မနက်ဖြန်တွင် ဇာဗီးကို ဘာကာနည်းပြအဖြစ် ခန့်အပ်သွားမည်ဖြစ်ပြီး ကတ်တလန်ဒါဘီပွဲတွင် စတင်ကိုင်တွယ်သွားမည်

ဘာစီလိုနာဟာမနက်ဖြန်ကြာသပတေးနေ့မှာဇာဗီးဟာနန်ဒက်ဇ်ကိုနည်းပြသစ်အဖြစ်ခန့်အပ်သွားမယ်လို့မျှော်လင့်ရပါတယ်။ဒါပေမယ့်ဘာစီလိုနာပရိသတ်များအနေဖြင့်ဇာဗီးကိုဘာစီလိုနာနည်းပြထိုင်ခိုင်တွင်မြင်တွေ့ရဖို့ နိုင်ငံတကာပွဲစဉ်များအပြီးအထိစောင့်ဆိုင်းရပါမယ်။

ဇာဗီးဟာယနေ့မှာအယ်လ်ဆတ်အတွက်နောက်ဆုံးပွဲအဖြစ်ကိုင်တွယ်သွားမှာဖြစ်ပြီးကြာသပတေးနေ့မှာဘာစီလိုနာသို့ရောက်လာပါမယ်။ဒါပေမယ့်ဘာစီလိုနာဟာယာယီနည်းပြဆာဂျီဘာဟွမ်ကိုစနေနေ့ဆဲလ်တာဗီဂိုနှင့်လာလီဂါအဝေးကွင်းပွဲစဉ်ကိုဆက်လက်ကိုင်တွယ်စေပါမယ်။

ဇာဗီးဟာနိုင်ငံတကာပွဲအပြီးနိုဝင်ဘာလ၁၈ရက်နေ့မှာကစားရမယ့်အက်စ်ပန်ညိုနှင့်ကတ်တလန်ဒါဘီပွဲတွင်ပထမဆုံးအိမ်ကွင်းပွဲအဖြစ်ကိုင်တွယ်သွားမှာဖြစ်ပြီးပြင်ဆင်ချိန်၂ပတ်အထိရယူသွားပါမယ်။

ဇာဗီးကိုဘာစီလိုနာနည်းပြအဖြစ်ခန့်အပ်ရန်ကလပ်ရဲ့စီစဉ်နေမှုအပေါ်သံသယဝင်နေတဲ့သူများလည်းရှိနေပါတယ်။ဘာစီလိုနာဂန္ထဝင်တိုက်စစ်မှူးစတွိုက်ကော့ဗ်ကယခုကဲ့သို့အခက်အခဲများနှင့်ရင်ဆိုင်နေရချိန်တွင်ဇာဗီးကဲ့သို့ငယ်ရွယ်တဲ့နည်းပြကိုခန့်အပ်မှုမှာမှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်လာနိုင်ကြောင်းထောက်ပြနေပါတယ်။

စတွိုက်ကော့ဗ်က “လွန်ခဲ့တဲ့လေးလတုန်းကဂျိုဟန်(လာပေါ်တာ)ကဇာဗီးကငယ်ရွယ်သေးတယ်လို့ပြောခဲ့တယ်။ပြောရမယ်ဆိုရင်ပြင်ဆင်မှုမကောင်းသေးဘူးပေါ့။အတွေ့အကြုံအများကြီးလိုသေးတယ်ပေါ့။နောက်တော့သူအိပ်ယာကထလာတယ်။ဇာဗီးကကလပ်အတွက်အကောင်းဆုံးသူလို့ပြောလာပြန်တယ်။နောက်ထပ်ဂန္ထဝင်တစ်ဦးနောက်ပေါက်ကပြန်ထည့်ရမယ့်ကိန်းမျိုးဖြစ်လာမှာလား”လို့ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာဟာ၂၀၀၉ခုနှစ်တုန်းကလည်းဇာဗီးကဲ့သို့ပင်အတွေ့အကြုံနည်းပါးတဲ့(ခ)အသင်းနည်းပြဂွါဒီယိုလာကိုပထမအသင်းနည်းပြအဖြစ်ခန့်အပ်ခဲ့ရာခေတ်တစ်ခေတ်တည်ထောင်နိုင်ခဲ့ပါတယ်။

