
အာလင်းဟာလန်းကသူ့ရဲ့ဂိုးသွင်းမှုမှာရပ်တန့်နိုင်တော့မည်မဟုတ်ကြောင်း ပြောကြားကာမန်ချက်စတာယူနိုက်တက်ကိုသတိပေးလာပါတယ်။
မန်စီးတီးတိုက်စစ်မှူးဟာမန်စီးတီးသို့ပြောင်းရွှေ့လာပြီးနောက်ပထမဆုံးကစားတဲ့၉ပွဲတွင်၁၄ဂိုးအထိသွင်းယူထားနိုင်ပါတယ်။
သူဟာပရီးမီးယားလိဂ်တွင်ဟက်ထရစ်နှစ်ကြိမ်သွင်းယူထားပြီးလည်းဖြစ်ပါတယ်။သူဟာယနေ့ညတွင်အီတီဟတ်ကွင်းမှာမန်ချက်စတာဒါဘီပွဲကစားရပါမယ်။
အသက်၂၂နှစ်ရှိနော်ဝေတိုက်စစ်မှူးက “ကျွန်တော့်သာအကောင်းဆုံးပုံစံသွားနေပြီဆိုရင်ဘယ်သူမှရပ်တန့်နိုင်မှာမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။
ဒါ့အပြင်ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်အဖြစ်ရပ်တည်နေတဲ့အရပ်၆ပေ၊၅လက်ရှိမန်စီးတီးတိုက်စစ်မှူးကကြိုတင်တွက်ဆမှုကောင်းမွန်တဲ့ ဂွါဒီယိုလာရဲ့လက်အောက်တွင်ကစားခွင့်ရမှုအတွက် အလွန်ကျေနပ်ရကြောင်းလည်းဆိုသွားပါတယ်။
ဆက်လက်ပြီး၎င်းက “ပွဲမတိုင်ခင်တစ်ရက်မှာသူ(ဂွါဒီယိုလာ)ကျွန်တော့်ကိုဖြစ်လာမယ်လို့ပြောတာတွေက နောက်တစ်နေ့လည်းကျရောတကယ်ပဲဖြစ်လာခဲ့တယ်။တကယ့်ကိုရူးချင်စရာကောင်းတယ်။ဘယ်လိုများလဲဆိုတာနားလည်ရခက်တယ်”လို့ပြောကြားသွားပါတယ်။
ZawGyi
မန္ခ်က္စတာဒါဘီပြဲတြင္လည္း ဂိုးသြင္းႏႈန္းရပ္တန႔္မည္မဟုတ္ဟု ယူႏိုက္တက္ကို ဟာလန္းသတိေပး
အာလင္းဟာလန္းကသူ႔ရဲ႕ဂိုးသြင္းမႈမွာရပ္တန႔္ႏိုင္ေတာ့မည္မဟုတ္ေၾကာင္း ေျပာၾကားကာမန္ခ်က္စတာယူႏိုက္တက္ကိုသတိေပးလာပါတယ္။
မန္စီးတီးတိုက္စစ္မႉးဟာမန္စီးတီးသို႔ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပထမဆုံးကစားတဲ့၉ပြဲတြင္၁၄ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။
သူဟာပရီးမီးယားလိဂ္တြင္ဟက္ထရစ္ႏွစ္ႀကိမ္သြင္းယူထားၿပီးလည္းျဖစ္ပါတယ္။သူဟာယေန႔ညတြင္အီတီဟတ္ကြင္းမွာမန္ခ်က္စတာဒါဘီပြဲကစားရပါမယ္။
အသက္၂၂ႏွစ္ရွိေနာ္ေဝတိုက္စစ္မႉးက “ကြၽန္ေတာ့္သာအေကာင္းဆုံးပုံစံသြားေနၿပီဆိုရင္ဘယ္သူမွရပ္တန႔္ႏိုင္မွာမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။
ဒါ့အျပင္ပရီးမီးယားလိဂ္ဂိုးသြင္းဘုရင္အျဖစ္ရပ္တည္ေနတဲ့အရပ္၆ေပ၊၅လက္ရွိမန္စီးတီးတိုက္စစ္မႉးကႀကိဳတင္တြက္ဆမႈေကာင္းမြန္တဲ့ ဂြါဒီယိုလာရဲ႕လက္ေအာက္တြင္ကစားခြင့္ရမႈအတြက္ အလြန္ေက်နပ္ရေၾကာင္းလည္းဆိုသြားပါတယ္။
ဆက္လက္ၿပီး၎က “ပြဲမတိုင္ခင္တစ္ရက္မွာသူ(ဂြါဒီယိုလာ)ကြၽန္ေတာ့္ကိုျဖစ္လာမယ္လို႔ေျပာတာေတြက ေနာက္တစ္ေန႔လည္းက်ေရာတကယ္ပဲျဖစ္လာခဲ့တယ္။တကယ့္ကို႐ူးခ်င္စရာေကာင္းတယ္။ဘယ္လိုမ်ားလဲဆိုတာနားလည္ရခက္တယ္”လို႔ေျပာၾကားသြားပါတယ္။