မန်ချက်စတာဒါဘီပွဲအပြီးတွင် ဥမင်လှိုဏ်ခေါင်း ပြဿနာတက်မှုတွင် ဂျက်ဂရဲလ်လစ်ရှ်၊ ဂွါဒီယိုလာနှင့် မက်ဂွိုင်းယားတို့ ပါဝင်ခဲ့ကြ

ဂျက်ဂရဲလ်လစ်ရှ်၊ပက်ဂွါဒီယိုလာနှင့်ဟယ်ရီမက်ဂွိုင်းယားတို့ဟာမနေ့ညတုန်းကမန်ချက်စတာဒါဘီပွဲစဉ်တွင်ယူနိုက်တက်အနိုင်ရရှိသွားပြီးနောက်ဥမင်လှိုဏ်ခေါင်းအတွင်းတွင်ဒေါနဲ့မောနှင့် အချေအတင်စကားများခဲ့ကြကြောင်းသိရပါတယ်။

မနေ့ညတုန်းကအိုးထရက်ဖို့ဒ်ပွဲစဉ်တွင်မန်စီးတီးဟာအရန်အဖြစ်ဝင်ရောက်လာတဲ့ဂျက်ဂရဲလ်လစ်ရှ်ရဲ့ခေါင်းတိုက်ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ယူနိုက်တက်ဟာမားကပ်စ်ရက်ဖို့ဒ်လူကျွံအနေအထားမှဘရူနိုဖာနန်ဒက်စ်သွင်းယူတဲ့ဂိုးဖြင့်ချေပဂိုးရခဲ့ပါတယ်။

ယင်းနောက်၅မိနစ်အကြာတွင်မားကပ်စ်ရက်ဖို့ဒ်ကယူနိုက်တက်အတွက်အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

ယနေ့ညမြောက်လန်ဒန်ဒါဘီပွဲတွင်စပါးစ်ကိုအာဆင်နယ်သာအနိုင်ရရှိလာပါကမန်စီးတီးကိုရမှတ်၈မှတ်အထိဖြတ်ထားလာနိုင်ပါမယ်။

မန်စီးတီးစတားများဟာလူကျွံအနေအထားမျိုးဖြင့်ရက်ဖို့ဒ်ကဘောလုံးရယူရန်ကြိုးပမ်းချိန်တွင်ဖာနန်ဒက်စ် ကန်လိုက်တဲ့ဘောလုံးဖြင့်ယူနိုက်တက်တို့ချေပဂိုးရရှိကာပွဲအလှည့်အပြောင်းဖြစ်သွားမှုအပေါ်ဒေါသထွက်နေခဲ့ကြပါတယ်။

ယူနိုက်တက်ဟာကက်စ်မီရိုချပေးလိုက်တဲ့ဘောလုံးကိုလူကျွံနေတဲ့ရက်ဖို့ဒ် ပြေးလိုက်ခဲ့ပေမဲ့လည်း ဘရူနိုဖာနန်ဒက်စ်ကန်သွင်းမှုနဲ့ချေပဂိုးရခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးကစားသမားများကရက်ဖို့ဒ်မှာဘောလုံးရယူရန်ကြိုးပမ်းမှုနဲ့အတူ လူကျွံနေထားပြီးဖြစ်ရာဘောလုံးမထိပေမဲ့လည်းပြိုင်ဘက်နောက်တန်းကိုအနှောက်အယှက်ပေးနေခြင်းကြောင့် လူကျွံဘောပေးသင့်တယ်လို့ယုံကြည်နေကြပါတယ်။

ဖာနန်ဒက်စ်ဂိုးသွင်းလိုက်ချိန်တွင်စည်းကြပ်ဒိုင်ကအလံထောင်ခဲ့ပေမဲ့ဒိုင်လူကြီးစတူးအပ်အက်ဝဲလ်ဟာဆွေးနွေးမှုပြုလုပ်ပြီးနောက်ယူနိုက်တက်ကိုဂိုးပေးခဲ့ပါတယ်။

ယင်းနောက်ပွဲအပြီးဥမင်လှိုဏ်ခေါင်းအတွင်းတွင်နှစ်ဖက်ကစားသမားတို့အချေအတင်ဒေါသတကြီးပြောဆိုမှုများရှိလာခဲ့တာလည်းဖြစ်ပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်မှာစောဒကတက်ပြောဆိုမှုပြုလုပ်ခဲ့ပေမဲ့ဒေါသမပါကြောင်းသိရပါတယ်။ဒါပေမဲ့ဂွါဒီယိုလာနှင့်မက်ဂွိုင်းယားတို့မှာမူဒေါသဖြင့်ငြင်းနေခဲ့ကြပါတယ်။

မနေ့ညကပွဲအပြီးတွင်မန်စီးတီးနောက်ခံလူအေကန်ဂျီကယူနိုက်တက်တို့ရဲ့ချေပဂိုးအားခွင့်ပြုလိုက်တဲ့ဆုံးဖြတ်ချက်မှာအလွန်ရယ်စရာကောင်းကြောင်းဆိုသွားပါတယ်။

ZawGyi

မန္ခ်က္စတာဒါဘီပြဲအၿပီးတြင္ ဥမင္လႈိဏ္ေခါင္း ျပႆနာတက္မႈတြင္ ဂ်က္ဂရဲလ္လစ္ရွ္၊ ဂြါဒီယိုလာႏွင့္ မက္ဂြိဳင္းယားတို႔ ပါဝင္ခဲ့ၾက

