
ကီဗင်ဒီဘရိုင်းဟာမြို့ခံပြိုင်ဘက်ယူနိုက်တက်ကို၆-၃ဂိုးဖြင့်အနိုင်ရတဲ့ပွဲအပြီးမှာခရစ္စတီယာနိုရော်နယ်ဒိုအင်္ကျီကိုရယူပြီးအီတီဟတ်ကွင်းမှထွက်ခွာသွားခဲ့တာတွေ့ရပါတယ်။
ဘယ်လ်ဂျီယံစတားဟာအာလင်းဟာလန်းနှင့်ဖီးလ်ဖိုဒန်တို့ဟက်ထရစ်ကိုယ်စီရရှိခဲ့တဲ့မန်ချက်စတာဒါဘီပွဲတွင် ဖန်တီးမှုနှစ်ကြိမ်ပြုလုပ်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။
ယင်းနေ့နေ့လည်ကတော့အဲရစ်တန်ဟက်နှင့်မန်ချက်စတာကစားသမားများအတွက်ကတော့ဘယ်တော့မှမမှတ်မရချင်တဲ့နေ့လည်ဖြစ်ခဲ့ပါတယ်။
ယခုရာသီတွင်ပရီးမီးယားလိဂ်တွင်တစ်ပွဲတည်းသာပွဲထွက်ခွင့်ရထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ချက်စတာဒါဘီအရှက်တကွဲရှုံးပွဲမှာအရန်အဖြစ်ပင်ဝင်ရောက်ကစားခွင့်မရခဲ့ပါဘူး။ သူဟာပွဲချိန်ပြည့်အရန်ခုံမှာထိုင်ပြီးအသင်းရဲ့စိတ်ပျက်ဖွယ်ရာအတိပြီးတဲ့ခြေစွမ်းကိုကြည့်နေခဲ့ရပါတယ်။
ပွဲအပြီးတွင်အဲရစ်တန်ဟက်ကခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကြီးကျယ်ခမ်းနားတဲ့ကစားသမားဘဝကိုမလေးစားသလိုဖြစ်မှာစိုးလို့အရှက်တကွဲရှုံးပွဲတွင်အရန်အဖြစ်ဝင်ကစားစေခြင်းမပြုတာဖြစ်ကြောင်းဆိုသွားပါတယ်။
ဒါပေမဲ့အချိန်အနည်းငယ်အကြာမှာတော့ကီဗင်ဒီဘရိုင်းဟာခရစ္စတီယာနိုရော်နယ်ဒိုအင်္ကျီကိုရယူပြီးအီတီဟတ်ကွင်းမှထွက်ခွာသွားခဲ့ကြောင်း Daily Mail ကဖော်ပြသွားပါတယ်။
ရော်နယ်ဒိုဟာယင်းပွဲမှာတစ်မိနစ်တောင်ကစားခွင့်မရပေမဲ့ကီဗင်ဒီဘရိုင်းရဲ့တန်ဖိုးထားခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။ရော်နယ်ဒိုဟာလည်းဘယ်လ်ဂျီယံစူပါစတားရဲ့သူ့ရဲ့ကျောနံပါတ်၇အင်္ကျီအားတောင်းဆိုမှုကို လိုက်လျောပေးခဲ့ပါတယ်။
ZawGyi
မန်ချက်စတာဒါဘီပွဲအပြီးတွင် ဂန္ထဝင်ရော်နယ်ဒိုဆီမှ အင်္ကျီလက်ဆောင်တောင်းခဲ့တဲ့ ကီဗင်ဒီဘရိုင်း