မန်ချက်စတာဒါဘီပွဲစဉ်ကို ခရစ္စတီယာနိုရော်နယ်ဒို လွဲချော်နိုင်

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကယူနိုက်တက်အသင်းဖော်များနှင့်အတူအသင်းတည်းခိုရာ Lowry Hotel သို့ရောက်မလာမှုနဲ့အတူယနေ့ညတွင်ရင်ဆိုင်ကစားရမယ့်မန်ချက်စတာဒါဘီပွဲစဉ်ကိုလွဲချော်ဖို့ရှိနေပါတယ်။

ပေါ်တူဂီစတားအပြင်နည်းပြရေးဖ်ရန်းနစ်ခ်မှာလည်းယူနိုက်တက်ကစားသမားများနှင့်အတူ Lowry Hotel သို့ရောက်လာခြင်းမရှိပါဘူး။

ဒါ့အပြင်ယူနိုက်တက်စာတားများဖြစ်ကြတဲ့လုခ်ရှော၊ရာဖေးလ်ဗာရန်းနှင့်အက်ဒီဆင်ကာဗာနီတို့မှာလည်းအသင်းနှင့်အတူအသင်းတည်းခိုရာဟိုတယ်သို့လိုက်ပါနိုင်ခဲ့ခြင်းမရှိပါဘူး။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဗုဒ္ဓဟူးနေ့တုန်းကလေ့ကျင့်ခန်းအပြည့်အဝဆင်းခဲ့သူဖြစ်ပြီးယင်းနောက်ပိုင်းလေ့ကျင့်ခန်းအစီအစဉ်များတွင်လည်း ဒဏ်ရာရရှိခဲ့ခြင်းမရှိလို့ယူဆရပါတယ်။သူဟာဘာကြောင့်အသင်းနှင့်အတူ တည်းခိုရာLowry Hotel သို့လိုက်ပါခဲ့ခြင်းမရှိသလဲဆိုတောမသိရသေးပါဘူး။

တကယ်လို့များရော်နယ်ဒိုသာမပါဝင်နိုင်ဘူးဆိုပါကရန်းနစ်ခ်ဟာတိုက်စစ်မှာရပ်ရှ်ဖို့ဒ်ကိုအသုံးပြုပြီးတောင်ပံနှစ်ဖက်တွင်ဆန်ချိုနှင့်အီလန်ဂါတို့ကိုအသုံးပြုလာဖို့ရှိပါတယ်။

ဒါ့အပြင်ဂျာမန်လူမျိုးနည်းပြဟာဗာရန်းနေရာတွင်လင်ဒီလော့ဖ်ကိုအစားထိုးအသုံးပြုပြီးလုခ်ရှောနေရာတွင်အဲလက်စ်တဲလ်လက်စ်ကိုအသုံးပြုဖို့ရှိပါတယ်။

Zawgyi

မန္ခ်က္စတာဒါဘီပြဲစဥ္ကို ခရစၥတီယာႏိုေရာ္နယ္ဒို လြဲေခ်ာ္ႏိုင္

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကယူႏိုက္တက္အသင္းေဖာ္မ်ားႏွင့္အတူအသင္းတည္းခိုရာ Lowry Hotel သို႔ေရာက္မလာမႈနဲ႔အတူယေန႔ညတြင္ရင္ဆိုင္ကစားရမယ့္မန္ခ်က္စတာဒါဘီပြဲစဥ္ကိုလြဲေခ်ာ္ဖို႔ရွိေနပါတယ္။

ေပၚတူဂီစတားအျပင္နည္းျပေရးဖ္ရန္းနစ္ခ္မွာလည္းယူႏိုက္တက္ကစားသမားမ်ားႏွင့္အတူ Lowry Hotel သို႔ေရာက္လာျခင္းမရွိပါဘူး။

ဒါ့အျပင္ယူႏိုက္တက္စာတားမ်ားျဖစ္ၾကတဲ့လုခ္ေရွာ၊ရာေဖးလ္ဗာရန္းႏွင့္အက္ဒီဆင္ကာဗာနီတို႔မွာလည္းအသင္းႏွင့္အတူအသင္းတည္းခိုရာဟိုတယ္သို႔လိုက္ပါႏိုင္ခဲ့ျခင္းမရွိပါဘူး။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဗုဒၶဟူးေန႔တုန္းကေလ့က်င့္ခန္းအျပည့္အဝဆင္းခဲ့သူျဖစ္ၿပီးယင္းေနာက္ပိုင္းေလ့က်င့္ခန္းအစီအစဥ္မ်ားတြင္လည္း ဒဏ္ရာရရွိခဲ့ျခင္းမရွိလို႔ယူဆရပါတယ္။သူဟာဘာေၾကာင့္အသင္းႏွင့္အတူ တည္းခိုရာLowry Hotel သို႔လိုက္ပါခဲ့ျခင္းမရွိသလဲဆိုေတာမသိရေသးပါဘူး။

တကယ္လို႔မ်ားေရာ္နယ္ဒိုသာမပါဝင္ႏိုင္ဘူးဆိုပါကရန္းနစ္ခ္ဟာတိုက္စစ္မွာရပ္ရွ္ဖို႔ဒ္ကိုအသုံးျပဳၿပီးေတာင္ပံႏွစ္ဖက္တြင္ဆန္ခ်ိဳႏွင့္အီလန္ဂါတို႔ကိုအသုံးျပဳလာဖို႔ရွိပါတယ္။

ဒါ့အျပင္ဂ်ာမန္လူမ်ိဳးနည္းျပဟာဗာရန္းေနရာတြင္လင္ဒီေလာ့ဖ္ကိုအစားထိုးအသုံးျပဳၿပီးလုခ္ေရွာေနရာတြင္အဲလက္စ္တဲလ္လက္စ္ကိုအသုံးျပဳဖို႔ရွိပါတယ္။