ဂ်က္ဂရဲလ္လစ္ရွ္၊ပက္ဂြါဒီယိုလာႏွင့္ဟယ္ရီမက္ဂြိဳင္းယားတို႔ဟာမေန႔ညတုန္းကမန္ခ်က္စတာဒါဘီပြဲစဥ္တြင္ယူႏိုက္တက္အႏိုင္ရရွိသြားၿပီးေနာက္ဥမင္လႈိဏ္ေခါင္းအတြင္းတြင္ေဒါနဲ႔ေမာႏွင့္ အေခ်အတင္စကားမ်ားခဲ့ၾကေၾကာင္းသိရပါတယ္။

မေန႔ညတုန္းကအိုးထရက္ဖို႔ဒ္ပြဲစဥ္တြင္မန္စီးတီးဟာအရန္အျဖစ္ဝင္ေရာက္လာတဲ့ဂ်က္ဂရဲလ္လစ္ရွ္ရဲ႕ေခါင္းတိုက္ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ယူႏိုက္တက္ဟာမားကပ္စ္ရက္ဖို႔ဒ္လူကြၽံအေနအထားမွဘ႐ူႏိုဖာနန္ဒက္စ္သြင္းယူတဲ့ဂိုးျဖင့္ေခ်ပဂိုးရခဲ့ပါတယ္။

ယင္းေနာက္၅မိနစ္အၾကာတြင္မားကပ္စ္ရက္ဖို႔ဒ္ကယူႏိုက္တက္အတြက္အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။

ယေန႔ညေျမာက္လန္ဒန္ဒါဘီပြဲတြင္စပါးစ္ကိုအာဆင္နယ္သာအႏိုင္ရရွိလာပါကမန္စီးတီးကိုရမွတ္၈မွတ္အထိျဖတ္ထားလာႏိုင္ပါမယ္။

မန္စီးတီးစတားမ်ားဟာလူကြၽံအေနအထားမ်ိဳးျဖင့္ရက္ဖို႔ဒ္ကေဘာလုံးရယူရန္ႀကိဳးပမ္းခ်ိန္တြင္ဖာနန္ဒက္စ္ ကန္လိုက္တဲ့ေဘာလုံးျဖင့္ယူႏိုက္တက္တို႔ေခ်ပဂိုးရရွိကာပြဲအလွည့္အေျပာင္းျဖစ္သြားမႈအေပၚေဒါသထြက္ေနခဲ့ၾကပါတယ္။

ယူႏိုက္တက္ဟာကက္စ္မီ႐ိုခ်ေပးလိုက္တဲ့ေဘာလုံးကိုလူကြၽံေနတဲ့ရက္ဖို႔ဒ္ ေျပးလိုက္ခဲ့ေပမဲ့လည္း ဘ႐ူႏိုဖာနန္ဒက္စ္ကန္သြင္းမႈနဲ႔ေခ်ပဂိုးရခဲ့တာလည္းျဖစ္ပါတယ္။

မန္စီးတီးကစားသမားမ်ားကရက္ဖို႔ဒ္မွာေဘာလုံးရယူရန္ႀကိဳးပမ္းမႈနဲ႔အတူ လူကြၽံေနထားၿပီးျဖစ္ရာေဘာလုံးမထိေပမဲ့လည္းၿပိဳင္ဘက္ေနာက္တန္းကိုအေႏွာက္အယွက္ေပးေနျခင္းေၾကာင့္ လူကြၽံေဘာေပးသင့္တယ္လို႔ယုံၾကည္ေနၾကပါတယ္။

ဖာနန္ဒက္စ္ဂိုးသြင္းလိုက္ခ်ိန္တြင္စည္းၾကပ္ဒိုင္ကအလံေထာင္ခဲ့ေပမဲ့ဒိုင္လူႀကီးစတူးအပ္အက္ဝဲလ္ဟာေဆြးေႏြးမႈျပဳလုပ္ၿပီးေနာက္ယူႏိုက္တက္ကိုဂိုးေပးခဲ့ပါတယ္။

ယင္းေနာက္ပြဲအၿပီးဥမင္လႈိဏ္ေခါင္းအတြင္းတြင္ႏွစ္ဖက္ကစားသမားတို႔အေခ်အတင္ေဒါသတႀကီးေျပာဆိုမႈမ်ားရွိလာခဲ့တာလည္းျဖစ္ပါတယ္။

ဂ်က္ဂရဲလ္လစ္ရွ္မွာေစာဒကတက္ေျပာဆိုမႈျပဳလုပ္ခဲ့ေပမဲ့ေဒါသမပါေၾကာင္းသိရပါတယ္။ဒါေပမဲ့ဂြါဒီယိုလာႏွင့္မက္ဂြိဳင္းယားတို႔မွာမူေဒါသျဖင့္ျငင္းေနခဲ့ၾကပါတယ္။

မေန႔ညကပြဲအၿပီးတြင္မန္စီးတီးေနာက္ခံလူေအကန္ဂ်ီကယူႏိုက္တက္တို႔ရဲ႕ေခ်ပဂိုးအားခြင့္ျပဳလိုက္တဲ့ဆုံးျဖတ္ခ်က္မွာအလြန္ရယ္စရာေကာင္းေၾကာင္းဆိုသြားပါတယ္။