မတ်ခ်နိုဘယ်အား လူစားဝင်စေပြီး ပင်နယ်တီကန်စေမှုအတွက် မိုယက်စ်နောင်တမရ

ဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်ကမတ်နိုဘယ်အားလူစားဝင်ရောက်စေပြီးနောက်ကျပင်နယ်တီကန်စေမှုကြောင့်ရမှတ်တစ်မှတ်ဆုံးရှုံးခဲ့ရမှုအပေါ်နောင်တမရကြောင်းပြောကြားလိုက်ပါတယ်။

ဒေးဗစ်မိုယက်စ်ဟာမနေ့ညတုန်းကမန်ယူအား၂-၁ဂိုးဖြင့်ရှုံးနိမ့်နေစဉ်ပွဲပြီးခါနီးမှာပင်နယ်တီရရှိစဉ် မတ်နိုဘယ်အား လူစားဝင်ရောက်စေပြီးပင်နယ်တီကန်စေခဲ့ပါတယ်။

မတ်နိုဘယ်ဟာလူစားဝင်ရောက်ပြီးနောက်ဘောလုံးကိုတစ်ချက်မှမထိရသေးဘဲ ပင်နယ်တီကိုစတင်ကန်ခဲ့ရတာဖြစ်ပါတယ်။မတ်နိုဘယ်ရဲ့ပင်နယ်တီကန်ချက်ကိုဒေးဗစ်ဒီဂီယာကကာကွယ်မှုပြုလုပ်သွားမှုနဲ့အတူဝက်စ်ဟမ်းဟာ၂-၁ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ဒေးဗစ်ဒီဂီယာဟာ၂၀၁၆ခုနှစ်နောက်ပိုင်းတွင်ပင်နယ်တီအကြိမ်၄၀တိတိမကာကွယ်နိုင်ခဲ့ပြီးနောက်ပထမဆုံးအကြိမ်အဖြစ်ပင်နယ်တီကာကွယ်မှုပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်ဒေးဗစ်မိုယက်စ်က “နောင်တရလားဆိုတော့မရပါဘူး။မတ်နိုဘယ်ကကျွန်တော်တို့ရဲ့အကောင်းဆုံးပင်နယ်တီကန်သူတွေထဲကတစ်ဦးပါ။ပင်နယ်တီကန်ဖို့ရွေးဖို့အချိန်ရှိခဲ့တယ်။ဆုံးဖြတ်ချက်ချဖို့အချိန်ရှိခဲ့တယ်။ကျွန်တော့်ရွေးချယ်မှု၊ကျွန်တော့်ဆုံးဖြတ်ချက်ပါ။ဒီလိုပဲစီမံခန့်ခွဲရပါတယ်။ကြီးမားတဲ့ဆုံးဖြတ်ချက်ချရတယ်။တစ်ခါတစ်လေအလုပ်ဖြစ်တယ်။မဖြစ်တာလည်းရှိတယ်။ဒီဆုံးဖြတ်ချက်ကိုမချဘူးဆိုရင်ကျွန်တော်ပိုပြီးတော့စိတ်ပျက်မိပါဦးမယ်။သူ့မှတ်တမ်းကိုကြည့်လိုက်ရင်သူကပင်နယ်တီကန်တာအကောင်းဆုံးဆိုတာကျွန်တော်တွေးမိခဲ့လို့ပါ”လို့ပြောကြားခဲ့ပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားကလည်းမတ်နိုဘယ်မှာပင်နယ်တီကန်ကောင်းတစ်ဦးဖြစ်သောကြောင့်ရမှတ်နှစ်မှတ်ဆုံးရှုံးရပြီဟုပင်ယုံကြည်ခဲ့မိကြောင်းဝန်ခံသွားပါတယ်။

အဆိုပါပွဲစဉ်တွင်ဝက်စ်ဟမ်းဟာဘင်ရာမာရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုကမန်ယူအတွက်ချေပဂိုးသွင်းခဲ့ပါတယ်။ဒါပေမယ့်ပွဲချိန်၈၈မိနစ်မှာလင်ဂတ်ကမန်ယူအတွက်ဦးဆောင်ဂိုးသွင်းပြီးနောက်နာကျင်အချိန်ပိုမှာဝက်စ်ဟမ်းတို့ပင်နယ်တီရခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်နိုဘယ်ရဲ့ကန်ချက်ကိုဒီဂီယာကကာကွယ်သွားခဲ့လို့ဝက်စ်ဟမ်းဟာအိမ်ကွင်းမှာအမှတ်မရခဲ့ပါဘူး။

