြင္ပင္ျပန္လည္တုံ႔ျပန္လာခဲ့တာလည္းျဖစ္ပါတယ္။

အသက္၂၆ႏွစ္ရွိရာဟမ္းစတာလင္းဟာယခုရာသီတြင္ပရီးမီးယားလိဂ္ပြဲတစ္ပြဲတည္းသာပြဲထြက္ကစားခြင့္ရရွိထားသူျဖစ္ၿပီးပြဲကစားခြင့္အာမခံခ်က္ရွိမယ့္ကလပ္တစ္ခုသို႔ေျပာင္းရန္တံခါးဖြင့္ထားေၾကာင္းေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္စပိန္လူမ်ိဳးနည္းျပကေတာ့မည္သည့္မန္စီးတီးကစားသမားမွ်ပြဲကစားခ်ိန္ႏွင့္ပတ္သက္ၿပီးအာမခံခ်က္မရွိေၾကာင္းဆိုသြားပါတယ္။

ဂြါဒီယိုလာက “ကစားသမားေတြကအခ်ိန္တိုင္းကစားခ်င္ၾကပါတယ္။ဒါေပမယ့္ကြၽန္ေတာ့္ဘက္ကေတာ့သူတို႔ကိုအာမခံခ်က္မေပးႏိုင္ပါဘူး။ကစားသမားတိုင္းအခ်ိန္မိနစ္ဘယ္ေလာက္ကစားခြင့္ရမယ္လို႔လည္းအာမခံခ်က္မေပးႏိုင္ပါဘူး။ကြင္းထဲမွာရွိတဲ့အခ်ိန္ကဘဲအေျဖပါ။ရာဟမ္းစတာလင္းသာမဟုတ္ပါဘူး။အားလုံးနဲ႔ပါပဲ။ကြၽန္ေတာ္ကကစားသမား၁၁ဦးတည္းကိုဘဲသုံးတတ္တဲ့သူမဟုတ္ပါဘူး။အားလုံးကအစီအစဥ္ထဲမွာပါဝင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ရာဟမ္းစတာလင္းဟာမန္စီးတီးႏွင့္၁၈လစာခ်ဳပ္သက္တမ္းသာက်န္ေတာ့သူျဖစ္ပါတယ္။စတာလင္းဟာပြဲကစားခြင့္အနည္းငယ္သာရရွိမႈနဲ႔အတူစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈကိုရပ္ဆိုင္းထားပါတယ္။