မတ်လနောက်ဆုံးထားပြီး အနာဂတ်ကို ဆုံးဖြတ်ရန် ရာမို့စ်ကို ရီးရဲလ်မက်ဒရစ်ပြောကြား

ရီးရဲလ်မက်ဒရစ်ဟာအသင်းခေါင်းဆောင်ဆာဂျီယိုရာမို့စ်ရဲ့အနာဂတ်ဆုံးဖြတ်ချက်အားစောင့်ဆိုင်းမှုအပေါ် စိတ်မရှည်နိုင်အောင်ဖြစ်နေပြီဖြစ်ပြီးမတ်လနောက်ဆုံးထားဆုံးဖြတ်ရန်အကြောင်းကြားလိုက်ပြီဖြစ်ကြောင်း Mundo Deportivo သတင်းစာကဖော်ပြလာပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်ရာမို့စ်အားလက်ရှိလုပ်ခထက်၁၀ ရာခိုင်နှုန်းလျှော့ပြီးကမ်းလှမ်းထားပါတယ်။ဒါပေမယ့်ရီးရဲလ်မက်ဒရစ်ဟာသူတို့ရဲ့အသက်၃၀နှစ်အထက် ကစားသမားများကိုတစ်နှစ်စာချုပ်သက်တမ်းတိုးရန်သာကမ်းလှမ်းတဲ့အချက်ကိုချိုးဖောက်ကာရာမို့စ်အား၂နှစ်စာချုပ်သစ်ကမ်းလှမ်းထားတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာယင်းကမ်းလှမ်းချက်အားနောက်ဆုံးကမ်းလှမ်းချက်အဖြစ်သတ်မှတ်ထားပြီးထားပါတယ်။ရီးရဲလ်မက်ဒရစ်ဟာရာမို့စ်ရဲ့အနာဂတ်အတိအကျပြီးပါကနောက်ခံလူအစားထိုးခေါ်ယူရေးကိုအလျှင်အမြန်ပြုလုပ်သွား မှာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာဘိုင်ယန်မြူးနစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်ဩစတြီးယားနောက်ခံလူဒေးဗစ်အလာဘာအားခေါ်ယူနိုင်ရေးကြိုးပမ်းနေပါတယ်။

ZawGyi

မတ္လေနာက္ဆုံးထားၿပီး အနာဂတ္ကို ဆုံးျဖတ္ရန္ ရာမို႔စ္ကို ရီးရဲလ္မက္ဒရစ္ေျပာၾကား

ရီးရဲလ္မက္ဒရစ္ဟာအသင္းေခါင္းေဆာင္ဆာဂ်ီယိုရာမို႔စ္ရဲ႕အနာဂတ္ဆုံးျဖတ္ခ်က္အားေစာင့္ဆိုင္းမႈအေပၚ စိတ္မရွည္ႏိုင္ေအာင္ျဖစ္ေနၿပီျဖစ္ၿပီးမတ္လေနာက္ဆုံးထားဆုံးျဖတ္ရန္အေၾကာင္းၾကားလိုက္ၿပီျဖစ္ေၾကာင္း Mundo Deportivo သတင္းစာကေဖာ္ျပလာပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာယခုရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ရာမို႔စ္အားလက္ရွိလုပ္ခထက္၁၀ ရာခိုင္ႏႈန္းေလွ်ာ့ၿပီးကမ္းလွမ္းထားပါတယ္။ဒါေပမယ့္ရီးရဲလ္မက္ဒရစ္ဟာသူတို႔ရဲ႕အသက္၃၀ႏွစ္အထက္ ကစားသမားမ်ားကိုတစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးရန္သာကမ္းလွမ္းတဲ့အခ်က္ကိုခ်ိဳးေဖာက္ကာရာမို႔စ္အား၂ႏွစ္စာခ်ဳပ္သစ္ကမ္းလွမ္းထားတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာယင္းကမ္းလွမ္းခ်က္အားေနာက္ဆုံးကမ္းလွမ္းခ်က္အျဖစ္သတ္မွတ္ထားၿပီးထားပါတယ္။ရီးရဲလ္မက္ဒရစ္ဟာရာမို႔စ္ရဲ႕အနာဂတ္အတိအက်ၿပီးပါကေနာက္ခံလူအစားထိုးေခၚယူေရးကိုအလွ်င္အျမန္ျပဳလုပ္သြား မွာလည္းျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာဘိုင္ယန္ျမဴးနစ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ဩစႀတီးယားေနာက္ခံလူေဒးဗစ္အလာဘာအားေခၚယူႏိုင္ေရးႀကိဳးပမ္းေနပါတယ္။