မန်ချက်စတာဒါဘီပွဲကို စိတ်ကောက်ပြီး ပါဝင်မကစားခဲ့တဲ့ ယူနိုက်တက်စတား ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကမန်ချက်စတာဒါဘီရှုံးပွဲကိုစိတ်ကောက်ပြီးပါဝင်မကစားဘဲ ယူနိုက်တက်လူစာရင်းတွင်ချန်လှပ်ခဲ့ကြောင်းသိရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဒဏ်ရာရရှိထားခဲ့ခြင်းမရှိပေမဲ့လည်း မနေ့ညတုန်းက မန်စီးတီးကို၄-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင် ပါဝင်မကစားခဲ့တာလည်းဖြစ်ပါတယ်။

ပေါ်တူဂီစူပါစတားဟာမန်ချက်စတာဒါဘီပွဲတွင်အရန်ခုံတွင်ထိုင်နေရမှာဖြစ်ကြောင်း ယူနိုက်တက်နည်းပြရန်းနစ်ခ်ထံမှသတင်းပေးပို့ခြင်းခံရပြီးနောက် ဒေါသထွက်ကာ သူ့ကိုလူစာရင်းတွင်ပါချန်လှပ်ရန်တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။

ဂျာမန်လူမျိုးနည်းပြကနည်းဗျူဟာကြောင့်ပွဲထွက်လူစာရင်းတွင်ချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းခဲ့ပေမဲ့လည်း ခရစ္စတီယာနိုရော်နယ်ဒိုကလက်မခံဘဲ လူစာရင်းတွင်ပါထည့်သွင်းခြင်းမပြုရန်တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာစနေနေ့တုန်းက Lowry Hotel သို့အသင်းနှင့်အတူ လိုက်ပါနေထိုင်ခဲ့ခြင်းလည်းမရှိပါဘူး။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်စီးတီးနှင့်ပွဲမတိုင်မီ ဘန်လေနှင့်ပွဲတွင်အရန်ခုံနေရပြီးနောက်နောက်ဆုံးငါးပွဲဆက်ပွဲထွက်ကစားလာခဲ့သူလည်းဖြစ်ပါတယ်။

သူဟာ၂၀၂၂ခုနှစ်အတွင်းမှာတစ်ဂိုးတည်းသာသွင်းယူထားနိုင်ကာဂိုးပေါက်ပျောက်ဆုံးနေပါတယ်။

မနေ့ညတုန်းကပွဲတွင် မန်စီးတီးအတွက်ဂိုးများကိုမရာ့ဇ်နှင့်ဒီဘရိုင်းတို့ကနှစ်ဂိုးစီသွင်းခဲ့ကြပြီးယူနိုက်တက်အတွက်ဘဲဥကွဲစေမယ့်ဂိုးကိုဆန်ချိုကသွင်းယူခဲ့တာပါ။

ZawGyi

မန္ခ်က္စတာဒါဘီပြဲကို စိတ္ေကာက္ၿပီး ပါဝင္မကစားခဲ့တဲ့ ယူႏိုက္တက္စတား ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကမန္ခ်က္စတာဒါဘီရႈံးပြဲကိုစိတ္ေကာက္ၿပီးပါဝင္မကစားဘဲ ယူႏိုက္တက္လူစာရင္းတြင္ခ်န္လွပ္ခဲ့ေၾကာင္းသိရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဒဏ္ရာရရွိထားခဲ့ျခင္းမရွိေပမဲ့လည္း မေန႔ညတုန္းက မန္စီးတီးကို၄-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲတြင္ ပါဝင္မကစားခဲ့တာလည္းျဖစ္ပါတယ္။

ေပၚတူဂီစူပါစတားဟာမန္ခ်က္စတာဒါဘီပြဲတြင္အရန္ခုံတြင္ထိုင္ေနရမွာျဖစ္ေၾကာင္း ယူႏိုက္တက္နည္းျပရန္းနစ္ခ္ထံမွသတင္းေပးပို႔ျခင္းခံရၿပီးေနာက္ ေဒါသထြက္ကာ သူ႔ကိုလူစာရင္းတြင္ပါခ်န္လွပ္ရန္ေတာင္းဆိုခဲ့တာလည္းျဖစ္ပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပကနည္းဗ်ဴဟာေၾကာင့္ပြဲထြက္လူစာရင္းတြင္ခ်န္လွပ္ခဲ့ျခင္းျဖစ္ေၾကာင္း ရွင္းလင္းခဲ့ေပမဲ့လည္း ခရစၥတီယာႏိုေရာ္နယ္ဒိုကလက္မခံဘဲ လူစာရင္းတြင္ပါထည့္သြင္းျခင္းမျပဳရန္ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာစေနေန႔တုန္းက Lowry Hotel သို႔အသင္းႏွင့္အတူ လိုက္ပါေနထိုင္ခဲ့ျခင္းလည္းမရွိပါဘူး။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္စီးတီးႏွင့္ပြဲမတိုင္မီ ဘန္ေလႏွင့္ပြဲတြင္အရန္ခုံေနရၿပီးေနာက္ေနာက္ဆုံးငါးပြဲဆက္ပြဲထြက္ကစားလာခဲ့သူလည္းျဖစ္ပါတယ္။

သူဟာ၂၀၂၂ခုႏွစ္အတြင္းမွာတစ္ဂိုးတည္းသာသြင္းယူထားႏိုင္ကာဂိုးေပါက္ေပ်ာက္ဆုံးေနပါတယ္။

မေန႔ညတုန္းကပြဲတြင္ မန္စီးတီးအတြက္ဂိုးမ်ားကိုမရာ့ဇ္ႏွင့္ဒီဘ႐ိုင္းတို႔ကႏွစ္ဂိုးစီသြင္းခဲ့ၾကၿပီးယူႏိုက္တက္အတြက္ဘဲဥကြဲေစမယ့္ဂိုးကိုဆန္ခ်ိဳကသြင္းယူခဲ့တာပါ။