မန်ချက်စတာဒါဘီရှုံးပွဲပြီးနောက် သူ့အနာဂတ်နှင့်ပတ်သက်ပြီး ဆိုးလ်ရှား ပြောကြားလာ

အိုလီဂန်းနားဆိုးလ်ရှားကပရီးမီးယားလိဂ်နောက်ဆုံးခြောက်ပွဲတွင်လေးပွဲရှုံးပွဲကြုံထားရသော်လည်းမန်ချက်စတာယူနိုက်တက်ရဲ့ရာသီကိုအလှည့်အပြောင်းဖြစ်လာအောင်လုပ်နိုင်စွမ်းရှိနေဆဲဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

မန်ယူဟာမနေ့ညတုန်းကမန်စီးတီးနှင့်မန်ချက်စတာဒါဘီပွဲစဉ်တွင် အိုးထရက်ဖို့ဒ်တွင်ပင်၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။မန်ယူဟာယင်းပွဲမတိုင်မီလီဗာပူးကိုလည်းအိုးထရက်ဖို့ဒ်တွင်၅-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

မန်စီးတီးအားရှုံးနိမ့်တဲ့ပွဲအပြီးတွင်မန်ယူပရိသတ်များဟာဥမင်လှိုဏ်ခေါင်းသို့ဝင်ရောက်ဖို့သွားနေတဲ့အိုလီဂန်းနားဆိုးလ်ရှားကိုအသင်းမှထွက်ခွာရန်အော်ဟစ်ပြောကြားခဲ့ပါတယ်။

မန်ယူရဲ့ရာသီကိုအပြောင်းအလဲဖြစ်အောင်လုပ်နိုင်သေးလားလို့မေးမြန်းလာမှုကိုဆိုးလ်ရှားက “သိပ်သေချာတာပေါ့။ကျွန်တော်တို့ရှိသင့်ရှိထိုက်တဲ့နေရာသို့ပြန်ရောက်လာပါမယ်။အခုဆိုကျွန်တော်တို့ဟာစိတ်ပျက်စရာရက်သတ္တပတ်ကြုံလာတာသုံးလေးပတ်ရှိပါပြီ။စပါးစ်နဲ့ပွဲရလဒ်ကကောင်းပေမယ့်ကျွန်တော်တို့လိုချင်တဲ့ပုံမဟုတ်ပါဘူး။ကျွန်တော်တို့သွားချင်တဲ့လမ်းမျိုးမဟုတ်ပါဘူး။ကျွန်တော်တို့ကဒီထက်အနိုင်ရလိုစိတ်ပြင်းပြတဲ့ပုံနဲ့သွားချင်တာ။ကျွန်တော်တို့ဟာအတ္တလန္တာ၊စပါးစ်နဲ့ပွဲမှာရလဒ်ကောင်းရခဲ့ပေမယ့်ဒီနေ့မှာတော့နောက်ပြန်ဆုတ်ခဲ့ရပါပြီ”လို့ပြောကြားသွားပါတယ်။

သူ့အနာဂတ်နှင့်ပတ်သက်ပြီးတော့လည်းဆိုးလ်ရှားက “ကလပ်နဲ့အချိန်တိုင်းကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ကျွန်တော်တို့အကြားမှာအမြဲတမ်းရိုးရိုးသားသားပဲဆွေးနွေးကြပါတယ်။ကျွန်တော်ဟာမန်ချက်စတာယူနိုက်တက်အတွက်အလုပ်လုပ်ပါတယ်။မန်ယူအတွက်အကောင်းဆုံးဘဲဖြစ်စေချင်ပါတယ်။ကျွန်တော်ဒီမှာရှိနေသမျှကာလပတ်လုံးပိုပြီးတော့တိုးတက်အောင်ပဲလုပ်သွားပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

