
မန်ချက်စတာယူနိုက်တက်ပရိသတ်များဟာတနင်္ဂနွေနေ့တုန်းကပွဲပြီးအောင်မကြည့်ခဲ့ကြဘဲပထမပိုင်းမပြီးခင်၄-၀ဂိုးဖြင့်ရှုံးနိမ့်နေချိန်တွင်ပင်မှအီတီဟတ်ကွင်းအတွင်းမှထွက်ခွာသွားခဲ့ကြပါတယ်။
အဲရစ်တန်ဟက်ရဲ့ယူနိုက်တက်ဟာပထမပိုင်းမပြီးခင်မှာဘဲမန်စီးတီးကိုရှုံးနိမ့်ရန်လုံးဝသေချာသွားခဲ့ပါတယ်။
ပထမပိုင်းမပြီးခင်မှာဘဲ မန်စီးတီးဟာဖီးလ်ဖိုဒန်နှင့်အာလင်းဟာလန်းတို့ရဲ့သွင်းဂိုးနှစ်ဂိုးစီကြောင့်၄-၀ဂိုးဖြင့်ရှုံးနိမ့်နေခဲ့ပါတယ်။
ဖိုဒန်ကပထမပိုင်း၄၄မိနစ်တွင်မန်စီးတီးအတွက်စတုတ္ထဂိုးကိုသွင်းယူလိုက်ချိန်တွင်ယူနိုက်တက်ပရိသတ်များဟာမန်ချက်စတာဒါဘီပွဲအရှက်တကွဲရှုံးနိမ့်ရန်သေချာသွားမှုနှင့်အတူ အီတီဟက်ကွင်းအတွင်းမှထွက်ခွာသွားခဲ့ကြပါတယ်။
ယူနိုက်တက်ပရိသတ်များရဲ့ဆုံးဖြတ်ချက်လည်းမှန်ကန်တယ်လို့ပြောရပါမယ်။မန်စီးတီးဟာဒုတိယပိုင်းမှာအာလင်းဟာလန်းနဲ့ဖီးလ်ဖိုဒန်တို့ရဲ့ဟက်ထရစ်မြောက်ဂိုးများဖြင့်ဂိုးထပ်မံရရှိခဲ့ပါတယ်။
ယူနိုက်တက်အတွက်ချေပဂိုးကိုအန်တိုနီကတစ်ဂိုးနဲ့ လူစားဝင်လာတဲ့ မားကပ်စ်ရက်ဖို့ဒ်က၂ဂိုးသွင်းယူခဲ့ပြီး၆-၃ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
ZawGyi
မန်ချက်စတာဒါဘီပွဲတွင် ပထမပိုင်းမပြီးခင်မှာ ယူနိုက်တက်ပရိသတ်များ ထွက်ခွာသွားခဲ့ကြ
မန်ချက်စတာယူနိုက်တက်ပရိသတ်များဟာတနင်္ဂနွေနေ့တုန်းကပွဲပြီးအောင်မကြည့်ခဲ့ကြဘဲပထမပိုင်းမပြီးခင်၎-၀ဂိုးဖြင့်ရှုံးနိမ့်နေချိန်တွင်ပင်မှအီတီဟတ်ကွင်းအတွင်းမှထွက်ခွာသွားခဲ့ကြပါတယ်။
ပထမပိုင်းမပြီးခင်မှာဘဲ မန်စီးတီးဟာဖီးလ်ဖိုဒန်နှင့်အာလင်းဟာလန်းတို့ရဲ့သွင်းဂိုးနှစ်ဂိုးစီကြောင့်၎-၀ဂိုးဖြင့်ရှုံးနိမ့်နေခဲ့ပါတယ်။