မန်ချက်စတာဒါဘီပွဲ ပထမပိုင်းခြေစွမ်းကြောင့် ဒုတိယပိုင်းတွင် နောက်ထပ် ၄ဂိုး၊ ၅ ဂိုးအထိပေးရဦးမယ်လို့ ဆိုခဲ့တဲ့ ရွိုင်ကိန်း

ရွိုင်ကိန်းဟာခါးသီးလှတဲ့မဟာပြိုင်ဘက်မန်စီးတီးနှင့်ပွဲစဉ်ရဲ့ပထမပိုင်းတွင်မန်ယူအသင်းရဲ့ဆိုးရွားလှတဲ့ကစားပုံကြောင့်ဒုတိယပိုင်းတွင်နောက်ထပ်လေးဂိုးမှငါးဂိုးအထိပေးနိုင်သေးတယ်လို့ ပထမပိုင်းအပြီးသုံးသပ်ချက်တွင်ထည့်သွင်းပြောကြားခဲ့ပါတယ်။

မန်ယူဟာယနေ့ညအိုးထရက်ဖို့ဒ်တွင်ကစားခဲ့တဲ့မန်ချက်စတာဒါဘီပွဲတွင်ပွဲအစ၇မိနစ်မှာဘဲအဲရစ်ဘိုင်လီရဲ့ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ဂိုးဖြင့်ဦးဆောင်ဂိုးပေးခဲ့ရပါတယ်။

မန်စီးတီးဟာမန်ယူကိုဆက်တိုက်ဖိအားပေးနိုင်ခဲ့ပြီးစပိန်ဂိုးသမားဒီဂီယာ လက်စွမ်းပြနေမှုကြောင့်ဂိုးများမပေးခဲ့ရတာပါ။

ဒါပေမယ့်ပထမပိုင်းပြီးခါမှာတော့ဒီဂီယာဟာလည်းလုခ်ရှောရဲ့ဆိုးရွားလှတဲ့ခံစစ်ကစားပုံကြောင့်ဘားနာဒိုဆေးလ်ဗားရဲ့ဂိုးကိုခွင့်ပြုပေးခဲ့ရကာဒုတိယဂိုးပေးခဲ့ရပါတယ်။

အိုင်းရစ်သားကြီးက “ဒီကောင်တွေကနိုင်ငံတကာဘောလုံးကစားသမားတွေပါ။သူတို့ရဲ့ခံစစ်ကစားသမားပုံကိုဘယ်လိုမှကိုနားမလည်နိုင်ဘူး။လက်လျှော့လိုက်ပါပြီ။တကယ်လို့များအိမ်ကွင်းမှာမန်ယူအခွင့်အရေးကလေးရခဲ့တယ်ဆိုရင်တောင်အရမ်းကိုအံ့ဩမိမှာဘဲ။သူတို့ကဒီတစ်ရာသီလုံးဒီလိုလုပ်နေတာပါ။အခွင့်အရေးတွေပေးနေကြတယ်။မန်စီးတီးကအခွင့်အရေးကလေး တစ်ကြိမ်နှစ်ကြိမ်လောက်ပေးတာကိုတောင်စိတ်ကြီးဝင်နေကြဦးမယ်။အခိုက်အတန့်နှစ်ကြိမ်ပါပဲ။မန်ယူကတော့လုပ်ချလိုက်ပြန်ပြီ။နောက်ထပ်လေးငါးဂိုးတောင်ပေးရနိုင်သေးတယ်”လို့ပြောကြားခဲ့ပါတယ်။

မန်ယူကစားသမားများဟာပထမပိုင်းအပြီးတွင်ဆိုးရွားလှတဲ့ကစားပုံကြောင့်ပရိသတ်များရဲ့အကြီးအကျယ်လှောင်ပြောင်မှုနဲ့ကြုံခဲ့ရပါတယ်။

ကံကောင်းတာကတော့မန်ယူအသင်းဟာရွိုင်ကိန်းပြောသလိုဘဲဒုတိယပိုင်းမှာလေးငါးဂိုးမပေးခဲ့ရပါဘူး။ မန်ယူဟာအိမ်ကွင်းမှာမန်စီးတီးကို၂-၀ဂိုးနှင့်ပဲရှုံးနိမ့်သွားခဲ့ပါတယ်။

