မန်ချက်စတာဒါဘီပွဲမတိုင်မီ မန်ယူကစားဖော်များနှင့်နေ့လည်စာအတူစားခဲ့ရာတွင် စိတ်မချမ်းသာစရာအဖြစ် ကြုံခဲ့တဲ့ ရော်နယ်ဒို

အိုလီဂန်းနားဆိုးလ်ရှားရဲ့ရုန်းကန်နေရတဲ့အသင်းဟာစနေနေ့မန်ချက်စတာဒါဘီပွဲမတိုင်မီကစားသမားများအားလုံးစုဖွဲ့ပြီးနေ့လည်စာအတူသွားရောက်စားသောက်ခဲ့ကြပါတယ်။ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုကတော့စိတ်မချမ်းသာစရာအဖြစ်အပျက်တစ်ခုနဲ့ကြုံခဲ့ရပါတယ်။

အသက်၃၆နှစ်ရှိပေါ်တူဂီစူပါစတားဟာလည်းမန်ချက်စတာယူနိုက်တက်ကစားသမားများနှင့်အတူအယ်ထရင်ချမ်ရှိ ဟေးလ်မှ Cibo စားသောက်ဆိုင်တွင်အတူပါဝင်စားသောက်ခဲ့ပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားကတော့ယခုအပတ်အရေးပါတဲ့ပွဲမတိုင်မီကစားသမားများအကြားစည်းလုံးမှုပိုဖြစ်စေမယ့်ယင်းနေ့လည်စာစားပွဲအတွက်ကျေနပ်နေမှာသေချာပါတယ်။

ရော်နယ်ဒိုဟာနေ့လည်စာအတူစားပွဲသို့ဘလေဇာကုတ်ဝတ်ဆင်တက်ရောက်ခဲ့ပြီးအခြားမန်ယူကစားသမားများဖြစ်ကြတဲ့ကာဗာနီ၊မက်ဂွိုင်းယား၊ဂျူအန်မာတာ၊ဂျက်စီလင်ဂတ်၊စကော့မက်တိုမီနေးတို့ကတော့သက်တောင့်သက်သာရှိတဲ့အပြင်ထွက်ဝတ်စုံတွေဝတ်ဆင်ခဲ့ကြပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာစားသောက်ဆိုင်မှာမန်ယူကစားဖော်များနှင့်အတူပျော်ရွှင်စွာစားသောက်ခဲ့ရပေမယ့်လည်းပြန်ထွက်လာချိန်မှာတော့စိတ်အနှောက်အယှက်ဖြစ်စရာကြုံခဲ့ရပါတယ်။

ရော်နယ်ဒိုရဲ့ Range Rover ကားမှာ Parking Ticket ကပ်ခံထားရတာဖြစ်ပါတယ်။ရော်နယ်ဒိုဟာယာဉ်မရပ်ရနေရာမှာရပ်နားထားမှုအတွက်ဒဏ်ကြေးပေးဆောင်ရတော့မှာဖြစ်ပါတယ်။ဒါ့အပြင်ဖရက်ရဲ့Bentley ကားမှာလည်း Parking Ticket ကပ်ထားရပါတယ်။

ZawGyi

မန္ခ်က္စတာဒါဘီပြဲမတိုင္မီ မန္ယူကစားေဖာ္မ်ားႏွင့္ေန႔လည္စာအတူစားခဲ့ရာတြင္ စိတ္မခ်မ္းသာစရာအျဖစ္ ႀကဳံခဲ့တဲ့ ေရာ္နယ္ဒို

အိုလီဂန္းနားဆိုးလ္ရွားရဲ႕႐ုန္းကန္ေနရတဲ့အသင္းဟာစေနေန႔မန္ခ်က္စတာဒါဘီပြဲမတိုင္မီကစားသမားမ်ားအားလုံးစုဖြဲ႕ၿပီးေန႔လည္စာအတူသြားေရာက္စားေသာက္ခဲ့ၾကပါတယ္။ဒါေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုကေတာ့စိတ္မခ်မ္းသာစရာအျဖစ္အပ်က္တစ္ခုနဲ႔ႀကဳံခဲ့ရပါတယ္။

အသက္၃၆ႏွစ္ရွိေပၚတူဂီစူပါစတားဟာလည္းမန္ခ်က္စတာယူႏိုက္တက္ကစားသမားမ်ားႏွင့္အတူအယ္ထရင္ခ်မ္ရွိ ေဟးလ္မွ Cibo စားေသာက္ဆိုင္တြင္အတူပါဝင္စားေသာက္ခဲ့ပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားကေတာ့ယခုအပတ္အေရးပါတဲ့ပြဲမတိုင္မီကစားသမားမ်ားအၾကားစည္းလုံးမႈပိုျဖစ္ေစမယ့္ယင္းေန႔လည္စာစားပြဲအတြက္ေက်နပ္ေနမွာေသခ်ာပါတယ္။

ေရာ္နယ္ဒိုဟာေန႔လည္စာအတူစားပြဲသို႔ဘေလဇာကုတ္ဝတ္ဆင္တက္ေရာက္ခဲ့ၿပီးအျခားမန္ယူကစားသမားမ်ားျဖစ္ၾကတဲ့ကာဗာနီ၊မက္ဂြိဳင္းယား၊ဂ်ဴအန္မာတာ၊ဂ်က္စီလင္ဂတ္၊စေကာ့မက္တိုမီေနးတို႔ကေတာ့သက္ေတာင့္သက္သာရွိတဲ့အျပင္ထြက္ဝတ္စုံေတြဝတ္ဆင္ခဲ့ၾကပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာစားေသာက္ဆိုင္မွာမန္ယူကစားေဖာ္မ်ားႏွင့္အတူေပ်ာ္႐ႊင္စြာစားေသာက္ခဲ့ရေပမယ့္လည္းျပန္ထြက္လာခ်ိန္မွာေတာ့စိတ္အေႏွာက္အယွက္ျဖစ္စရာႀကဳံခဲ့ရပါတယ္။

ေရာ္နယ္ဒိုရဲ႕ Range Rover ကားမွာ Parking Ticket ကပ္ခံထားရတာျဖစ္ပါတယ္။ေရာ္နယ္ဒိုဟာယာဥ္မရပ္ရေနရာမွာရပ္နားထားမႈအတြက္ဒဏ္ေၾကးေပးေဆာင္ရေတာ့မွာျဖစ္ပါတယ္။ဒါ့အျပင္ဖရက္ရဲ႕Bentley ကားမွာလည္း Parking Ticket ကပ္ထားရပါတယ္။