မန်ချက်စတာဒါဘီတွင် ဟက်ထရစ်သွင်းပြီးနောက် တစ်ပတ်လုပ်ခပေါင် ၂၂၅၀၀၀ တန်စာချုပ်သစ်ချုပ်လာတော့မယ့် ဖိုဒန်

မန်စီးတီးစတားဖီးလ်ဖိုဒန်ဟာမန်ချက်စတာယူနိုက်တက်ကို၆-၃ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ဟက်ထရစ်သွင်းယူနိုင်ပြီးနောက်ရက်အနည်းငယ်အကြာတွင်ပင် ကလပ်နှင့်စာချုပ်သစ်ချုပ်ဆိုလာတော့မှာဖြစ်ပါတယ်။

အသက်၂၂နှစ်ရှိအင်္ဂလန်စတားဟာမြို့ခံပြိုင်ဘက်ယူနိုက်တက်ကို၆-၃ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်အာလင်းဟာလန်းနှင့်အတူဟက်ထရစ်အတူသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဖီးလ်ဖိုဒန်ဟာမန်စီးတီးနှင့်စာချုပ်သစ်ချုပ်ဆိုရေးအတွက်သဘောတူညီမှုရရှိထားပြီးဖြစ်ကာ ၅နှစ်(သို့မဟုတ်)၆နှစ်စာချုပ်သစ်ချုပ်ဆိုလာမှာလည်းဖြစ်ပါတယ်။

Daily Mail ရဲ့ဖော်ပြချက်အရဖီးလ်ဖိုဒန်ဟာလက်ရှိအချိန်တွင်မန်စီးတီးမှာတစ်ပတ်လုပ်ခပေါင်၆၅၀၀၀ရရှိနေရာမှစာချုပ်သစ်ကြောင့်တစ်ပတ်လုပ်ခပေါင်၂၂၅၀၀၀အထိရရှိလာမှာဖြစ်ကြောင်းလည်းသိရပါတယ်။သူ့ရဲ့လက်ရှိစာချုပ်မှာ၂၀၂၄ခုနှစ်တွင်ကုန်ဆုံးပါမယ်။

ဖီးလ်ဖိုဒန်ဟာမန်စီးတီးအတွက်ပွဲ၁၈၀ကစားထားရာမှာ၅၁ဂိုးသွင်းထားနိုင်တာလည်းဖြစ်ပါတယ်။သူဟာမန်စီးတီးသို့အသက်၄နှစ်အရွယ်ကတည်းကရောက်လာကာအသက်၁၇နှစ်အရွယ်တွင်ပထမအသင်းအတွက်ကစားခွင့်ရလာခဲ့ပါတယ်။

ZawGyi

မန္ခ်က္စတာဒါဘီတြင္ ဟက္ထရစ္သြင္းၿပီးေနာက္ တစ္ပတ္လုပ္ခေပါင္ ၂၂၅၀၀၀ တန္စာခ်ဳပ္သစ္ခ်ဳပ္လာေတာ့မယ့္ ဖိုဒန္

မန္စီးတီးစတားဖီးလ္ဖိုဒန္ဟာမန္ခ်က္စတာယူႏိုက္တက္ကို၆-၃ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ဟက္ထရစ္သြင္းယူႏိုင္ၿပီးေနာက္ရက္အနည္းငယ္အၾကာတြင္ပင္ ကလပ္ႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလာေတာ့မွာျဖစ္ပါတယ္။

အသက္၂၂ႏွစ္ရွိအဂၤလန္စတားဟာၿမိဳ႕ခံၿပိဳင္ဘက္ယူႏိုက္တက္ကို၆-၃ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္အာလင္းဟာလန္းႏွင့္အတူဟက္ထရစ္အတူသြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဖီးလ္ဖိုဒန္ဟာမန္စီးတီးႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္သေဘာတူညီမႈရရွိထားၿပီးျဖစ္ကာ ၅ႏွစ္(သို႔မဟုတ္)၆ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလာမွာလည္းျဖစ္ပါတယ္။

Daily Mail ရဲ႕ေဖာ္ျပခ်က္အရဖီးလ္ဖိုဒန္ဟာလက္ရွိအခ်ိန္တြင္မန္စီးတီးမွာတစ္ပတ္လုပ္ခေပါင္၆၅၀၀၀ရရွိေနရာမွစာခ်ဳပ္သစ္ေၾကာင့္တစ္ပတ္လုပ္ခေပါင္၂၂၅၀၀၀အထိရရွိလာမွာျဖစ္ေၾကာင္းလည္းသိရပါတယ္။သူ႔ရဲ႕လက္ရွိစာခ်ဳပ္မွာ၂၀၂၄ခုႏွစ္တြင္ကုန္ဆုံးပါမယ္။

ဖီးလ္ဖိုဒန္ဟာမန္စီးတီးအတြက္ပြဲ၁၈၀ကစားထားရာမွာ၅၁ဂိုးသြင္းထားႏိုင္တာလည္းျဖစ္ပါတယ္။သူဟာမန္စီးတီးသို႔အသက္၄ႏွစ္အ႐ြယ္ကတည္းကေရာက္လာကာအသက္၁၇ႏွစ္အ႐ြယ္တြင္ပထမအသင္းအတြက္ကစားခြင့္ရလာခဲ့ပါတယ္။