ဂွါဒီယိုလာကိုယ်တိုင်ကတော့ဇာဗီးမှာသူဘာစီလိုနာကိုကိုင်တွယ်တုန်းကအချိန်တုန်းကထက်အတွေ့အကြုံပိုမိုများပြားကြောင်းဆိုထားပါတယ်။

ဒါပေမယ့်စတွိုက်ကော့ဗ်က “ပက်ဂွါဒီယိုလာမှာဂျိုဟန်ခရိုက်ဖ်၊ဘီဂီရက်စ်တိန်နဲ့(ရိုမန်)အလီဇန်ကိုတို့ရှိနေတယ်။သူအနေနဲ့သူတို့တတွေနဲ့နေ့တိုင်းစကားပြောနိုင်တယ်။အခုဇာဗီးကဘယ်သူတွေနဲ့စကားပြောမလဲ။သူ့ကိုဘယ်သူတွေကကောအကြံဉာဏ်ပေးမလဲ။ပထမစရောက်တဲ့နေ့ကတည်းက အနုတ်လက္ခဏာပြတာအများကြီးပါ။ဘာစီလိုနာပရိသတ်တစ်ယောက်အနေနဲ့တော့သူအောင်မြင်မှုရဖို့တော့မျှော်လင့်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

မနက္ျဖန္တြင္ ဇာဗီးကို ဘာကာနည္းျပအျဖစ္ ခန႔္အပ္သြားမည္ျဖစ္ၿပီး ကတ္တလန္ဒါဘီပြဲတြင္ စတင္ကိုင္တြယ္သြားမည္

ဘာစီလိုနာဟာမနက္ျဖန္ၾကာသပေတးေန႔မွာဇာဗီးဟာနန္ဒက္ဇ္ကိုနည္းျပသစ္အျဖစ္ခန႔္အပ္သြားမယ္လို႔ေမွ်ာ္လင့္ရပါတယ္။ဒါေပမယ့္ဘာစီလိုနာပရိသတ္မ်ားအေနျဖင့္ဇာဗီးကိုဘာစီလိုနာနည္းျပထိုင္ခိုင္တြင္ျမင္ေတြ႕ရဖို႔ ႏိုင္ငံတကာပြဲစဥ္မ်ားအၿပီးအထိေစာင့္ဆိုင္းရပါမယ္။

ဇာဗီးဟာယေန႔မွာအယ္လ္ဆတ္အတြက္ေနာက္ဆုံးပြဲအျဖစ္ကိုင္တြယ္သြားမွာျဖစ္ၿပီးၾကာသပေတးေန႔မွာဘာစီလိုနာသို႔ေရာက္လာပါမယ္။ဒါေပမယ့္ဘာစီလိုနာဟာယာယီနည္းျပဆာဂ်ီဘာဟြမ္ကိုစေနေန႔ဆဲလ္တာဗီဂိုႏွင့္လာလီဂါအေဝးကြင္းပြဲစဥ္ကိုဆက္လက္ကိုင္တြယ္ေစပါမယ္။

ဇာဗီးဟာႏိုင္ငံတကာပြဲအၿပီးႏိုဝင္ဘာလ၁၈ရက္ေန႔မွာကစားရမယ့္အက္စ္ပန္ညိဳႏွင့္ကတ္တလန္ဒါဘီပြဲတြင္ပထမဆုံးအိမ္ကြင္းပြဲအျဖစ္ကိုင္တြယ္သြားမွာျဖစ္ၿပီးျပင္ဆင္ခ်ိန္၂ပတ္အထိရယူသြားပါမယ္။

