မန်ချက်စတာယူနိုက်တက်တွင် ကစားသမားများရဲ့သပိတ်နဲ့ ထိပ်တိုက်တွေ့ရတော့မယ့် ဆိုးလ်ရှား

ယနေ့ထွက်ပေါ်လာတဲ့သတင်းအရအိုလီဂန်းနားဆိုးလ်ရှားဟာမန်ချက်စတာယူနိုက်တက်တွင်သူ့နည်းပြဘဝအဆုံးသတ်ရလောက်နိုင်တဲ့အထိဖြစ်သွားနိုင်တဲ့ ကစားသမားသပိတ်နှင့်ရင်ဆိုင်ရဖို့ရှိနေကြောင်းသိရပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားဟာပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်းတွင်ဖိအားများနှင့်ရင်ဆိုင်လာသူလည်းဖြစ်ပါတယ်။လီဗာပူးကိုအိုးထရက်ဖို့ဒ်တွင်၅-၀ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက်မန်ယူပရိသတ်များကဆိုးလ်ရှားအနာဂတ်ပြီးဆုံးပြီလို့ယုံကြည်ခဲ့ကြပါတယ်။

ဒါပေမယ့်ဆိုးလ်ရှားဟာစပါးစ်ကိုအဝေးကွင်းတွင်၃-၀ဂိုးဖြင့်အနိုင်ရရှိအောင် ဦးဆောင်ကာစပါးစ်နည်းပြနူနိုအက်စ်ပီရီတိုဆန်တိုအားထုတ်ပယ်ခံရအောင် လုပ်ဆောင်နိုင်ခဲ့ကာဖိအားအနည်းငယ်လျှော့ကျခဲ့ပါတယ်။ဒါပေမယ့်ဆိုးလ်ရှားဟာအိုးရက်ဖို့ဒ်တွင်မြို့ခံပြိုင်ဘက်မန်စီးတီးအား၂-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်ခြေရှုံး၊ဂိုးရှုံးမှုနဲ့အတူအထုတ်ခံရမယ့်အရေးနှင့်ရင်ဆိုင်လာရပြန်ပါတယ်။

Daily Mail သတင်းစာရဲ့ဖော်ပြချက်အရမန်ယူအသင်းဘုတ်အဖွဲ့ဟာနွေရာသီတုန်းကမှသုံးနှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ဆိုးလ်ရှားကိုမည်သို့ရလဒ်ထွက်လာပါစေရာသီအကုန်အထိလက်တွဲစောင့်ကြည့်သွားလိုနေခဲ့ကြပါတယ်။ဒါပေမယ့်အိမ်ကွင်းတွင်နှစ်ပွဲဆက်အရှုံးနှင့်ရင်ဆိုင်ရမှုနဲ့အတူဆိုးလ်ရှားအနာဂတ်မှာအပြောင်းလဲကြီးပြောင်းလဲလာမယ့်အနေအထားမှာရှိနေပြီဖြစ်ပါတယ်။

တစ်ဖက်တွင်မန်ယူကစားသမားများဟာဂန္ထဝင်တိုက်စစ်မှူးရဲ့စီမံခန့်ခန့်ခွဲမှုများအပေါ်တွင်မပျော်မရွှင်ဖြစ်နေပြီးသပိတ်ဆင်နွဲရန်စီစဉ်လာဖို့ရှိနေပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာဆိုးလ်ရှားနှင့်နည်းပြအဖွဲ့ကိုလက်မခံတဲ့မန်ယူကစားသမားများထဲတွင်တစ်ဦးအပါအဝင်ဖြစ်ပါတယ်။၎င်းကဆိုးလ်ရှားနှင့်နည်းပြအဖွဲ့ဝင်များမှာမှန်ကန်တဲ့လမ်းညွှန်မှုပြုလုပ်နိုင်ခြင်းမရှိဘူးလို့ယုံကြည်နေပါတယ်။

ဒါ့အပြင်ဘရူနိုဖာနန်ဒက်စ်အပါအဝင်မန်ယူကစားသမားများကဆိုးလ်ရှားရဲ့လက်ထောက်နည်းပြများဖြစ်ကြတဲ့မိုက်ကယ်ကာရစ်၊ကီရန်မက်ကန်နာတို့မှာစီနီယာတာဝန်များရယူနေကြသော်လည်းနည်းပြအလုပ်ကိုသင်ယူဆဲဖြစ်ကာကောင်းမွန်တဲ့လမ်းညွှန်မှုပြုလုပ်နိုင်ခြင်းမရှိဘူးလို့ယူဆနေကြပါတယ်။

ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကတော့ဆိုးလ်ရှားနှင့်မန်ယူနည်းပြအဖွဲကိုမယုံကြည်တဲ့သူများထဲမှာခရစ္စတီယာနိုရော်နယ်ဒိုလည်းအပါအဝင်ဖြစ်နေတာပါ။

တစ်ဖက်တွင်ကစားသမားများဟာလေ့ကျင့်ခန်းအစီအစဉ်များတွင်အားသွန်ခွန်စိုက်ကြိုးစားတဲ့အပြင်ခြေစွမ်းလည်းကောင်းတဲ့ဒွန်နီဗန်ဒီဘိခ်အပေါ်တွင်ဆိုးလ်ရှားရဲ့ကိုင်တွယ်ပုံအပေါ်တွင်လည်းစိတ်ပျက်နေကြောင်းသိရပါတယ်။

မန်ယူကစားသမားများကဆိုးလ်ရှားဟာလေ့ကျင့်ရေးအစီအစဉ်တွင်ကြိုးစားအားထုတ်မှု၊ခြေစွမ်းပြမှုအပေါ်မူတည်ရွေးချယ်ခြင်းမပြုလုပ်ဘဲသူ့စိတ်ကြိုက်ကစားသမားအချို့တို့ကို သုံးစွဲနေမှုအပေါ်တွင်စိတ်ပျက်နေပါတယ်။အထူးသဖြင့်မန်ယူကစားသမားများဟာခြေစွမ်းပြနိုင်ခြင်းမရှိတဲ့ဖရက်နှင့်မက်ဂွိုင်းယားတို့အားတောက်လျှောက်အသုံးပြုနေမှုအပေါ်မေးခွန်းထုတ်နေပါတယ်။

လတ်တလောထွက်ပေါ်နေတဲ့သတင်းများအရမန်ယူအသင်းဟာဆိုးလ်ရှားကိုထုတ်ပယ်ဖြစ်ပါကအစားထိုးခန့်အပ်ရန် လက်စတာနည်းပြဘရန်ဒန်ရော်ဂျာနှင့်သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်းသိရပါတယ်။

ZawGyi

မန္ခ်က္စတာယူႏိုက္တက္တြင္ ကစားသမားမ်ားရဲ႕သပိတ္နဲ႔ ထိပ္တိုက္ေတြ႕ရေတာ့မယ့္ ဆိုးလ္ရွား

ယေန႔ထြက္ေပၚလာတဲ့သတင္းအရအိုလီဂန္းနားဆိုးလ္ရွားဟာမန္ခ်က္စတာယူႏိုက္တက္တြင္သူ႔နည္းျပဘဝအဆုံးသတ္ရေလာက္ႏိုင္တဲ့အထိျဖစ္သြားႏိုင္တဲ့ ကစားသမားသပိတ္ႏွင့္ရင္ဆိုင္ရဖို႔ရွိေနေၾကာင္းသိရပါတယ္။

အိုလီဂန္းနားဆိုးလ္ရွားဟာၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားအတြင္းတြင္ဖိအားမ်ားႏွင့္ရင္ဆိုင္လာသူလည္းျဖစ္ပါတယ္။လီဗာပူးကိုအိုးထရက္ဖို႔ဒ္တြင္၅-၀ဂိုးျဖင့္ ရႈံးနိမ့္ၿပီးေနာက္မန္ယူပရိသတ္မ်ားကဆိုးလ္ရွားအနာဂတ္ၿပီးဆုံးၿပီလို႔ယုံၾကည္ခဲ့ၾကပါတယ္။

ဒါေပမယ့္ဆိုးလ္ရွားဟာစပါးစ္ကိုအေဝးကြင္းတြင္၃-၀ဂိုးျဖင့္အႏိုင္ရရွိေအာင္ ဦးေဆာင္ကာစပါးစ္နည္းျပႏူႏိုအက္စ္ပီရီတိုဆန္တိုအားထုတ္ပယ္ခံရေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ကာဖိအားအနည္းငယ္ေလွ်ာ့က်ခဲ့ပါတယ္။ဒါေပမယ့္ဆိုးလ္ရွားဟာအိုးရက္ဖို႔ဒ္တြင္ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးအား၂-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲတြင္ေျခရႈံး၊ဂိုးရႈံးမႈနဲ႔အတူအထုတ္ခံရမယ့္အေရးႏွင့္ရင္ဆိုင္လာရျပန္ပါတယ္။

