မန်ချက်စတာဒါဘီပထမပိုင်းအပြီးတွင် ဖာနန်ဒက်စ်နှင့်မာတီနက်ဇ်တို့ ပေါက်ကွဲခဲ့ကြပြီး မန်စီးတီးဝန်ထမ်းများပင် အပြင်ကကြားနေရ

မန်ချက်စတာဒါဘီပွဲစဉ်ရဲ့ပထမပိုင်းအပြီးတွင်ယူနိုက်တက်အဝတ်အစားလဲခန်းအတွင်းတွင် ဘရူနိုဖာနန်ဒက်စ်နှင့်လီဆန်ဒရိုမာတီနက်ဇ်တို့အကြီးအကျယ်ပေါက်ကွဲကာယူနိုက်တက်စတားများကိုဒေါသတကြီးပြောဆိုမှုပြုလုပ်ခဲ့ကြပါတယ်။

ယူနိုက်တက်ဟာပထမပိုင်းမှာတင်မန်စီးတီးကို ၄-၀ဂိုးဖြင့်ရှုံးနိမ့်နေခဲ့တာဖြစ်ပြီးဖာနန်ဒက်စ်နှင့်မာတီနက်ဇ်တို့ဟာယူနိုက်တက်ကစားဖော်များရဲ့ယုံကြည်မှုနည်းပါးမှုအပေါ်အားမလိုအားမရဖြစ်ကာပေါက်ကွဲခဲ့ကြပါတယ်။

ယူနိုက်တက်အဝတ်အစားလဲခန်းမှ၎င်းတို့ရဲ့ဒေါသတကြီးပြောဆိုသံကို မန်စီးတီးဝန်ထမ်းများပင်အတိုင်းသားကြားနေခဲ့ကြရပါတယ်။

ယူနိုက်တက်ကဟာဒုတိယပိုင်းတွင်ကစားပုံကောင်းလာပြီးချေပဂိုး၃ဂိုးရရှိကာ ၆-၃ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ဖာနန်ဒက်စ်က “အမူအယာနဲ့ယုံကြည်မှုက ပွဲစကတည်းကအကောင်းဆုံးအနေအထားမှာမရှိခဲ့ဘူး။ဒါတွေကြောင့်ပြဿနာတွေအများကြီးဖြစ်စေတယ်။စောစောစီးစီးဂိုးပေးခဲ့ရတယ်။အခုပြီးသွားပြီ။ကိုယ်လိုချင်တဲ့ရလဒ်ရအောင်ပြန်လုပ်ရမယ်။ဒုတိယပိုင်းပိုကောင်းအောင်ကစားရမယ်။ပွဲကိုပိုပြီးတော့ထိန်းချုပ်သထက်ထိန်းချုပ်မယ်။ဘောလုံးပိုင်ဆိုင်မှုရတိုင်းသတ္တိရှိရှိကစားကြမယ်။အရမ်းစိတ်ပျက်နေကြတယ်။ဒါပေမဲ့အခုနောက်ပွဲအတွက်အာရုံစိုက်ရမယ်။အရင်တုန်းကခြေစွမ်းမျိုးပြန်ရအောင်လုပ်ရမယ်။ယုံကြည်မှုနဲ့အားလုံးပြန်ရအောင်ပြန်ရအောင်လုပ်ရမယ်။အားလုံစည်းလုံးနေဖို့ကအရေးအကြီးဆုံးပါ။ဒီလိုမကျရှုံးအောင်လုပ်ဖို့နားလည်ထားရမယ်”လို့ပြောကြားသွားပါတယ်။

အဆိုပါပွဲစဉ်တွင်မန်စီးတီးမှအာလင်းဟာလန်းနှင့်ဖီးလ်ဖိုဒန်တို့ဟာဟက်ထရစ်ကိုယ်စီသွင်းယူနိုင်ခဲ့ကြပါတယ်။ယူနိုက်တက်ဘက်မှအန်တိုနီကတစ်ဂိုးနဲ့မာရှယ်ကနှစ်ဂိုးချေပဂိုးများသွင်းခဲ့ကြပါတယ်။

အဲရစ်တန်ဟက်ဟာလည်းပထမပိုင်းအပြီးတွင်ယူနိုက်တက်ရဲ့ယုံကြည်မှုနည်းပါးမှုကိုလက်ခံခဲ့ပြီးဘရူနိုဖာနန်ဒက်စ်နှင့်မာတီနက်ဇ်တို့ Team Talk ပြောကြားမှုကိုခွင့်ပြုခဲ့ပါတယ်။

ယူနိုက်တက်ဟာကြာသပတေးနေ့တွင် နီကိုရှားနှင့်ယူရိုပါလိဂ်ပွဲစဉ်ကစားသွားရပါမယ်။

ZawGyi

မန္ခ်က္စတာဒါဘီပထမပိုင္းအၿပီးတြင္ ဖာနန္ဒက္စ္ႏွင့္မာတီနက္ဇ္တို႔ ေပါက္ကြဲခဲ့ၾကၿပီး မန္စီးတီးဝန္ထမ္းမ်ားပင္ အျပင္ကၾကားေနရ