မန္ခ်က္စတာဒါဘီရႈံးပြဲၿပီးေနာက္ သူ႔အနာဂတ္ႏွင့္ပတ္သက္ၿပီး ဆိုးလ္ရွား ေျပာၾကားလာ

အိုလီဂန္းနားဆိုးလ္ရွားကပရီးမီးယားလိဂ္ေနာက္ဆုံးေျခာက္ပြဲတြင္ေလးပြဲရႈံးပြဲႀကဳံထားရေသာ္လည္းမန္ခ်က္စတာယူႏိုက္တက္ရဲ႕ရာသီကိုအလွည့္အေျပာင္းျဖစ္လာေအာင္လုပ္ႏိုင္စြမ္းရွိေနဆဲျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

မန္ယူဟာမေန႔ညတုန္းကမန္စီးတီးႏွင့္မန္ခ်က္စတာဒါဘီပြဲစဥ္တြင္ အိုးထရက္ဖို႔ဒ္တြင္ပင္၂-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။မန္ယူဟာယင္းပြဲမတိုင္မီလီဗာပူးကိုလည္းအိုးထရက္ဖို႔ဒ္တြင္၅-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

မန္စီးတီးအားရႈံးနိမ့္တဲ့ပြဲအၿပီးတြင္မန္ယူပရိသတ္မ်ားဟာဥမင္လႈိဏ္ေခါင္းသို႔ဝင္ေရာက္ဖို႔သြားေနတဲ့အိုလီဂန္းနားဆိုးလ္ရွားကိုအသင္းမွထြက္ခြာရန္ေအာ္ဟစ္ေျပာၾကားခဲ့ပါတယ္။

မန္ယူရဲ႕ရာသီကိုအေျပာင္းအလဲျဖစ္ေအာင္လုပ္ႏိုင္ေသးလားလို႔ေမးျမန္းလာမႈကိုဆိုးလ္ရွားက “သိပ္ေသခ်ာတာေပါ့။ကြၽန္ေတာ္တို႔ရွိသင့္ရွိထိုက္တဲ့ေနရာသို႔ျပန္ေရာက္လာပါမယ္။အခုဆိုကြၽန္ေတာ္တို႔ဟာစိတ္ပ်က္စရာရက္သတၱပတ္ႀကဳံလာတာသုံးေလးပတ္ရွိပါၿပီ။စပါးစ္နဲ႔ပြဲရလဒ္ကေကာင္းေပမယ့္ကြၽန္ေတာ္တို႔လိုခ်င္တဲ့ပုံမဟုတ္ပါဘူး။ကြၽန္ေတာ္တို႔သြားခ်င္တဲ့လမ္းမ်ိဳးမဟုတ္ပါဘူး။ကြၽန္ေတာ္တို႔ကဒီထက္အႏိုင္ရလိုစိတ္ျပင္းျပတဲ့ပုံနဲ႔သြားခ်င္တာ။ကြၽန္ေတာ္တို႔ဟာအတၱလႏၲာ၊စပါးစ္နဲ႔ပြဲမွာရလဒ္ေကာင္းရခဲ့ေပမယ့္ဒီေန႔မွာေတာ့ေနာက္ျပန္ဆုတ္ခဲ့ရပါၿပီ”လို႔ေျပာၾကားသြားပါတယ္။

သူ႔အနာဂတ္ႏွင့္ပတ္သက္ၿပီးေတာ့လည္းဆိုးလ္ရွားက “ကလပ္နဲ႔အခ်ိန္တိုင္းေကာင္းမြန္တဲ့ဆက္ဆံေရးရွိပါတယ္။ကြၽန္ေတာ္တို႔အၾကားမွာအၿမဲတမ္း႐ိုး႐ိုးသားသားပဲေဆြးေႏြးၾကပါတယ္။ကြၽန္ေတာ္ဟာမန္ခ်က္စတာယူႏိုက္တက္အတြက္အလုပ္လုပ္ပါတယ္။မန္ယူအတြက္အေကာင္းဆုံးဘဲျဖစ္ေစခ်င္ပါတယ္။ကြၽန္ေတာ္ဒီမွာရွိေနသမွ်ကာလပတ္လုံးပိုၿပီးေတာ့တိုးတက္ေအာင္ပဲလုပ္သြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။