မန်ချက်စတာဒါဘီပွဲတွင် ဟက်ထရစ်သွင်းယူပြီးနောက် စံချိန်သစ် သုံးခု ရေးထိုးနိုင်ခဲ့တဲ့ အာလင်းဟာလန်း

မန်စီးတီးတိုက်စစ်မှူးအာလင်းဟာလန်းဟာမန်ချက်စတာယူနိုက်တက်နှင့်ပွဲစဉ်တွင်ဟက်ထရစ်သွင်းယူနိုင်ပြီးနောက်စံချိန်သစ်သုံးခု ရေးထိုးခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့မန်စီးတီးဟာမနေ့ညတုန်းက အီတီဟတ်ပွဲစဉ်တွင် ဟာလန်းနှင့်ဖီးလ်ဖိုဒန်တို့ရဲ့ဟက်ထရစ်များဖြင့် ၆-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ယင်းနိုင်ပွဲကြောင့်မန်စီးတီးဟာထိပ်ဆုံးမှအာဆင်နယ်နှင့်နှစ်မှတ်အကွာတွင်ဆက်လက်ရပ်တည်နိုင်ခဲ့ပြီးအာလင်းဟာလန်းမှာလည်းပရီးမီးယားလိဂ်တွင်အံ့ဩသင့်ဖွယ်မှတ်တမ်းများရယူလာနိုင်ပါတယ်။

အာလင်းဟာလန်းဟာမန်ချက်စတာဒါဘီဟက်ထရစ်ကြောင့်ပရီးမီးယားလိဂ်တွင်အိမ်ကွင်းသုံးပွဲဆက်ဟက်ထရစ်သွင်းနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာပါတယ်။သူဟာယူနိုက်တက်ပွဲမတိုင်မီခရစ္စတယ်ပဲလေ့စ်၊နော်တင်ဟမ်ဖောရက်စ်တို့နှင့်ပွဲတို့လည်းဟက်ထရစ်သွင်းနိုင်ခဲ့ပါတယ်။

အာလင်းဟာလန်းဟာပရီးမီးယားလိဂ်တွင်သွင်းဂိုး၁၄ဂိုးအထိသွင်းယူထားနိုင်ပြီဖြစ်ကာ ဥရောပထိပ်သီးလိဂ်ကြီးငါးခုတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေပြီးဥရောပရွှေဖိနပ်ဆုအတွက်အခြေအနေကောင်းနေပါတယ်။သူ့နောက်တွင်ဘာစီလိုနာတိုက်စစ်မှူးလီဝန်ဒေါ့စကီးက၉ဂိုး၊ပီအက်စ်ဂျီစတားကိုင်လီယန်ဘက်ပေးက၈ဂိုးတို့ဖြင့်အသီးသီးရပ်တည်နေပါတယ်။

အာလင်းဟာလန်းဟာမနေ့ညတုန်းကမန်ချက်စတာဒါဘီပွဲတွင် ကိုယ်တိုင်ဟက်ထရစ်သွင်းခဲ့ရုံမသာမက ဖီးလ်ဖိုဒန်ဟက်ထရစ်သွင်းနိုင်ရေးအတွက်၂ကြိမ်ဖန်တီးမှုလည်းပြုလုပ်နိုင်ခဲ့ပါတယ်။ဒါကြောင့်အာလင်းဟာလန်းဟာမန်ချက်စတာဒါဘီပွဲသမိုင်းတွင်ဂိုးတွင်တိုက်ရိုက်ပါဝင်မှု၅ကြိမ်ဖြင့်အများဆုံးပါဝင်သူအဖြစ်မှတ်တမ်းရေးထိုးလာပါတယ်။

ဒါ့အပြင်အာလင်းဟာလန်းဟာမန်ချက်စတာဒါဘီသမိုင်းတွင်၁၉၇၀တုန်းကအိုးထရက်ဖို့ဒ်တွင်ဖရန်ဆစ်လီးကဟက်ထရစ်သွင်းပြီးနောက် ပထမဆုံးဟက်ထရစ်သွင်းယူနိုင်တဲ့မန်စီးတီးကစားသမားဖြစ်လာပါတယ်။

သူဟာအိုင်ဟီနာချို(၁၉နှစ်)ပြီးလျှင်မန်ချက်စတာဒါဘီပွဲသမိုင်းတွင်ဒုတိယအသက်အငယ်ဆုံးကစားသမားလည်းဖြစ်ပါတယ်။မနေ့ညကဟက်ထရစ်ရခဲ့တဲ့ ဖီးလ်ဖိုဒန်မှာအာလင်းဟာလန်းထက်၂လအသက်ပိုကြီးပါတယ်။

ဒါ့အပြင်အာလင်းဟာလန်းဟာပရီးမီးယားလိဂ်တွင်၈ပွဲတည်းသာကစားပြီးဟက်ထရစ်သုံးကြိမ်သွင်းကာခရစ္စတီယာနိုရော်နယ်ဒိုထက်ဟက်ထရစ်ပိုမိုသွင်းထားနိုင်ပြီဖြစ်ပါတယ်။

ZawGyi

မန္ခ်က္စတာဒါဘီပြဲတြင္ ဟက္ထရစ္သြင္းယူၿပီးေနာက္ စံခ်ိန္သစ္ သုံးခု ေရးထိုးႏိုင္ခဲ့တဲ့ အာလင္းဟာလန္း

