မနေ့ညက ဝင်ဘာလေပွဲစဉ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဟန်ဂေရီပရိသတ်များ ခိုက်ရန်ဖြစ်ပွား

မနေ့ညတုန်းက ဝင်ဘာလေကွင်းတွင်အင်္ဂလန်နှင့်ဟန်ဂေရီတို့တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင်ဟန်ဂေရီပရိသတ်များဟာ ကွင်းလုံခြုံရေးတစ်ဦးကိုလူမျိုးရေးခွဲခြားဆဲဆိုမှုကြောင့်ပရိသတ်တစ်ဦးကိုရဲတပ်ဖွဲ့ကဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းတွေ့ရပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကဟန်ဂေရီပရိသတ်များရဲ့လူမျိုးရေးခွဲခြားမှုအားဖီဖာထံသို့တိုင်ကြားမှုပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းကြေညာသွားပါတယ်။

မီထရိုပိုလီတန်ရဲတပ်ဖွဲ့နှင့်အက်ဖ်အေရဲ့လုံခြုံရေးအဖွဲ့တို့ဟာစက်တင်ဘာလတုန်းကဘူဒါပတ်စ်ပွဲစဉ်တွင်အင်္ဂလန်ကစားသမားများကို ဟန်ဂေရီပရိသတ်များကလူမျိုးရေးခွဲခြားဆဲဆိုခဲ့မှုကြောင့်မနေ့ညကပွဲစဉ်ကိုအထူးသတိထားကာလုံခြုံရေးတိုးမြှင့်ချထားမှုပြုလုပ်ခဲ့ပါတယ်။

မနေ့ညကကမ္ဘာ့ဖလားခြေစစ်ပွဲကိုဟန်ဂေရီပရိသတ်တစ်ထောင်ကျော်မျှသာကြည့်ခွင့်ရရှိထားသော်လည်းမီထရိုပိုလီတန်ရဲတပ်ဖွဲ့နှင့်အက်ဖ်အေလုံခြုံရေးအသင်းတို့ကိုတိုးမြှင့်ချထားခဲ့ပါတယ်။

ဒါပေမယ့်လည်း၎င်းတို့ဟာဟန်ဂေရီပရိသတ်များရဲ့ဆိုးသွမ်းမှုကိုမရပ်တန့်နိုင်ခဲ့ပါဘူး။ဟန်ဂေရီပရိသတ်မျာဟာပွဲမစတင်မီအချိန်တွင်အင်္ဂလန်ကစားသမားများကဒူးထောက်ကာလူမျိုးရေးခွဲခြားမှုရပ်တန့်ရေးလုပ်ဆောင်မှုကိုလှောင်ပြောင်ကန့်ကွက်ခဲ့သလို အင်္ဂလန်ပရိသတ်များနှင့်ကစားသမားများကိုဒေါသထွက်တဲ့အမူအရာများပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့်လည်းမီထရိုပိုလီတန်ရဲတပ်ဖွဲ့ဟာအဝေးကွင်းပရိသတ်များကိုထိန်းရန်အတွက်ပွဲကြည့်စင်သို့ဝင်ရောက်ကာထိန်းသိမ်းရန်လုပ်ဆောင်ခဲ့ပါတယ်။ဟန်ဂေရီပရိသတ်များနှင့်ရဲတပ်ဖွဲ့တို့ဟာတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးရဲတပ်ဖွဲ့ကနောက်ဆုတ်ခဲ့ရပါတယ်။

ရဲတပ်ဖွဲ့ကနောက်ဆုတ်လိုက်ပြီးနောက်ရန်ပွဲငြိမ်းချမ်းသွားသော်လည်းလုံခြုံရေးအချို့တို့ဟာအဝေးကွင်းပရိသတ်များကိုစောင့်ကြည့်ရန်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

မနေ့ညတုန်းကအင်္ဂလန်နှင့်ဟန်ဂေရီပွဲစဉ်တွင်ဧည့်သည်အသင်းဟာပွဲချိန်၂၄မိနစ်တွင် ပင်နယ်တီမှတဆင့်ဆယ်လိုင်သွင်းယူတဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပြီးပွဲချိန်၃၇မိနစ်မှာဂျွန်စတုန်းကချေပဂိုးပြန်သွင်းခဲ့ပါတယ်။

ZawGyi

မေန႔ညက ဝင္ဘာေလပြဲစဥ္တြင္ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ဟန္ေဂရီပရိသတ္မ်ား ခိုက္ရန္ျဖစ္ပြား

