မန်ချက်စတာဒါဘီပွဲစဉ်မှ ရပ်ရှ်ဖို့ဒ်ရဲ့ဒဏ်ရာမှာ ထင်မှတ်ထားသလောက်ဆိုးရွားခြင်းမရှိ

မန်စီးတီးနှင့်ပွဲစဉ်တွင်ရရှိခဲ့တဲ့မန်ယူတိုက်စစ်မှူးမားကပ်စ်ရပ်ရှ်ဖို့ဒ်ရဲ့ခြေကျင်းဝတ်ဒဏ်ရာမှာအစောပိုင်းတုန်းက ထင်မှတ်ထားသလိုခြေကျင်းဝတ်အဆစ်လွဲဒဏ်ရာမဟုတ်ကြောင်းသိရပါတယ်။

ဒါပေမယ့်အင်္ဂလန်တိုက်စစ်မှူးမားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာခြေကျင်းဝတ်ဒဏ်ရာကြောင့်အနည်းငယ်အနားယူရဖို့တော့ ရှိနေကြောင်းသိရပါတယ်။

အသက်၂၃နှစ်ရှိရပ်ရှ်ဖို့ဒ်ဟာတနင်္ဂနွေနေ့တုန်းကမန်စီးတီးအား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့မန်ချက်စတာဒါဘီပွဲစဉ်တွင် အသင်းခံစစ်ကိုပြေးဆင်းကူညီစဉ်ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

သူဟာဒဏ်ရာကိုစစ်ဆေးမှုခံယူခဲ့ပြီးဒဏ်ရာမှာအစောပိုင်းတုန်းကထင်မှတ်ထားသလိုခြေကျင်းဝတ်အဆစ်ဒဏ် ရာမဟုတ်ကြောင်းသိရပါတယ်။ဒါကြောင့်ရပ်ရှ်ဖို့ဒ်ရဲ့ခြေကျင်းဝတ်မှာပွန်းပဲ့ဖြစ်ခဲ့ရာအနည်းငယ်အနားယူရဖို့တော့ ရှိနေပါတယ်။

အခြားတစ်ဖက်မှာရပ်ရှ်ဖို့ဒ်ဟာနိုဝင်ဘာလတုန်းကရရှိခဲ့တဲ့ပုခုံးဒဏ်ရာမှာလုံးဝပျောက်ကင်းခြင်းမရှိသေးဘဲ ကစားနေရာသူ့အနေဖြင့်အနည်းငယ်အနားယူသွားဖို့ရှိနေပါတယ်။

ဒါပေမယ့်သူဟာပုခုံးဒဏ်ရာကိုလာမယ့်နွေရာသီတွင်ကျင်းပမယ့်ယူရို၂၀၂၀ပြိုင်ပွဲအပြီးတွင်မှခွဲစိတ်ကုသမှုပြုလုပ် သွားဖို့ရှိနေပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာယခုရာသီမှာမန်ယူအတွက်၄၃ပွဲကစားထားရာမှာ၃၅ပွဲပွဲထွက်ကစားထားပါတယ်။သူဟာ၁၈ဂိုးသွင်းယူ ကာ၁၂ကြိမ်ဖန်တီးထားပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားဟာကြားရက်တွင်ကစားရမယ့်အေစီမီလန်နှင့်ပွဲစဉ်တွင်ရပ်ရှ်ဖို့ဒ်ကိုအရဲစွန့်အသုံးပြုသွားဖို့ မရှိဘဲကာဗာနီကိုသာအသုံးပြုလာဖို့ရှိပါတယ်။

ZawGyi

မန္ခ်က္စတာဒါဘီပြဲစဥ္မွ ရပ္ရွ္ဖို႔ဒ္ရဲ႕ဒဏ္ရာမွာ ထင္မွတ္ထားသေလာက္ဆိုး႐ြားျခင္းမရွိ

မန္စီးတီးႏွင့္ပြဲစဥ္တြင္ရရွိခဲ့တဲ့မန္ယူတိုက္စစ္မႉးမားကပ္စ္ရပ္ရွ္ဖို႔ဒ္ရဲ႕ေျခက်င္းဝတ္ဒဏ္ရာမွာအေစ
ာပိုင္းတုန္းက ထင္မွတ္ထားသလိုေျခက်င္းဝတ္အဆစ္လြဲဒဏ္ရာမဟုတ္ေၾကာင္းသိရပါတယ္။ဒါေပမယ့္အဂၤလန္တိုက္စစ္မႉးမားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာေျခက်င္းဝတ္ဒဏ္ရာေၾကာင့္အနည္းငယ္အနားယူရဖို႔ေတာ့ ရွိေနေၾကာင္းသိရပါတယ္။

အသက္၂၃ႏွစ္ရွိရပ္ရွ္ဖို႔ဒ္ဟာတနဂၤေႏြေန႔တုန္းကမန္စီးတီးအား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့မန္ခ်က္စတာဒါဘီပြဲစဥ္တြင္ အသင္းခံစစ္ကိုေျပးဆင္းကူညီစဥ္ဒဏ္ရာရရွိသြားခဲ့တာျဖစ္ပါတယ္။

သူဟာဒဏ္ရာကိုစစ္ေဆးမႈခံယူခဲ့ၿပီးဒဏ္ရာမွာအေစာပိုင္းတုန္းကထင္မွတ္ထားသလိုေျခက်င္းဝတ္အဆစ္ဒဏ္ ရာမဟုတ္ေၾကာင္းသိရပါတယ္။ဒါေၾကာင့္ရပ္ရွ္ဖို႔ဒ္ရဲ႕ေျခက်င္းဝတ္မွာပြန္းပဲ့ျဖစ္ခဲ့ရာအနည္းငယ္အနားယူရဖို႔ေတာ့ ရွိေနပါတယ္။

အျခားတစ္ဖက္မွာရပ္ရွ္ဖို႔ဒ္ဟာႏိုဝင္ဘာလတုန္းကရရွိခဲ့တဲ့ပုခုံးဒဏ္ရာမွာလုံးဝေပ်ာက္ကင္းျခင္းမရွိေသးဘဲ ကစားေနရာသူ႔အေနျဖင့္အနည္းငယ္အနားယူသြားဖို႔ရွိေနပါတယ္။

ဒါေပမယ့္သူဟာပုခုံးဒဏ္ရာကိုလာမယ့္ေႏြရာသီတြင္က်င္းပမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအၿပီးတြင္မွခြဲစိတ္ကုသမႈျပဳလုပ္ သြားဖို႔ရွိေနပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာယခုရာသီမွာမန္ယူအတြက္၄၃ပြဲကစားထားရာမွာ၃၅ပြဲပြဲထြက္ကစားထားပါတယ္။သူဟာ၁၈ဂိုးသြင္းယူ ကာ၁၂ႀကိမ္ဖန္တီးထားပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားဟာၾကားရက္တြင္ကစားရမယ့္ေအစီမီလန္ႏွင့္ပြဲစဥ္တြင္ရပ္ရွ္ဖို႔ဒ္ကိုအရဲစြန႔္အသုံးျပဳသြားဖို႔ မရွိဘဲကာဗာနီကိုသာအသုံးျပဳလာဖို႔ရွိပါတယ္။