မန်ချက်စတာတွင် အိမ်အပိုင်ဝယ်ရန် ခရစ္စတီယာနိုရော်နယ်ဒို စီစဉ်နေ

မန်ချက်စတာယူနိုက်တက်စတားခရစ္စတီယာနိုရော်နယ်ဒိုဟာဘောလုံးကစားသမားဘဝမှအနားယူပြီးပါကအင်္ဂလန်တွင်နေထိုင်ရန်အတွက် အင်္ဂလန်တွင်အိမ်ဝယ်ယူရန်စီစဉ်နေကြောင်းသိရပါတယ်။

အသက်၃၆နှစ်ရှိပေါ်တူဂီစတားဟာပြီးခဲ့တဲ့အပတ်တုန်းကသူ့ချစ်သူဂျော်ဂျီနာရိုဒရီဂွက်ဇ်တွင်သူ့အတွက်အမြွှာပူးလွယ်ထားရပြီဖြစ်ကြောင်းကြေညာခဲ့သူလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုဟာသားသမီးလေးဦးပိုင်ဆိုင်ထားသူဖြစ်ပြီးအနာဂတ်အတွက်စီမံကိန်းများချကာအလုပ်ရှုပ်နေပါတယ်။

ရော်နယ်ဒိုနှင့်နီးစပ်သူတစ်ဦးက “ခရစ္စတီယာနိုကကမ္ဘာအနှံ့နေထိုင်ခဲ့သူပါ။ဒါပေမယ့်အင်္ဂလန်ကသူ့နှလုံးသားထဲမှာအထူးနေရာတစ်နေရာယူထားပြီးသားပါ။အနောက်မြောက်ပိုင်းကိုချစ်တယ်။ကစားသမားဘဝအနားယူပြီးရင်အပြီးတိုင်အခြေချဖို့ သူ့အတွက်အိမ်လို့ခေါ်စရာရှိအောင် အိမ်ဝယ်ဖို့စီစဉ်နေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ချက်စတာတွင်ဟိုတယ်တစ်လုံးတည်ဆောက်နေသူဖြစ်ပြီးဗြိတိန်တလွှားစီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရန်စိတ်ဝင်စားနေသူလည်းဖြစ်ပါတယ်။

ZawGyi





