မတ်လမကုန်မီ ယူနိုက်တက်ကို အပြီးရောင်းလိုပေပေမဲ့ ပေါင် ၇ ဘီလီယံတောင်းဆိုမှုကြောင့် ရောင်းချရေး ခက်ခဲနေတဲ့ ဂလေဇာမိသားစု

ဂလေဇာမိသားစုဟာမန်ချက်စတာယူနိုက်တက်အားရောင်းချရေးကိုမတ်လအကုန်တွင်အပြီးသတ်လုပ်ဆောင်နိုင်ရန်မျှော်လင့်နေကြောင်းသိရပါတယ်။

ဂျိုယေးနှင့်အေဗရမ်ဂလေဇာတို့ဟာပြီးခဲ့တဲ့လနှောင်းပိုင်းတုန်းကညီအစ်ကိုမောင်နှများကအမွေတောင်းဆိုလာမှုနှင့်အတူယူနိုက်တက်ကိုအရောင်းစာရင်းတင်ခဲ့ပါတယ်။

ဂလေဇာမိသားစုရဲ့ယူနိုက်တက်ကိုရောင်းချရေးအတွက် ရင်းနှီးမြှပ်နှံရေးကုမ္ပဏီ The Raine Groupကတာဝန်ယူလုပ်ဆောင်နေပြီးယူနိုက်တက်ကိုတန်ဖိုးပေါင်၇ဘီလီယံအထိသတ်မှတ်ထားပါတယ်။

ယူနိုက်တက်ရဲ့ရှယ်ယာဈေးနှုန်းမှာလည်းကလပ်ကိုရောင်းမယ်လို့သတင်းထွက်လာပြီးနောက်ပေါင်၁၀.၆၁မှပေါင်၁၆.၂၈သို့အထိမြှင့်တက်လာနေပါတယ်။

လက်ရှိအချိန်တွင်ယူနိုက်တက်ကိုဝယ်ယူရန်လီဗာပူးပရိသတ်ဒူဘိုင်းဘုရင်စိတ်ဝင်စားနေသလို ကမ္ဘာ့တန်ဖိုးအကြီးမားဆုံးကုမ္ပဏီများစာရင်းဝင် Amazon နှင့်Appleတို့ကလည်းစိတ်ဝင်စားနေပါတယ်။ဒါ့အပြင်အိန္ဒိယဘီလျှံနာမူကက်ရှ်အမ်ဘာနီနှင့်ဗြိတိန်ဘီလျှံနာဆာဂျမ်ရက်ကလစ်ဖ်တို့ကလည်းစိတ်ဝင်စားနေပါတယ်။

ဒါပေမဲ့ဂလေဇာမိသားစုကယူနိုက်တက်ကိုပေါင်၇ဘီလီယံအထိသတ်မှတ်လာမှုနှင့်အတူလက်ဝယ်လက်များကအလွန်များပြားနေတယ်လို့ယူဆနေပါတယ်။ဒါကြောင့်လည်းဂလေဇာမိသားစုအနေဖြင့်ယူနိုက်တက်ကိုပေါင်၇ဘီလီယံဖြင့်ရောင်းချမည်ဆိုပါကမတ်လအကုန်တွင်ရောင်းချနိုင်ဖို့မရှိလာပါဘူး။

ZawGyi

မတ္လမကုန္မီ ယူႏိုက္တက္ကို အၿပီးေရာင္းလိုေပေပမဲ့ ေပါင္ ၇ ဘီလီယံေတာင္းဆိုမႈေၾကာင့္ ေရာင္းခ်ေရး ခက္ခဲေနတဲ့ ဂေလဇာမိသားစု

ဂေလဇာမိသားစုဟာမန္ခ်က္စတာယူႏိုက္တက္အားေရာင္းခ်ေရးကိုမတ္လအကုန္တြင္အၿပီးသတ္လုပ္ေဆာင္ႏိုင္ရန္ေမွ်ာ္လင့္ေနေၾကာင္းသိရပါတယ္။

ဂ်ိဳေယးႏွင့္ေအဗရမ္ဂေလဇာတို႔ဟာၿပီးခဲ့တဲ့လေႏွာင္းပိုင္းတုန္းကညီအစ္ကိုေမာင္ႏွမ်ားကအေမြေတာင္းဆိုလာမႈႏွင့္အတူယူႏိုက္တက္ကိုအေရာင္းစာရင္းတင္ခဲ့ပါတယ္။

ဂေလဇာမိသားစုရဲ႕ယူႏိုက္တက္ကိုေရာင္းခ်ေရးအတြက္ ရင္းႏွီးျမႇပ္ႏွံေရးကုမၸဏီ The Raine Groupကတာဝန္ယူလုပ္ေဆာင္ေနၿပီးယူႏိုက္တက္ကိုတန္ဖိုးေပါင္၇ဘီလီယံအထိသတ္မွတ္ထားပါတယ္။

ယူႏိုက္တက္ရဲ႕ရွယ္ယာေဈးႏႈန္းမွာလည္းကလပ္ကိုေရာင္းမယ္လို႔သတင္းထြက္လာၿပီးေနာက္ေပါင္၁၀.၆၁မွေပါင္၁၆.၂၈သို႔အထိျမႇင့္တက္လာေနပါတယ္။

လက္ရွိအခ်ိန္တြင္ယူႏိုက္တက္ကိုဝယ္ယူရန္လီဗာပူးပရိသတ္ဒူဘိုင္းဘုရင္စိတ္ဝင္စားေနသလို ကမာၻ႔တန္ဖိုးအႀကီးမားဆုံးကုမၸဏီမ်ားစာရင္းဝင္ Amazon ႏွင့္Appleတို႔ကလည္းစိတ္ဝင္စားေနပါတယ္။ဒါ့အျပင္အိႏၵိယဘီလွ်ံနာမူကက္ရွ္အမ္ဘာနီႏွင့္ၿဗိတိန္ဘီလွ်ံနာဆာဂ်မ္ရက္ကလစ္ဖ္တို႔ကလည္းစိတ္ဝင္စားေနပါတယ္။

ဒါေပမဲ့ဂေလဇာမိသားစုကယူႏိုက္တက္ကိုေပါင္၇ဘီလီယံအထိသတ္မွတ္လာမႈႏွင့္အတူလက္ဝယ္လက္မ်ားကအလြန္မ်ားျပားေနတယ္လို႔ယူဆေနပါတယ္။ဒါေၾကာင့္လည္းဂေလဇာမိသားစုအေနျဖင့္ယူႏိုက္တက္ကိုေပါင္၇ဘီလီယံျဖင့္ေရာင္းခ်မည္ဆိုပါကမတ္လအကုန္တြင္ေရာင္းခ်ႏိုင္ဖို႔မရွိလာပါဘူး။