မနေ့ညက ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်တွင် ထူးခြားတဲ့ခြေအိတ်ဝတ်ဆင်ကစားခဲ့တဲ့ မန်စီးတီးဂိုးသမားအီဒါဆင်

မန်စီးတီးဂိုးသမားအီဒါဆင်ဟာမနေ့ညတုန်းကခရစ္စတယ်ပဲလေ့စ်ကိုအနိုင်ရရှိတဲ့ပွဲတွင်အံ့ဩသင့်စရာကောင်းတဲ့ခြေအိတ်ရွေးချယ်မှုပြုလုပ်ခဲ့ပါတယ်။

ဘရာဇီးဂိုးသမားဟာပဲလေ့စ်ကို၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ဂိုးမပေးရတဲ့ပွဲတစ်ပွဲပိုင်ဆိုင်ခဲ့ပြီးထိပ်ဆုံးမှအာဆင်နယ်နှင့်၂မှတ်အကွာသို့ရောက်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင်မန်စီးတီးအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုအာလင်းဟာလန်းကပင်နယ်တီကနေသွင်းယူခဲ့တာဖြစ်ပါတယ်။

သူဟာယင်းဂိုးကြောင့်ပရီးမီးယားလိဂ်၂၆ဂိုးတွင်သွင်းဂိုး၂၈ဂိုးအထိရှိလာပြီဖြစ်ပါတယ်။

နော်ဝေတိုက်စစ်မှူးရဲ့ဂိုးနဲ့ပတ်သက်ပြီးပရိသတ်တွေ အွန်လိုင်းတွေပြောဆိုနေကြသလိုစနေနေ့တုန်းကပွဲတွင်တစ်ပွဲလုံးအားခရစ္စတယ်ပဲလေ့စ်အဝေးကွင်းခြေအိတ်အသုံးပြုဝတ်ဆင်သွားခဲ့တဲ့အီဒါဆင်အကြောင်းကိုလည်းပရိသတ်တွေပြောနေကြပါတယ်။

အသက်၂၉နှစ်ရှိဘရာဇီးဂိုးသမားဟာမန်စီးတီးဂိုးသမားခြေအိတ်အရောင်မှာအပြာရောင်ဖြစ်နေမှုနှင့်အတူခြေအိတ်ပြောင်းဝတ်ဆင်ခဲ့ရတာဖြစ်ပြီးပဲလေ့စ်အဝေးကွင်းခြေအိတ်ကိုအသုံးပြုခဲ့ရပါတယ်။သူခြေအိတ်အပိုပါဝင်လာခြင်းမရှိမှုကြောင့်ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့အဝေးကွင်းခြေအိတ်ကိုဝတ်ဆင်ခဲ့ရပါတယ်။

ZawGyi