မန္စီးတီးတိုက္စစ္မႉးအာလင္းဟာလန္းဟာမန္ခ်က္စတာယူႏိုက္တက္ႏွင့္ပြဲစဥ္တြင္ဟက္ထရစ္သြင္းယူႏိုင္ၿပီးေနာက္စံခ်ိန္သစ္သုံးခု ေရးထိုးခဲ့ပါတယ္။

ဂြါဒီယိုလာရဲ႕မန္စီးတီးဟာမေန႔ညတုန္းက အီတီဟတ္ပြဲစဥ္တြင္ ဟာလန္းႏွင့္ဖီးလ္ဖိုဒန္တို႔ရဲ႕ဟက္ထရစ္မ်ားျဖင့္ ၆-၃ ဂိုးျဖင့္ အႏိုင္ရရွိခဲ့ပါတယ္။

ယင္းႏိုင္ပြဲေၾကာင့္မန္စီးတီးဟာထိပ္ဆုံးမွအာဆင္နယ္ႏွင့္ႏွစ္မွတ္အကြာတြင္ဆက္လက္ရပ္တည္ႏိုင္ခဲ့ၿပီးအာလင္းဟာလန္းမွာလည္းပရီးမီးယားလိဂ္တြင္အံ့ဩသင့္ဖြယ္မွတ္တမ္းမ်ားရယူလာႏိုင္ပါတယ္။

အာလင္းဟာလန္းဟာမန္ခ်က္စတာဒါဘီဟက္ထရစ္ေၾကာင့္ပရီးမီးယားလိဂ္တြင္အိမ္ကြင္းသုံးပြဲဆက္ဟက္ထရစ္သြင္းႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာပါတယ္။သူဟာယူႏိုက္တက္ပြဲမတိုင္မီခရစၥတယ္ပဲေလ့စ္၊ေနာ္တင္ဟမ္ေဖာရက္စ္တို႔ႏွင့္ပြဲတို႔လည္းဟက္ထရစ္သြင္းႏိုင္ခဲ့ပါတယ္။

အာလင္းဟာလန္းဟာပရီးမီးယားလိဂ္တြင္သြင္းဂိုး၁၄ဂိုးအထိသြင္းယူထားႏိုင္ၿပီျဖစ္ကာ ဥေရာပထိပ္သီးလိဂ္ႀကီးငါးခုတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနၿပီးဥေရာပေ႐ႊဖိနပ္ဆုအတြက္အေျခအေနေကာင္းေနပါတယ္။သူ႔ေနာက္တြင္ဘာစီလိုနာတိုက္စစ္မႉးလီဝန္ေဒါ့စကီးက၉ဂိုး၊ပီအက္စ္ဂ်ီစတားကိုင္လီယန္ဘက္ေပးက၈ဂိုးတို႔ျဖင့္အသီးသီးရပ္တည္ေနပါတယ္။

အာလင္းဟာလန္းဟာမေန႔ညတုန္းကမန္ခ်က္စတာဒါဘီပြဲတြင္ ကိုယ္တိုင္ဟက္ထရစ္သြင္းခဲ့႐ုံမသာမက ဖီးလ္ဖိုဒန္ဟက္ထရစ္သြင္းႏိုင္ေရးအတြက္၂ႀကိမ္ဖန္တီးမႈလည္းျပဳလုပ္ႏိုင္ခဲ့ပါတယ္။ဒါေၾကာင့္အာလင္းဟာလန္းဟာမန္ခ်က္စတာဒါဘီပြဲသမိုင္းတြင္ဂိုးတြင္တိုက္႐ိုက္ပါဝင္မႈ၅ႀကိမ္ျဖင့္အမ်ားဆုံးပါဝင္သူအျဖစ္မွတ္တမ္းေရးထိုးလာပါတယ္။

ဒါ့အျပင္အာလင္းဟာလန္းဟာမန္ခ်က္စတာဒါဘီသမိုင္းတြင္၁၉၇၀တုန္းကအိုးထရက္ဖို႔ဒ္တြင္ဖရန္ဆစ္လီးကဟက္ထရစ္သြင္းၿပီးေနာက္ ပထမဆုံးဟက္ထရစ္သြင္းယူႏိုင္တဲ့မန္စီးတီးကစားသမားျဖစ္လာပါတယ္။

သူဟာအိုင္ဟီနာခ်ိဳ(၁၉ႏွစ္)ၿပီးလွ်င္မန္ခ်က္စတာဒါဘီပြဲသမိုင္းတြင္ဒုတိယအသက္အငယ္ဆုံးကစားသမားလည္းျဖစ္ပါတယ္။မေန႔ညကဟက္ထရစ္ရခဲ့တဲ့ ဖီးလ္ဖိုဒန္မွာအာလင္းဟာလန္းထက္၂လအသက္ပိုႀကီးပါတယ္။

ဒါ့အျပင္အာလင္းဟာလန္းဟာပရီးမီးယားလိဂ္တြင္၈ပြဲတည္းသာကစားၿပီးဟက္ထရစ္သုံးႀကိမ္သြင္းကာခရစၥတီယာႏိုေရာ္နယ္ဒိုထက္ဟက္ထရစ္ပိုမိုသြင္းထားႏိုင္ၿပီျဖစ္ပါတယ္။