မနက်ဖြန်တွင် တော့ဒ်ဘိုလီထံ ချဲလ်ဆီးကို ရောင်းချရေး အပြီးသတ်မည်

ချဲလ်ဆီးကမနက်ဖြန်တနင်္လာနေ့တွင်အမေရိကန်ဘီလျှံနာတော့ဒ်ဘိုလီဦးဆောင်တဲ့Clearlake Capital အားကလပ်ကိုရောင်းချရေးအပြီးသတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကြေညာလာပါတယ်။

ချဲလ်ဆီးဟာဇွန်လ၃၁နေ့အမီကလပ်ကိုရောင်းချရေးအပြီးသတ်နိုင်ခြင်းမရှိပါကချန်ပီယံလိဂ်ပြိုင်ပွဲမှထုတ်ပယ်ခြင်းခံရနိုင်တဲ့အနေအထားမှာရှိနေခဲ့ပါတယ်။

ဒါပေမဲ့ယခုအခါတော့ဒ်ဘိုလီရဲ့ချဲလ်ဆီးကိုပေါင်၄.၂၅ဘီလီယံဖြင့်ရောင်းချရေးမှာမနက်ဖြန် တနင်္လာနေ့တွင်အပြီးသတ်လာမှာဖြစ်လို့ ချဲလ်ဆီးအနေဖြင့်ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးလာမှာစိုးရိမ်စရာမရှိတော့ပါဘူး။

ချဲလ်ဆီးဟာကလပ်ကိုတော့ဒီဘိုလီဦးဆောင်တဲ့ရင်းနှီးမြှပ်နှံရေးအဖွဲ့ထံသို့ပေါင်၄.၂၅ဘီလီယံဖြင့်ရောင်းချရေးအတွက်ပရီးမီးယားလိဂ်၊ဗြိတိန်အာဏာပိုင်တို့ရဲ့ခွင့်ပြုချက်ရရှိထားပြီးလည်းဖြစ်ပါတယ်။

တော့ဒ်ဘိုလီရဲ့ချဲလ်ဆီးကိုဝယ်ယူရေးထင်မှတ်ထားသကဲ့သို့ မေလအကုန်တွင်အပြီးသတ်နိုင်မှုနဲ့အတူ နည်းပြသောမတ်စ်တူချယ်အနေဖြင့်နွေရာသီကစားသမားခေါ်ယူအားဖြည့်ရေးစတင်လုပ်ဆောင်လာနိုင်တော့မှာဖြစ်ပါတယ်။

ချဲလ်ဆီးဟာနောက်ခံလူရူဒီဂါ၊ခရစ်တင်ဆင်တို့အားဆုံးရှုံးထားမှုကြောင့် ဗဟိုခံစစ်ကိုအဓိကအားဖြည့်ရန်လုပ်ဆောင်နေပါတယ်။

ZawGyi

မနက္ျဖန္တြင္ ေတာ့ဒ္ဘိုလီထံ ခ်ဲလ္ဆီးကို ေရာင္းခ်ေရး အၿပီးသတ္မည္

ခ်ဲလ္ဆီးကမနက္ျဖန္တနလၤာေန႔တြင္အေမရိကန္ဘီလွ်ံနာေတာ့ဒ္ဘိုလီဦးေဆာင္တဲ့Clearlake Capital အားကလပ္ကိုေရာင္းခ်ေရးအၿပီးသတ္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းေၾကညာလာပါတယ္။

ခ်ဲလ္ဆီးဟာဇြန္လ၃၁ေန႔အမီကလပ္ကိုေရာင္းခ်ေရးအၿပီးသတ္ႏိုင္ျခင္းမရွိပါကခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွထုတ္ပယ္ျခင္းခံရႏိုင္တဲ့အေနအထားမွာရွိေနခဲ့ပါတယ္။

ဒါေပမဲ့ယခုအခါေတာ့ဒ္ဘိုလီရဲ႕ခ်ဲလ္ဆီးကိုေပါင္၄.၂၅ဘီလီယံျဖင့္ေရာင္းခ်ေရးမွာမနက္ျဖန္ တနလၤာေန႔တြင္အၿပီးသတ္လာမွာျဖစ္လို႔ ခ်ဲလ္ဆီးအေနျဖင့္ခ်န္ပီယံလိဂ္ဝင္ခြင့္ဆုံးရႈံးလာမွာစိုးရိမ္စရာမရွိေတာ့ပါဘူး။

ခ်ဲလ္ဆီးဟာကလပ္ကိုေတာ့ဒီဘိုလီဦးေဆာင္တဲ့ရင္းႏွီးျမႇပ္ႏွံေရးအဖြဲ႕ထံသို႔ေပါင္၄.၂၅ဘီလီယံျဖင့္ေရာင္းခ်ေရးအတြက္ပရီးမီးယားလိဂ္၊ၿဗိတိန္အာဏာပိုင္တို႔ရဲ႕ခြင့္ျပဳခ်က္ရရွိထားၿပီးလည္းျဖစ္ပါတယ္။

ေတာ့ဒ္ဘိုလီရဲ႕ခ်ဲလ္ဆီးကိုဝယ္ယူေရးထင္မွတ္ထားသကဲ့သို႔ ေမလအကုန္တြင္အၿပီးသတ္ႏိုင္မႈနဲ႔အတူ နည္းျပေသာမတ္စ္တူခ်ယ္အေနျဖင့္ေႏြရာသီကစားသမားေခၚယူအားျဖည့္ေရးစတင္လုပ္ေဆာင္လာႏိုင္ေတာ့မွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာေနာက္ခံလူ႐ူဒီဂါ၊ခရစ္တင္ဆင္တို႔အားဆုံးရႈံးထားမႈေၾကာင့္ ဗဟိုခံစစ္ကိုအဓိကအားျဖည့္ရန္လုပ္ေဆာင္ေနပါတယ္။