Daily Mail သတင္းစာရဲ႕ေဖာ္ျပခ်က္အရမန္ယူအသင္းဘုတ္အဖြဲ႕ဟာေႏြရာသီတုန္းကမွသုံးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တဲ့ဆိုးလ္ရွားကိုမည္သို႔ရလဒ္ထြက္လာပါေစရာသီအကုန္အထိလက္တြဲေစာင့္ၾကည့္သြားလိုေနခဲ့ၾကပါတယ္။ဒါေပမယ့္အိမ္ကြင္းတြင္ႏွစ္ပြဲဆက္အရႈံးႏွင့္ရင္ဆိုင္ရမႈနဲ႔အတူဆိုးလ္ရွားအနာဂတ္မွာအေျပာင္းလဲႀကီးေျပာင္းလဲလာမယ့္အေနအထားမွာရွိေနၿပီျဖစ္ပါတယ္။

တစ္ဖက္တြင္မန္ယူကစားသမားမ်ားဟဂႏၴဝင္တိုက္စစ္မႉးရဲ႕စီမံခန႔္ခန႔္ခြဲမႈမ်ားအေပၚတြင္မေပ်ာ္မ႐ႊင္ျဖစ္ေနၿပီးသပိတ္ဆင္ႏြဲရန္စီစဥ္လာဖို႔ရွိေနပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာဆိုးလ္ရွားႏွင့္နည္းျပအဖြဲ႕ကိုလက္မခံတဲ့မန္ယူကစားသမားမ်ားထဲတြင္တစ္ဦးအပါအဝင္ျဖစ္ပါတယ္။၎ကဆိုးလ္ရွားႏွင့္နည္းျပအဖြဲ႕ဝင္မ်ားမွာမွန္ကန္တဲ့လမ္းၫႊန္မႈျပဳလုပ္ႏိုင္ျခင္းမရွိဘူးလို႔ယုံၾကည္ေနပါတယ္။

ဒါ့အျပင္ဘ႐ူႏိုဖာနန္ဒက္စ္အပါအဝင္မန္ယူကစားသမားမ်ားကဆိုးလ္ရွားရဲ႕လက္ေထာက္နည္းျပမ်ားျဖစ္ၾကတဲ့မိုက္ကယ္ကာရစ္၊ကီရန္မက္ကန္နာတို႔မွာစီနီယာတာဝန္မ်ားရယူေနၾကေသာ္လည္းနည္းျပအလုပ္ကိုသင္ယူဆဲျဖစ္ကာေကာင္းမြန္တဲ့လမ္းၫႊန္မႈျပဳလုပ္ႏိုင္ျခင္းမရွိဘူးလို႔ယူဆေနၾကပါတယ္။

ပိုၿပီးေတာ့စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ဆိုးလ္ရွားႏွင့္မန္ယူနည္းျပအဖြဲကိုမယုံၾကည္တဲ့သူမ်ားထဲမွာခရစၥတီယာႏိုေရာ္နယ္ဒိုလည္းအပါအဝင္ျဖစ္ေနတာပါ။

တစ္ဖက္တြင္ကစားသမားမ်ားဟာေလ့က်င့္ခန္းအစီအစဥ္မ်ားတြင္အားသြန္ခြန္စိုက္ႀကိဳးစားတဲ့အျပင္ေျခစြမ္းလည္းေကာင္းတဲ့ဒြန္နီဗန္ဒီဘိခ္အေပၚတြင္ဆိုးလ္ရွားရဲ႕ကိုင္တြယ္ပုံအေပၚတြင္လည္းစိတ္ပ်က္ေနေၾကာင္းသိရပါတယ္။

မန္ယူကစားသမားမ်ားကဆိုးလ္ရွားဟာေလ့က်င့္ေရးအစီအစဥ္တြင္ႀကိဳးစားအားထုတ္မႈ၊ေျခစြမ္းျပမႈအေပၚမူတည္ေ႐ြးခ်ယ္ျခင္းမျပဳလုပ္ဘဲသူ႔စိတ္ႀကိဳက္ကစားသမားအခ်ိဳ႕တို႔ကို သုံးစြဲေနမႈအေပၚတြင္စိတ္ပ်က္ေနပါတယ္။အထူးသျဖင့္မန္ယူကစားသမားမ်ားဟာေျခစြမ္းျပႏိုင္ျခင္းမရွိတဲ့ဖရက္ႏွင့္မက္ဂြိဳင္းယားတို႔အားေတာက္ေလွ်ာက္အသုံးျပဳေနမႈအေပၚေမးခြန္းထုတ္ေနပါတယ္။

လတ္တေလာထြက္ေပၚေနတဲ့သတင္းမ်ားအရမန္ယူအသင္းဟာဆိုးလ္ရွားကိုထုတ္ပယ္ျဖစ္ပါကအစားထိုးခန႔္အပ္ရန္ လက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာႏွင့္သေဘာတူညီမႈရရွိထားၿပီျဖစ္ေၾကာင္းသိရပါတယ္။