ZawGyi

မတ္ခ္ႏိုဘယ္အား လူစားဝင္ေစၿပီး ပင္နယ္တီကန္ေစမႈအတြက္ မိုယက္စ္ေနာင္တမရ

ဝက္စ္ဟမ္းနည္းျပေဒးဗစ္မိုယက္စ္ကမတ္ႏိုဘယ္အားလူစားဝင္ေရာက္ေစၿပီးေနာက္က်ပင္နယ္တီကန္ေစမႈေၾကာင့္ရမွတ္တစ္မွတ္ဆုံးရႈံးခဲ့ရမႈအေပၚေနာင္တမရေၾကာင္းေျပာၾကားလိုက္ပါတယ္။

ေဒးဗစ္မိုယက္စ္ဟာမေန႔ညတုန္းကမန္ယူအား၂-၁ဂိုးျဖင့္ရႈံးနိမ့္ေနစဥ္ပြဲၿပီးခါနီးမွာပင္နယ္တီရရွိစဥ္ မတ္ႏိုဘယ္အား လူစားဝင္ေရာက္ေစၿပီးပင္နယ္တီကန္ေစခဲ့ပါတယ္။

မတ္ႏိုဘယ္ဟာလူစားဝင္ေရာက္ၿပီးေနာက္ေဘာလုံးကိုတစ္ခ်က္မွမထိရေသးဘဲ ပင္နယ္တီကိုစတင္ကန္ခဲ့ရတာျဖစ္ပါတယ္။မတ္ႏိုဘယ္ရဲ႕ပင္နယ္တီကန္ခ်က္ကိုေဒးဗစ္ဒီဂီယာကကာကြယ္မႈျပဳလုပ္သြားမႈနဲ႔အတူဝက္စ္ဟမ္းဟာ၂-၁ျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ေဒးဗစ္ဒီဂီယာဟာ၂၀၁၆ခုႏွစ္ေနာက္ပိုင္းတြင္ပင္နယ္တီအႀကိမ္၄၀တိတိမကာကြယ္ႏိုင္ခဲ့ၿပီးေနာက္ပထမဆုံးအႀကိမ္အျဖစ္ပင္နယ္တီကာကြယ္မႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ေဒးဗစ္မိုယက္စ္က “ေနာင္တရလားဆိုေတာ့မရပါဘူး။မတ္ႏိုဘယ္ကကြၽန္ေတာ္တို႔ရဲ႕အေကာင္းဆုံးပင္နယ္တီကန္သူေတြထဲကတစ္ဦးပါ။ပင္နယ္တီကန္ဖို႔ေ႐ြးဖို႔အခ်ိန္ရွိခဲ့တယ္။ဆုံးျဖတ္ခ်က္ခ်ဖို႔အခ်ိန္ရွိခဲ့တယ္။ကြၽန္ေတာ့္ေ႐ြးခ်ယ္မႈ၊ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္ပါ။ဒီလိုပဲစီမံခန႔္ခြဲရပါတယ္။ႀကီးမားတဲ့ဆုံးျဖတ္ခ်က္ခ်ရတယ္။တစ္ခါတစ္ေလအလုပ္ျဖစ္တယ္။မျဖစ္တာလည္းရွိတယ္။ဒီဆုံးျဖတ္ခ်က္ကိုမခ်ဘူးဆိုရင္ကြၽန္ေတာ္ပိုၿပီးေတာ့စိတ္ပ်က္မိပါဦးမယ္။သူ႔မွတ္တမ္းကိုၾကည့္လိုက္ရင္သူကပင္နယ္တီကန္တာအေကာင္းဆုံးဆိုတာကြၽန္ေတာ္ေတြးမိခဲ့လို႔ပါ”လို႔ေျပာၾကားခဲ့ပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားကလည္းမတ္ႏိုဘယ္မွာပင္နယ္တီကန္ေကာင္းတစ္ဦးျဖစ္ေသာေၾကာင့္ရမွတ္ႏွစ္မွတ္ဆုံးရႈံးရၿပီဟုပင္ယုံၾကည္ခဲ့မိေၾကာင္းဝန္ခံသြားပါတယ္။

အဆိုပါပြဲစဥ္တြင္ဝက္စ္ဟမ္းဟာဘင္ရာမာရဲ႕ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုကမန္ယူအတြက္ေခ်ပဂိုးသြင္းခဲ့ပါတယ္။ဒါေပမယ့္ပြဲခ်ိန္၈၈မိနစ္မွာလင္ဂတ္ကမန္ယူအတြက္ဦးေဆာင္ဂိုးသြင္းၿပီးေနာက္နာက်င္အခ်ိန္ပိုမွာဝက္စ္ဟမ္းတို႔ပင္နယ္တီရခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ႏိုဘယ္ရဲ႕ကန္ခ်က္ကိုဒီဂီယာကကာကြယ္သြားခဲ့လို႔ဝက္စ္ဟမ္းဟာအိမ္ကြင္းမွာအမွတ္မရခဲ့ပါဘူး။