မန်ချက်စတာဒါဘီနိုင်ပွဲရရှိပြီးနောက် ပရီးမီးယားလိဂ်ဖလားအိပ်မက်မက်လာတဲ့ ရာဖေးလ်ဗာရန်း

မန်ချက်စတာဒါဘီပွဲတွင်အနိုင်ရရှိပြီးနောက်ရာဖေးလ်ဗာရန်းကမန်ချက်စတာယူနိုက်တက်အတွက်မည်သည့်အရာမဆိုဖြစ်လာနိုင်ဆဲဖြစ်ကြောင်းပြောကြားကာပရီးမီးယားလိဂ်ဖလားအိပ်မက်မက်လာပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာစနေနေ့ညတုန်းကအိုးထရက်ဖို့ဒ်တွင်မြို့ခံပြိုင်ဘက်မန်စီးတီးကို၂-၁ဖြင့်အနိုင်ရရှိကာဒုတိယနေရာမှမန်စီးတီးနှင့်တစ်မှတ်ကွာအနေအထားသို့ရောက်လာခဲ့ပြီဖြစ်ပါတယ်။

အဲရစ်တန်ဟက်ရဲ့ယူနိုက်တက်ဟာပထမဆုံးပရီးမီးယားလိဂ်ငါးပွဲနိုင်ပွဲရယူထားနိုင်ပြီဖြစ်ပေမဲ့လည်းထိပ်ဆုံးမှအာဆင်နယ်နှင့်ရမှတ်၉မှတ်သာကွာဟနေဆဲဖြစ်ပါတယ်။

ဒါပေမဲ့ပြင်သစ်ဗဟိုနောက်ခံလူဗာရန်းက “ဘာမဆိုဖြစ်နိုင်ပါတယ်။တစ်ပွဲချင်းစီသွားမယ်။အဝေးကြီးလိုသေးတယ်။အရမ်းလည်းခက်ခဲလာမယ်။ပွဲတိုင်းကအရေးကြီးနေပါတယ်။ကြံ့ခိုင်မှုသုံးရတယ်။တကယ့်ကြီးမားတဲ့ချန်ပီယံလိဂ်ပွဲတစ်ပွဲလိုပါပဲ။ရမ်သမ်ကလည်းအရမ်းမြင့်တယ်။ဒါပေမဲ့ကစားသမားတွေဟာကြံ့ခိုင်မှုအပိုင်းအရအကောင်းဆုံးပြင်ဆင်ထားနိုင်ခဲ့တယ်။ဘယ်လိုခက်ခဲလာမယ်ဆိုတာသိထားပြီးသားပါ။ဒါပေမဲ့ကျွန်တော်တို့ကျစ်လစ်တယ်၊သန်မာတယ်။ကျွန်တော်တို့အနေနဲ့ဘောလုံးကိုကျွမ်းကျွမ်းကျင်ကျင်ကစားနိုင်တဲ့ကစားသမားတွေကိုသုံးရုံပါပဲ”လို့ပြောကြားသွားပါတယ်။

မန်စီးတီးဟာယူနိုက်တက်ကိုဘောလုံးပိုင်ဆိုင်မှု၇၁ရာခိုင်နှုန်းဖြင့်အသာစီးကကစားနိုင်ခဲ့ပေမဲ့လည်းဂိုးပေါက်တည့်ကန်ချက်၁ကြိမ်တည်းသာပြုလုပ်နိုင်ခဲ့ပါတယ်။

မန်စီးတီးဟာယခုရာသီတွင်ပရီးမီးယားလိဂ်တွင်ဂိုးပေါက်တည့်ကန်ချက်အနည်းဆုံးပွဲနှင့်ကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဟာလာမယ့်ကြာသပတေးနေ့တွင်ခရစ္စတယ်ပဲလေ့စ်နှင့်ရင်ဆိုင်ကစားရမှာဖြစ်ပြီးတနင်္ဂနွေနေ့တွင်အာဆင်နယ်ကိုအဝေးကွင်းတွင်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

မန္ခ်က္စတာဒါဘီႏိုင္ပြဲရရွိၿပီးေနာက္ ပရီးမီးယားလိဂ္ဖလားအိပ္မက္မက္လာတဲ့ ရာေဖးလ္ဗာရန္း