ZawGyi

မန္ခ်က္စတာဒါဘီပြဲ ပထမပိုင္းေျခစြမ္းေၾကာင့္ ဒုတိယပိုင္းတြင္ ေနာက္ထပ္ ၄ဂိုး၊ ၅ ဂိုးအထိေပးရဦးမယ္လို႔ ဆိုခဲ့တဲ့ ႐ြိဳင္ကိန္း

႐ြိဳင္ကိန္းဟာခါးသီးလွတဲ့မဟာၿပိဳင္ဘက္မန္စီးတီးႏွင့္ပြဲစဥ္ရဲ႕ပထမပိုင္းတြင္မန္ယူအသင္းရဲ႕ဆိုး႐ြားလွတဲ့ကစားပုံေၾကာင့္ဒုတိယပိုင္းတြင္ေနာက္ထပ္ေလးဂိုးမွငါးဂိုးအထိေပးႏိုင္ေသးတယ္လို႔ ပထမပိုင္းအၿပီးသုံးသပ္ခ်က္တြင္ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

မန္ယူဟာယေန႔ညအိုးထရက္ဖို႔ဒ္တြင္ကစားခဲ့တဲ့မန္ခ်က္စတာဒါဘီပြဲတြင္ပြဲအစ၇မိနစ္မွာဘဲအဲရစ္ဘိုင္လီရဲ႕ကိုယ့္ဂိုးကိုယ္သြင္းမိတဲ့ဂိုးျဖင့္ဦးေဆာင္ဂိုးေပးခဲ့ရပါတယ္။

မန္စီးတီးဟာမန္ယူကိုဆက္တိုက္ဖိအားေပးႏိုင္ခဲ့ၿပီးစပိန္ဂိုးသမားဒီဂီယာ လက္စြမ္းျပေနမႈေၾကာင့္ဂိုးမ်ားမေပးခဲ့ရတာပါ။

ဒါေပမယ့္ပထမပိုင္းၿပီးခါမွာေတာ့ဒီဂီယာဟာလည္းလုခ္ေရွာရဲ႕ဆိုး႐ြားလွတဲ့ခံစစ္ကစားပုံေၾကာင့္ဘားနာဒိုေဆးလ္ဗားရဲ႕ဂိုးကိုခြင့္ျပဳေပးခဲ့ရကာဒုတိယဂိုးေပးခဲ့ရပါတယ္။

အိုင္းရစ္သားႀကီးက “ဒီေကာင္ေတြကႏိုင္ငံတကာေဘာလုံးကစားသမားေတြပါ။သူတို႔ရဲ႕ခံစစ္ကစားသမားပုံကိုဘယ္လိုမွကိုနားမလည္ႏိုင္ဘူး။လက္ေလွ်ာ့လိုက္ပါၿပီ။တကယ္လို႔မ်ားအိမ္ကြင္းမွာမန္ယူအခြင့္အေရးကေလးရခဲ့တယ္ဆိုရင္ေတာင္အရမ္းကိုအံ့ဩမိမွာဘဲ။သူတို႔ကဒီတစ္ရာသီလုံးဒီလိုလုပ္ေနတာပါ။အခြင့္အေရးေတြေပးေနၾကတယ္။မန္စီးတီးကအခြင့္အေရးကေလး တစ္ႀကိမ္ႏွစ္ႀကိမ္ေလာက္ေပးတာကိုေတာင္စိတ္ႀကီးဝင္ေနၾကဦးမယ္။အခိုက္အတန႔္ႏွစ္ႀကိမ္ပါပဲ။မန္ယူကေတာ့လုပ္ခ်လိုက္ျပန္ၿပီ။ေနာက္ထပ္ေလးငါးဂိုးေတာင္ေပးရႏိုင္ေသးတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မန္ယူကစားသမားမ်ားဟာပထမပိုင္းအၿပီးတြင္ဆိုး႐ြားလွတဲ့ကစားပုံေၾကာင့္ပရိသတ္မ်ားရဲ႕အႀကီးအက်ယ္ေလွာင္ေျပာင္မႈနဲ႔ႀကဳံခဲ့ရပါတယ္။

ကံေကာင္းတာကေတာ့မန္ယူအသင္းဟာ႐ြိဳင္ကိန္းေျပာသလိုဘဲဒုတိယပိုင္းမွာေလးငါးဂိုးမေပးခဲ့ရပါဘူး။ မန္ယူဟာအိမ္ကြင္းမွာမန္စီးတီးကို၂-၀ဂိုးႏွင့္ပဲရႈံးနိမ့္သြားခဲ့ပါတယ္။