မန်ချက်စတာဒါဘီအရှက်တကွဲရှုံးပွဲတွင် အဲရစ်တန်ဟက်ရဲ့နည်းဗျူဟာပိုင်း ချမှတ်မှုကို မလိုက်နာခဲ့တဲ့ အန်တိုနီ

အန်တိုနီဟာတနင်္ဂနွေနေ့တုန်းကမန်ချက်စတာဒါဘီပွဲစဉ်တွင်၆-၃ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်နည်းပြအဲရစ်တန်ဟက်ကညွှန်ကြားထားတဲ့အတိုင်းနည်းဗျူဟာပိုင်းလိုက်နာပြုလုပ်ခဲ့ခြင်းမရှိပါဘူး။

ဘရာဇီးတောင်ပံစတားဟာနွေရာသီတုန်းကဒတ်ချ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၈၅.၅သန်းဖြင့်ဆရာဟောင်းအဲရစ်တန်ဟက်ရှိရာယူနိုက်တက်သို့ပြောင်းရွှေ့လာခဲ့ပါတယ်။

အဲရစ်တန်ဟက်ဟာယူနိုက်တက်သို့ပူးပေါင်းလာကတည်းကအန်တိုနီကို ကာရင်တန်လေ့ကျင့်ရေးကွင်းတွင်အသင်းရဲ့ခံစစ်ပိုင်းကိုလည်းအကူအညီပေးရန်လေ့ကျင့်ညွှန်ကြားမှုများပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင်ဒတ်ချ်လူမျိုးနည်းပြဟာအီတီဟတ်ပွဲမတိုင်မီလေ့ကျင့်ရေးကွင်းမှာတုန်းကလည်းအသက်၂၂နှစ်ရှိကစားသမားအားခံစစ်ပိုင်းကူညီရန်ညွှန်ကြားခဲ့ပါတယ်။

ဒါပေမဲ့တကယ်တမ်းမှာတော့အန်တိုနီဟာပွဲကစားချိန်မှာညာနောက်ခံလူဒါလော့ကိုအကူအညီပေးခဲ့ခြင်းမရှိပါဘူး။ပေါ်တူဂီညာနောက်ခံလူဒါလော့ဟာဂျက်ဂရဲလ်လစ်ရှ်နဲ့ဘာနာဒိုဆေးလ်ဗားအတွဲရဲ့တိုက်စစ်ဒဏ်ကိုအလူးအလဲခံခဲ့ရပါတယ်။

တဖက်တွင်ဂျာဒွန်ဆန်ချိုဟာလည်းသူ့ဘယ်ခြမ်းရှိ နောက်တန်းအစွန်လူမာလာစီယာကိုကူညီခဲ့ခြင်းမရှိပါဘူး။

ယူနိုက်တက်ဟာပထမပိုင်းမှာတင်၄-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးပွဲအပြီးတွင်၆-၃ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

မန်ချက်စတာဒါဘီရှုံးပွဲအပြီးတွင်ယူနိုက်တက်ဂန္ထဝင်ပေါလ်စခိုးကနောက်တန်းအစွန်ခံစစ်ကိုကူညီခဲ့ခြင်းမရှိတဲ့ဆန်ချိုနှင့်အန်တိုနီတို့အား ဒေးဗစ်ဘက်ဟမ်းနှင့်ရိုင်ယန်ဂစ်တို့ဓာတ်ပုံတင်ကာ  “Anyone remember when wingers used to help their full-backs?လို့ စာရေးပြီး ပို့စ်တင်ကာတိုက်ခိုက်သွားပါသေးတယ်။

ယူနိုက်တက်ဟာကြာပသတေးနေ့တွင် ဆိုက်စ်ပရပ်စ်သို့သွားရောက်ကာအိုမိုနီယာနီကိုရှားနှင့်ယူရိုပါလိဂ်ပွဲကစားသွားရပါမယ်။

ZawGyi

မန္ခ်က္စတာဒါဘီအရွက္တကြဲရႈံးပြဲတြင္ အဲရစ္တန္ဟက္ရဲ႕နည္းဗ်ဴဟာပိုင္း ခ်မွတ္မႈကို မလိုက္နာခဲ့တဲ့ အန္တိုနီ

