မန်ချက်စတာဒါဘီသမိုင်းတွင် ဘယ်သူမှမလိုချင်တဲ့စံချိန်ရယူသွားခဲ့တဲ့ အဲရစ်ဘိုင်လီ

အဲရစ်ဘိုင်လီဟာမန်ချက်စတာဒါဘီသမိုင်းတွင်ဘယ်သူမှမလိုချင်တဲ့မှတ်တမ်းဆိုးကြီးတစ်ခုကို ကိုယ့်ဂိုးကိုယ်သွင်းမိပြီးရယူသွားခဲ့ပါတယ်။

အဲရစ်ဘိုင်လီဟာအိုးထရက်ဖို့ဒ်မှာကစားတဲ့မန်ချက်စတာဒါဘီပွဲစဉ်ရဲ့ပွဲအစ၇မိနစ်မှာဘဲကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာဖြစ်ပါတယ်။

အဲရစ်ဘိုင်လီဟာယင်းကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ဂိုးကြောင့်မန်ချက်စတာဒါဘီသမိုင်းတွင်ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ပထမဆုံးမန်ချက်စတာယူနိုက်တက်ကစားသမားဖြစ်လာခဲ့ပါတယ်။

အဲရစ်ဘိုင်လီဟာကန်စီလိုရဲ့ဖြတ်တင်ဘောကိုဖျက်ထုတ်မှုရာကန်ချက်လွဲပြီးကိုယ်ဂိုးကိုယ်သွင်းမိခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာလည်းပထမပိုင်းအပြီးမှာအဲရစ်ဘိုင်လီနေရာမှာဆန်ချိုကိုထည့်သွင်းပြီးအပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။မန်စီးတီးဟာပထမပိုင်းပြီးခါနီးမှာဆေးလ်ဗားရဲ့ကန်စီလိုရဲ့ဖန်တီးမှုကနေအနီးကပ်ပိတ်သွင်းပြီးဒုတိယဂိုးရရှိမှုနဲ့အတူပထမပိုင်းမှာမန်ယူကို၂-၀ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။

ZawGyi