မေန႔ညတုန္းက ဝင္ဘာေလကြင္းတြင္အဂၤလန္ႏွင့္ဟန္ေဂရီတို႔တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္တြင္ဟန္ေဂရီပရိသတ္မ်ားဟာ ကြင္းလုံၿခဳံေရးတစ္ဦးကိုလူမ်ိဳးေရးခြဲျခားဆဲဆိုမႈေၾကာင့္ပရိသတ္တစ္ဦးကိုရဲတပ္ဖြဲ႕ကဖမ္းဆီးၿပီးေနာက္ ရဲတပ္ဖြဲ႕ဝင္မ်ားကိုတိုက္ခိုက္မႈျပဳလုပ္ခဲ့ေၾကာင္းေတြ႕ရပါတယ္။

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကဟန္ေဂရီပရိသတ္မ်ားရဲ႕လူမ်ိဳးေရးခြဲျခားမႈအားဖီဖာထံသို႔တိုင္ၾကားမႈျပဳလုပ္သြားမည္ျဖစ္ေၾကာင္းလည္းေၾကညာသြားပါတယ္။

မီထ႐ိုပိုလီတန္ရဲတပ္ဖြဲ႕ႏွင့္အက္ဖ္ေအရဲ႕လုံၿခဳံေရးအဖြဲ႕တို႔ဟာစက္တင္ဘာလတုန္းကဘူဒါပတ္စ္ပြဲစဥ္တြင္အဂၤလန္ကစားသမားမ်ားကို ဟန္ေဂရီပရိသတ္မ်ားကလူမ်ိဳးေရးခြဲျခားဆဲဆိုခဲ့မႈေၾကာင့္မေန႔ညကပြဲစဥ္ကိုအထူးသတိထားကာလုံၿခဳံေရးတိုးျမႇင့္ခ်ထားမႈျပဳလုပ္ခဲ့ပါတယ္။

မေန႔ညကကမာၻ႔ဖလားေျခစစ္ပြဲကိုဟန္ေဂရီပရိသတ္တစ္ေထာင္ေက်ာ္မွ်သာၾကည့္ခြင့္ရရွိထားေသာ္လည္းမီထ႐ိုပိုလီတန္ရဲတပ္ဖြဲ႕ႏွင့္အက္ဖ္ေအလုံၿခဳံေရးအသင္းတို႔ကိုတိုးျမႇင့္ခ်ထားခဲ့ပါတယ္။

ဒါေပမယ့္လည္း၎တို႔ဟာဟန္ေဂရီပရိသတ္မ်ားရဲ႕ဆိုးသြမ္းမႈကိုမရပ္တန႔္ႏိုင္ခဲ့ပါဘူး။ဟန္ေဂရီပရိသတ္မ်ာဟာပြဲမစတင္မီအခ်ိန္တြင္အဂၤလန္ကစားသမားမ်ားကဒူးေထာက္ကာလူမ်ိဳးေရးခြဲျခားမႈရပ္တန႔္ေရးလုပ္ေဆာင္မႈကိုေလွာင္ေျပာင္ကန႔္ကြက္ခဲ့သလို အဂၤလန္ပရိသတ္မ်ားႏွင့္ကစားသမားမ်ားကိုေဒါသထြက္တဲ့အမူအရာမ်ားျပဳလုပ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းမီထ႐ိုပိုလီတန္ရဲတပ္ဖြဲ႕ဟာအေဝးကြင္းပရိသတ္မ်ားကိုထိန္းရန္အတြက္ပြဲၾကည့္စင္သို႔ဝင္ေရာက္ကာထိန္းသိမ္းရန္လုပ္ေဆာင္ခဲ့ပါတယ္။ဟန္ေဂရီပရိသတ္မ်ားႏွင့္ရဲတပ္ဖြဲ႕တို႔ဟာတိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီးရဲတပ္ဖြဲ႕ကေနာက္ဆုတ္ခဲ့ရပါတယ္။

ရဲတပ္ဖြဲ႕ကေနာက္ဆုတ္လိုက္ၿပီးေနာက္ရန္ပြဲၿငိမ္းခ်မ္းသြားေသာ္လည္းလုံၿခဳံေရးအခ်ိဳ႕တို႔ဟာအေဝးကြင္းပရိသတ္မ်ားကိုေစာင့္ၾကည့္ရန္ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။

မေန႔ညတုန္းကအဂၤလန္ႏွင့္ဟန္ေဂရီပြဲစဥ္တြင္ဧည့္သည္အသင္းဟာပြဲခ်ိန္၂၄မိနစ္တြင္ ပင္နယ္တီမွတဆင့္ဆယ္လိုင္သြင္းယူတဲ့ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ၿပီးပြဲခ်ိန္၃၇မိနစ္မွာဂြၽန္စတုန္းကေခ်ပဂိုးျပန္သြင္းခဲ့ပါတယ္။