အန္တိုနီဟာတနဂၤေႏြေန႔တုန္းကမန္ခ်က္စတာဒါဘီပြဲစဥ္တြင္၆-၃ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲတြင္နည္းျပအဲရစ္တန္ဟက္ကၫႊန္ၾကားထားတဲ့အတိုင္းနည္းဗ်ဴဟာပိုင္းလိုက္နာျပဳလုပ္ခဲ့ျခင္းမရွိပါဘူး။

ဘရာဇီးေတာင္ပံစတားဟာေႏြရာသီတုန္းကဒတ္ခ်္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၈၅.၅သန္းျဖင့္ဆရာေဟာင္းအဲရစ္တန္ဟက္ရွိရာယူႏိုက္တက္သို႔ေျပာင္းေ႐ႊ႕လာခဲ့ပါတယ္။

အဲရစ္တန္ဟက္ဟာယူႏိုက္တက္သို႔ပူးေပါင္းလာကတည္းကအန္တိုနီကို ကာရင္တန္ေလ့က်င့္ေရးကြင္းတြင္အသင္းရဲ႕ခံစစ္ပိုင္းကိုလည္းအကူအညီေပးရန္ေလ့က်င့္ၫႊန္ၾကားမႈမ်ားျပဳလုပ္ခဲ့ပါတယ္။

ဒါ့အျပင္ဒတ္ခ်္လူမ်ိဳးနည္းျပဟာအီတီဟတ္ပြဲမတိုင္မီေလ့က်င့္ေရးကြင္းမွာတုန္းကလည္းအသက္၂၂ႏွစ္ရွိကစားသမားအားခံစစ္ပိုင္းကူညီရန္ၫႊန္ၾကားခဲ့ပါတယ္။

ဒါေပမဲ့တကယ္တမ္းမွာေတာ့အန္တိုနီဟာပြဲကစားခ်ိန္မွာညာေနာက္ခံလူဒါေလာ့ကိုအကူအညီေပးခဲ့ျခင္းမရွိပါဘူး။ေပၚတူဂီညာေနာက္ခံလူဒါေလာ့ဟာဂ်က္ဂရဲလ္လစ္ရွ္နဲ႔ဘာနာဒိုေဆးလ္ဗားအတြဲရဲ႕တိုက္စစ္ဒဏ္ကိုအလူးအလဲခံခဲ့ရပါတယ္။

တဖက္တြင္ဂ်ာဒြန္ဆန္ခ်ိဳဟာလည္းသူ႔ဘယ္ျခမ္းရွိ ေနာက္တန္းအစြန္လူမာလာစီယာကိုကူညီခဲ့ျခင္းမရွိပါဘူး။

ယူႏိုက္တက္ဟာပထမပိုင္းမွာတင္၄-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးပြဲအၿပီးတြင္၆-၃ျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

မန္ခ်က္စတာဒါဘီရႈံးပြဲအၿပီးတြင္ယူႏိုက္တက္ဂႏၴဝင္ေပါလ္စခိုးကေနာက္တန္းအစြန္ခံစစ္ကိုကူညီခဲ့ျခင္းမရွိတဲ့ဆန္ခ်ိဳႏွင့္အန္တိုနီတို႔အား ေဒးဗစ္ဘက္ဟမ္းႏွင့္႐ိုင္ယန္ဂစ္တို႔ဓာတ္ပုံတင္ကာ  “Anyone remember when wingers used to help their full-backs?လို႔ စာေရးၿပီး ပို႔စ္တင္ကာတိုက္ခိုက္သြားပါေသးတယ္။

ယူႏိုက္တက္ဟာၾကာပသေတးေန႔တြင္ ဆိုက္စ္ပရပ္စ္သို႔သြားေရာက္ကာအိုမိုနီယာနီကိုရွားႏွင့္ယူ႐ိုပါလိဂ္ပြဲကစားသြားရပါမယ္။