
မန်ချက်စတာယူနိုက်တက်ဟာအက်ဒီဆင်ကာဗာနီမှာဒဏ်ရာကြောင့် မန်ချက်စတာဒါဘီပွဲကိုမပါဝင်နိုင်မှုနဲ့အတူကြီးမားတဲ့ထိုးနှက်ချက်နှင့်ထပ်မံကြုံလာရပါတယ်။
အိုလီဂန်းနားဆိုးလ်ရှားဟာပေါလ်ပေါ့ဘာ(ပွဲပယ်)၊ရာဖေးလ်ဗာရိန်း(ဒဏ်ရာ)တို့ကိုချန်ပီယံမန်စီးတီးနှင့်ပွဲတွင်ဆုံးရှုံးထားရပြီးဖြစ်ပါတယ်။
ယခုအခါကာဗာနီကိုလည်းဆုံးရှုံးလိုက်ရပြီဖြစ်လို့ မန်ယူနည်းပြဆိုးလ်ရှားအတွက်ဖိအားကြုံလာရပြီဖြစ်ပါတယ်။
ဥရုဂွေးမီဒီယာများရဲ့ဖော်ပြချက်အရကာဗာနီမှာအရွတ်ဒဏ်ရာရရှိထားကြောင်းသိရပါတယ်။သူဟာကြားရက်တုန်းကအတ္တလန္တာနှင့်၂ဂိုးစီသရေကျတဲ့ပွဲတွင်ပွဲထွက်ကစားခဲ့ပေမယ့်ပွဲပြီးခါနီးမိနစ်၂၀မှာလူစားလဲခဲ့ရပါတယ်။
ကာဗာနီဟာကြံ့ခိုင်မှုပြည့်ဝခြင်းမရှိတဲ့အပြင်လေ့ကျင့်ခန်းကိုလည်းပုံမှန်အတိုင်းပြုလုပ်နိုင်ခြင်းမရှိကြောင်းသိရပါတယ်။
ဆိုးလ်ရှားဟာအက်ဒီဆင်ကာဗာနီနှင့်ရော်နယ်ဒိုတို့ကိုတိုက်စစ်တွင်အသုံးပြုကာ၃-၅-၂ကစားကွက်ကိုအသုံးပြုနေပါတယ်။သူဟာကာဗာနီနေရာမှာအင်္ဂလန်တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်ကိုအစားထိုးအသုံးပြုသွားဖို့ရှိပါတယ်။
ZawGyi
မန်ချက်စတာဒါဘီပွဲကို ကာဗာနီ လွဲချော်မှုကြောင့် ကြီးမားတဲ့ ထိုးနှက်ချက်ကြုံလာရတဲ့ သရဲနီ