ဇာဗီးကိုဘာစီလိုနာနည္းျပအျဖစ္ခန႔္အပ္ရန္ကလပ္ရဲ႕စီစဥ္ေနမႈအေပၚသံသယဝင္ေနတဲ့သူမ်ားလည္းရွိေနပါတယ္။ဘာစီလိုနာဂႏၴဝင္တိုက္စစ္မႉးစတြိဳက္ေကာ့ဗ္ကယခုကဲ့သို႔အခက္အခဲမ်ားႏွင့္ရင္ဆိုင္ေနရခ်ိန္တြင္ဇာဗီးကဲ့သို႔ငယ္႐ြယ္တဲ့နည္းျပကိုခန႔္အပ္မႈမွာမွားယြင္းတဲ့ဆုံးျဖတ္ခ်က္တစ္ခုျဖစ္လာႏိုင္ေၾကာင္းေထာက္ျပေနပါတယ္။

စတြိဳက္ေကာ့ဗ္က “လြန္ခဲ့တဲ့ေလးလတုန္းကဂ်ိဳဟန္(လာေပၚတာ)ကဇာဗီးကငယ္႐ြယ္ေသးတယ္လို႔ေျပာခဲ့တယ္။ေျပာရမယ္ဆိုရင္ျပင္ဆင္မႈမေကာင္းေသးဘူးေပါ့။အေတြ႕အႀကဳံအမ်ားႀကီးလိုေသးတယ္ေပါ့။ေနာက္ေတာ့သူအိပ္ယာကထလာတယ္။ဇာဗီးကကလပ္အတြက္အေကာင္းဆုံးသူလို႔ေျပာလာျပန္တယ္။ေနာက္ထပ္ဂႏၴဝင္တစ္ဦးေနာက္ေပါက္ကျပန္ထည့္ရမယ့္ကိန္းမ်ိဳးျဖစ္လာမွာလား”လို႔ေျပာၾကားခဲ့ပါတယ္။

ဘာစီလိုနာဟာ၂၀၀၉ခုႏွစ္တုန္းကလည္းဇာဗီးကဲ့သို႔ပင္အေတြ႕အႀကဳံနည္းပါးတဲ့(ခ)အသင္းနည္းျပဂြါဒီယိုလာကိုပထမအသင္းနည္းျပအျဖစ္ခန႔္အပ္ခဲ့ရာေခတ္တစ္ေခတ္တည္ေထာင္ႏိုင္ခဲ့ပါတယ္။

ဂြါဒီယိုလာကိုယ္တိုင္ကေတာ့ဇာဗီးမွာသူဘာစီလိုနာကိုကိုင္တြယ္တုန္းကအခ်ိန္တုန္းကထက္အေတြ႕အႀကဳံပိုမိုမ်ားျပားေၾကာင္းဆိုထားပါတယ္။

ဒါေပမယ့္စတြိဳက္ေကာ့ဗ္က “ပက္ဂြါဒီယိုလာမွာဂ်ိဳဟန္ခ႐ိုက္ဖ္၊ဘီဂီရက္စ္တိန္နဲ႔(႐ိုမန္)အလီဇန္ကိုတို႔ရွိေနတယ္။သူအေနနဲ႔သူတို႔တေတြနဲ႔ေန႔တိုင္းစကားေျပာႏိုင္တယ္။အခုဇာဗီးကဘယ္သူေတြနဲ႔စကားေျပာမလဲ။သူ႔ကိုဘယ္သူေတြကေကာအႀကံဉာဏ္ေပးမလဲ။ပထမစေရာက္တဲ့ေန႔ကတည္းက အႏုတ္လကၡဏာျပတာအမ်ားႀကီးပါ။ဘာစီလိုနာပရိသတ္တစ္ေယာက္အေနနဲ႔ေတာ့သူေအာင္ျမင္မႈရဖို႔ေတာ့ေမွ်ာ္လင့္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။