မန်ချက်စတာတက္ကသိုလ်ရဲ့ဒေါက်တာဘွဲ့ချီးမြှင့်ခံရတဲ့ အသက်အငယ်ဆုံးပုဂ္ဂိုလ်ဖြစ်လာတဲ့ ရပ်ရှ်ဖို့ဒ်

မန်ချက်စတာတက္ကသိုလ်ဟာမားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာဒေါက်တာဘွဲ့ချီးမြှင့်လိုက်ပါတယ်။မန်ချက်စတာနှင့်အင်္ဂလန်တိုက်စစ်မှူးမားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာမန်ချက်စတာတက္ကသိုလ်ရဲ့ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ချီးမြှင့်ခံရတဲ့အသက်အငယ်ဆုံးပုဂ္ဂိုလ်ဖြစ်လာပါတယ်။

မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာကိုဗစ်ကာလတုန်းကကျောင်းပိတ်ရက်တွင်လည်းနွမ်းပါးကလေးငယ်များအဟရပြည့်အစားအစာများစားသောက်နိုင်ရေးအတွက်ရှေ့တန်းမှာတိုက်ပွဲဝင်ခဲ့တဲ့အပြင် ယခုကဲ့သို့ကာလအလွန်အစပိုင်းတွင်လည်းဆက်လက်တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။

ဒါကြောင့်လည်းမန်ချက်စတာတက္ကသိုလ်ဟာမားကပ်စ်ရပ်ရှ်ဖို့ဒ်အားဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ချီးမြှင့်ရန်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။မန်ချက်စတာတက္ကသိုလ်မှချီးမြှင့်တဲ့ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကိုအိုးထရက်ဖို့ဒ်ဂန္ထဝင်များဖြစ်ကြတဲ့ဆာအဲလက်စ်ဖာဂူဆန်နှင့်ဆာဘော်လ်ဘီချာလ်တန်တို့လည်းဆွတ်ခူးခဲ့ဖူးပါတယ်။

မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာလွန်ခဲ့တဲ့၁၂လတုန်းကအမ်ဘီအီးဘွဲ့ချီးမြှင့်ခံခဲ့ရသူဖြစ်ပါတယ်။သူဟာလက်ရှိအချိန်တွင်ပုခုံးခွဲစိတ်ဒဏ်ရာမှပြန်လည်ကောင်းမွန်ကာမန်ယူနှင့်အတူပြန်လည်လေ့ကျင့်ခန်းအပြည့်အဝဆင်းနိုင်ပြီဖြစ်ပြီးလာမယ့်အပတ်တွင်မန်ယူအတွက်ပြန်လည်ကစားလာနိုင်ဖို့ရှိနေပါတယ်။

ZawGyi

မန္ခ်က္စတာတကၠသိုလ္ရဲ႕ေဒါက္တာဘြဲ႕ခ်ီးျမႇင့္ခံရတဲ့ အသက္အငယ္ဆုံးပုဂၢိဳလ္ျဖစ္လာတဲ့ ရပ္ရွ္ဖို႔ဒ္

မန္ခ်က္စတာတကၠသိုလ္ဟာမားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာေဒါက္တာဘြဲ႕ခ်ီးျမႇင့္လိုက္ပါတယ္။မန္ခ်က္စတာႏွင့္အဂၤလန္တိုက္စစ္မႉးမားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာမန္ခ်က္စတာတကၠသိုလ္ရဲ႕ဂုဏ္ထူးေဆာင္ေဒါက္တာဘြဲ႕ခ်ီးျမႇင့္ခံရတဲ့အသက္အငယ္ဆုံးပုဂၢိဳလ္ျဖစ္လာပါတယ္။

မားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာကိုဗစ္ကာလတုန္းကေက်ာင္းပိတ္ရက္တြင္လည္းႏြမ္းပါးကေလးငယ္မ်ားအဟရျပည့္အစားအစာမ်ားစားေသာက္ႏိုင္ေရးအတြက္ေရွ႕တန္းမွာတိုက္ပြဲဝင္ခဲ့တဲ့အျပင္ ယခုကဲ့သို႔ကာလအလြန္အစပိုင္းတြင္လည္းဆက္လက္တိုက္ပြဲဝင္ေနသူျဖစ္ပါတယ္။

ဒါေၾကာင့္လည္းမန္ခ်က္စတာတကၠသိုလ္ဟာမားကပ္စ္ရပ္ရွ္ဖို႔ဒ္အားဂုဏ္ထူးေဆာင္ေဒါက္တာဘြဲ႕ခ်ီးျမႇင့္ရန္ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။မန္ခ်က္စတာတကၠသိုလ္မွခ်ီးျမႇင့္တဲ့ဂုဏ္ထူးေဆာင္ေဒါက္တာဘြဲ႕ကိုအိုးထရက္ဖို႔ဒ္ဂႏၴဝင္မ်ားျဖစ္ၾကတဲ့ဆာအဲလက္စ္ဖာဂူဆန္ႏွင့္ဆာေဘာ္လ္ဘီခ်ာလ္တန္တို႔လည္းဆြတ္ခူးခဲ့ဖူးပါတယ္။

မားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာလြန္ခဲ့တဲ့၁၂လတုန္းကအမ္ဘီအီးဘြဲ႕ခ်ီးျမႇင့္ခံခဲ့ရသူျဖစ္ပါတယ္။သူဟာလက္ရွိအခ်ိန္တြင္ပုခုံးခြဲစိတ္ဒဏ္ရာမွျပန္လည္ေကာင္းမြန္ကာမန္ယူႏွင့္အတူျပန္လည္ေလ့က်င့္ခန္းအျပည့္အဝဆင္းႏိုင္ၿပီျဖစ္ၿပီးလာမယ့္အပတ္တြင္မန္ယူအတြက္ျပန္လည္ကစားလာႏိုင္ဖို႔ရွိေနပါတယ္။