မန္ခ်က္စတာဒါဘီပြဲတြင္အႏိုင္ရရွိၿပီးေနာက္ရာေဖးလ္ဗာရန္းကမန္ခ်က္စတာယူႏိုက္တက္အတြက္မည္သည့္အရာမဆိုျဖစ္လာႏိုင္ဆဲျဖစ္ေၾကာင္းေျပာၾကားကာပရီးမီးယားလိဂ္ဖလားအိပ္မက္မက္လာၿပီျဖစ္ပါတယ္။

ယူႏိုက္တက္ဟာစေနေန႔ညတုန္းကအိုးထရက္ဖို႔ဒ္တြင္ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးကို၂-၁ျဖင့္အႏိုင္ရရွိကာဒုတိယေနရာမွမန္စီးတီးႏွင့္တစ္မွတ္ကြာအေနအထားသို႔ေရာက္လာခဲ့ၿပီျဖစ္ပါတယ္။

အဲရစ္တန္ဟက္ရဲ႕ယူႏိုက္တက္ဟာပထမဆုံးပရီးမီးယားလိဂ္ငါးပြဲႏိုင္ပြဲရယူထားႏိုင္ၿပီျဖစ္ေပမဲ့လည္းထိပ္ဆုံးမွအာဆင္နယ္ႏွင့္ရမွတ္၉မွတ္သာကြာဟေနဆဲျဖစ္ပါတယ္။

ဒါေပမဲ့ျပင္သစ္ဗဟိုေနာက္ခံလူဗာရန္းက “ဘာမဆိုျဖစ္ႏိုင္ပါတယ္။တစ္ပြဲခ်င္းစီသြားမယ္။အေဝးႀကီးလိုေသးတယ္။အရမ္းလည္းခက္ခဲလာမယ္။ပြဲတိုင္းကအေရးႀကီးေနပါတယ္။ႀကံ့ခိုင္မႈသုံးရတယ္။တကယ့္ႀကီးမားတဲ့ခ်န္ပီယံလိဂ္ပြဲတစ္ပြဲလိုပါပဲ။ရမ္သမ္ကလည္းအရမ္းျမင့္တယ္။ဒါေပမဲ့ကစားသမားေတြဟာႀကံ့ခိုင္မႈအပိုင္းအရအေကာင္းဆုံးျပင္ဆင္ထားႏိုင္ခဲ့တယ္။ဘယ္လိုခက္ခဲလာမယ္ဆိုတာသိထားၿပီးသားပါ။ဒါေပမဲ့ကြၽန္ေတာ္တို႔က်စ္လစ္တယ္၊သန္မာတယ္။ကြၽန္ေတာ္တို႔အေနနဲ႔ေဘာလုံးကိုကြၽမ္းကြၽမ္းက်င္က်င္ကစားႏိုင္တဲ့ကစားသမားေတြကိုသုံး႐ုံပါပဲ”လို႔ေျပာၾကားသြားပါတယ္။

မန္စီးတီးဟာယူႏိုက္တက္ကိုေဘာလုံးပိုင္ဆိုင္မႈ၇၁ရာခိုင္ႏႈန္းျဖင့္အသာစီးကကစားႏိုင္ခဲ့ေပမဲ့လည္းဂိုးေပါက္တည့္ကန္ခ်က္၁ႀကိမ္တည္းသာျပဳလုပ္ႏိုင္ခဲ့ပါတယ္။

မန္စီးတီးဟာယခုရာသီတြင္ပရီးမီးယားလိဂ္တြင္ဂိုးေပါက္တည့္ကန္ခ်က္အနည္းဆုံးပြဲႏွင့္ႀကဳံေတြ႕ခဲ့ရတာလည္းျဖစ္ပါတယ္။

ယူႏိုက္တက္ဟာလာမယ့္ၾကာသပေတးေန႔တြင္ခရစၥတယ္ပဲေလ့စ္ႏွင့္ရင္ဆိုင္ကစားရမွာျဖစ္ၿပီးတနဂၤေႏြေန႔တြင္အာဆင္နယ္ကိုအေဝးကြင္းတြင္ရင္ဆိုင္ကစားရပါမယ္။