မန္ခ်က္စတာဒါဘီပြဲစဥ္ရဲ႕ပထမပိုင္းအၿပီးတြင္ယူႏိုက္တက္အဝတ္အစားလဲခန္းအတြင္းတြင္ ဘ႐ူႏိုဖာနန္ဒက္စ္ႏွင့္လီဆန္ဒ႐ိုမာတီနက္ဇ္တို႔အႀကီးအက်ယ္ေပါက္ကြဲကာယူႏိုက္တက္စတားမ်ားကိုေဒါသတႀကီးေျပာဆိုမႈျပဳလုပ္ခဲ့ၾကပါတယ္။

ယူႏိုက္တက္ဟာပထမပိုင္းမွာတင္မန္စီးတီးကို ၄-၀ဂိုးျဖင့္ရႈံးနိမ့္ေနခဲ့တာျဖစ္ၿပီးဖာနန္ဒက္စ္ႏွင့္မာတီနက္ဇ္တို႔ဟာယူႏိုက္တက္ကစားေဖာ္မ်ားရဲ႕ယုံၾကည္မႈနည္းပါးမႈအေပၚအားမလိုအားမရျဖစ္ကာေပါက္ကြဲခဲ့ၾကပါတယ္။

ယူႏိုက္တက္အဝတ္အစားလဲခန္းမွ၎တို႔ရဲ႕ေဒါသတႀကီးေျပာဆိုသံကို မန္စီးတီးဝန္ထမ္းမ်ားပင္အတိုင္းသားၾကားေနခဲ့ၾကရပါတယ္။

ယူႏိုက္တက္ကဟာဒုတိယပိုင္းတြင္ကစားပုံေကာင္းလာၿပီးေခ်ပဂိုး၃ဂိုးရရွိကာ ၆-၃ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ဖာနန္ဒက္စ္က “အမူအယာနဲ႔ယုံၾကည္မႈက ပြဲစကတည္းကအေကာင္းဆုံးအေနအထားမွာမရွိခဲ့ဘူး။ဒါေတြေၾကာင့္ျပႆနာေတြအမ်ားႀကီးျဖစ္ေစတယ္။ေစာေစာစီးစီးဂိုးေပးခဲ့ရတယ္။အခုၿပီးသြားၿပီ။ကိုယ္လိုခ်င္တဲ့ရလဒ္ရေအာင္ျပန္လုပ္ရမယ္။ဒုတိယပိုင္းပိုေကာင္းေအာင္ကစားရမယ္။ပြဲကိုပိုၿပီးေတာ့ထိန္းခ်ဳပ္သထက္ထိန္းခ်ဳပ္မယ္။ေဘာလုံးပိုင္ဆိုင္မႈရတိုင္းသတၱိရွိရွိကစားၾကမယ္။အရမ္းစိတ္ပ်က္ေနၾကတယ္။ဒါေပမဲ့အခုေနာက္ပြဲအတြက္အာ႐ုံစိုက္ရမယ္။အရင္တုန္းကေျခစြမ္းမ်ိဳးျပန္ရေအာင္လုပ္ရမယ္။ယုံၾကည္မႈနဲ႔အားလုံးျပန္ရေအာင္ျပန္ရေအာင္လုပ္ရမယ္။အားလုံစည္းလုံးေနဖို႔ကအေရးအႀကီးဆုံးပါ။ဒီလိုမက်ရႈံးေအာင္လုပ္ဖို႔နားလည္ထားရမယ္”လို႔ေျပာၾကားသြားပါတယ္။

အဆိုပါပြဲစဥ္တြင္မန္စီးတီးမွအာလင္းဟာလန္းႏွင့္ဖီးလ္ဖိုဒန္တို႔ဟာဟက္ထရစ္ကိုယ္စီသြင္းယူႏိုင္ခဲ့ၾကပါတယ္။ယူႏိုက္တက္ဘက္မွအန္တိုနီကတစ္ဂိုးနဲ႔မာရွယ္ကႏွစ္ဂိုးေခ်ပဂိုးမ်ားသြင္းခဲ့ၾကပါတယ္။

အဲရစ္တန္ဟက္ဟာလည္းပထမပိုင္းအၿပီးတြင္ယူႏိုက္တက္ရဲ႕ယုံၾကည္မႈနည္းပါးမႈကိုလက္ခံခဲ့ၿပီးဘ႐ူႏိုဖာနန္ဒက္စ္ႏွင့္မာတီနက္ဇ္တို႔ Team Talk ေျပာၾကားမႈကိုခြင့္ျပဳခဲ့ပါတယ္။

ယူႏိုက္တက္ဟာၾကာသပေတးေန႔တြင္ နီကိုရွားႏွင့္ယူ႐ိုပါလိဂ္ပြဲစဥ္ကစားသြားရပါမယ္။