မန်ချက်စတာယူနိုက်တက်ကို ရောင်းချရန် စဉ်းစားပေးလာတော့မယ့် ဂလေဇာမိသားစု

မန်ချက်စတာယူနိုက်တက်ပိုင်ရှင်ဂလေဇာမိသားစုကကလပ်ကိုရောင်းချရန်စဉ်းစားသွားမည်ဖြစ်ကြောင်းဖွင့်ဟလာကြပြီဖြစ်ပါတယ်။

အမေရိကန်ပိုင်ရှင်များဟာ၂၀၀၅ခုနှစ်တုန်းကအိုးထရက်ဖို့ဒ်ကလပ်ကိုပေါင်သန်း၇၉၀(ဒေါ်လာ၁.၃၄ဘီလီယံ)ဖြင့်ဝယ်ယူလာခဲ့ကြတာဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်များဟာဂလေဇာကိုဆန့်ကျင်ကာကလပ်ကိုရောင်းချရေးအတွက်နှစ်ပေါင်းများစွာဆန္ဒပြသပိတ်မှောက်မှုများပြုလုပ်လာခဲ့ကြပါတယ်။

ယခုအခါမှာတော့ဂလေဇာမိသားစုကကလပ်ကိုရေရှည်အောင်မြင်မှုရယူနိုင်ရေးအတွက် ကလပ်တွင်ရင်းနှီးမြှပ်နှံမှုလက်ခံခြင်း(သို့မဟုတ်)ကလပ်ကိုရောင်းချခြင်းတို့ပြုလုပ်လာတော့မှာဖြစ်ကြောင်းကြေညာလာခဲ့ပြီဖြစ်ပါတယ်။

ဂလေဇာမိသားစုဟာယူနိုက်တက်အပြင်၁၉၉၅ခုနှစ်ကတည်းက NFL ကလ ပ် Tampa Bay Buccaneers ကိုပိုင်ဆိုင်လာတဲ့အပြင်၂၀၂၁ခုနှစ်တုန်းကလည်းUnited Arab Emirates Twenty20 ခရစ်ကတ်လိဂ်အသင်းတစ်သင်းဝယ်ယူခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလတုန်းကချဲလ်ဆီးကိုပေါင်၄.၂၅ဘီလီယံဖြင့်ရောင်းချမှုအားလုပ်ဆောင်ခဲ့တဲ့ အမေရိကန်ရင်းနှီးမြှပ်နှံရေးကုမ္ပဏီ Raine Group ဟာ ယူနိုက်တက်ရဲ့ဘဏ္ဍာရေးဆိုင်ရာအမှုဆောင်အကြံပေးအဖြစ်ဆောင်ရွက်နေပြီးယူနိုက်တက်တွင်ရင်းနှီးမြှပ်နှံသူကိုရှာဖွေပေးလာဖို့ရှိနေပါတယ်။

ဒါပေမဲ့မီဒီယာများရဲ့ဖော်ပြချက်အရဂလေဇာမိသားစုဟာယူနိုက်တက်ကိုရောင်းချရမည်ဆိုပါကလည်းပေါင်၉ဘီလီယံအထိတောင်းလာဖို့ရှိပါတယ်။တကယ်လို့များယင်းပမာဏဖြင့်သာဂလေဇာမိသားစုရောင်းချနိုင်ပါက ကမ္ဘာ့တန်ဖိုးအကြီးဆုံးအားကစားကလပ်ဖြစ်လာပါမယ်။

ZawGyi

မန္ခ်က္စတာယူႏိုက္တက္ကို ေရာင္းခ်ရန္ စဥ္းစားေပးလာေတာ့မယ့္ ဂေလဇာမိသားစု

မန္ခ်က္စတာယူႏိုက္တက္ပိုင္ရွင္ဂေလဇာမိသားစုကကလပ္ကိုေရာင္းခ်ရန္စဥ္းစားသြားမည္ျဖစ္ေၾကာင္းဖြင့္ဟလာၾကၿပီျဖစ္ပါတယ္။

အေမရိကန္ပိုင္ရွင္မ်ားဟာ၂၀၀၅ခုႏွစ္တုန္းကအိုးထရက္ဖို႔ဒ္ကလပ္ကိုေပါင္သန္း၇၉၀(ေဒၚလာ၁.၃၄ဘီလီယံ)ျဖင့္ဝယ္ယူလာခဲ့ၾကတာျဖစ္ပါတယ္။

ယူႏိုက္တက္ပရိသတ္မ်ားဟာဂေလဇာကိုဆန႔္က်င္ကာကလပ္ကိုေရာင္းခ်ေရးအတြက္ႏွစ္ေပါင္းမ်ားစြာဆႏၵျပသပိတ္ေမွာက္မႈမ်ားျပဳလုပ္လာခဲ့ၾကပါတယ္။

ယခုအခါမွာေတာ့ဂေလဇာမိသားစုကကလပ္ကိုေရရွည္ေအာင္ျမင္မႈရယူႏိုင္ေရးအတြက္ ကလပ္တြင္ရင္းႏွီးျမႇပ္ႏွံမႈလက္ခံျခင္း(သို႔မဟုတ္)ကလပ္ကိုေရာင္းခ်ျခင္းတို႔ျပဳလုပ္လာေတာ့မွာျဖစ္ေၾကာင္းေၾကညာလာခဲ့ၿပီျဖစ္ပါတယ္။

ဂေလဇာမိသားစုဟာယူႏိုက္တက္အျပင္၁၉၉၅ခုႏွစ္ကတည္းက NFL ကလ ပ္ Tampa Bay Buccaneers ကိုပိုင္ဆိုင္လာတဲ့အျပင္၂၀၂၁ခုႏွစ္တုန္းကလည္းUnited Arab Emirates Twenty20 ခရစ္ကတ္လိဂ္အသင္းတစ္သင္းဝယ္ယူခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေမလတုန္းကခ်ဲလ္ဆီးကိုေပါင္၄.၂၅ဘီလီယံျဖင့္ေရာင္းခ်မႈအားလုပ္ေဆာင္ခဲ့တဲ့ အေမရိကန္ရင္းႏွီးျမႇပ္ႏွံေရးကုမၸဏီ Raine Group ဟာ ယူႏိုက္တက္ရဲ႕ဘ႑ာေရးဆိုင္ရာအမႈေဆာင္အႀကံေပးအျဖစ္ေဆာင္႐ြက္ေနၿပီးယူႏိုက္တက္တြင္ရင္းႏွီးျမႇပ္ႏွံသူကိုရွာေဖြေပးလာဖို႔ရွိေနပါတယ္။

ဒါေပမဲ့မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဂေလဇာမိသားစုဟာယူႏိုက္တက္ကိုေရာင္းခ်ရမည္ဆိုပါကလည္းေပါင္၉ဘီလီယံအထိေတာင္းလာဖို႔ရွိပါတယ္။တကယ္လို႔မ်ားယင္းပမာဏျဖင့္သာဂေလဇာမိသားစုေရာင္းခ်ႏိုင္ပါက ကမာၻ႔တန္ဖိုးအႀကီးဆုံးအားကစားကလပ္ျဖစ္လာပါမယ္။