မန်ချက်စတာယူနိုက်တက်သို့ ဇီဒန်း ရောက်လာနိုင်တဲ့ သဲလွန်စကြီးတစ်ခုထွက်ပေါ်လာ

မန်ချက်စတာယူနိုက်တက်သို့ ဇီဒန်းရောက်လာမယ်ဆ်ိုတဲ့သတင်းက ကျယ်ပြန့်သထက်ကျယ်ပြန့်နေပါတယ်။အထူးသဖြင့်ယနေ့မှာ The Mirror ကဖော်ပြလာတဲ့သတင်းကြောင့်မန်ယူနည်းပြရာထူးကိုဇီဒန်း ရယူလာနိုင်တဲ့သတင်းကပိုမိုကျယ်ပြန့်လာပါတယ်။

The Mirror ရဲ့ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဟာအင်္ဂလိပ်ဘာသာစကားသင်ကြားနေကြောင်းသိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကစားသမားဟာရီးရဲလ်မက်ဒရစ်အသင်းကို၂ကြိမ်တိုင်တွယ်စဉ်အတွင်းချန်ပီယံလိဂ်ဖလား၃ကြိမ်နှင့်လာလီဂါဖလား၂ကြိမ်ရရှိအောင်ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

ဇီဒန်းဟာဘာစီလိုနာကိုကိုင်တွယ်ရန်ထွက်ခွာသွားတဲ့ ဇာဗီးနေရာတွင်အစားထိုးရန်အယ်လ်ဆတ်ရဲ့ကမ်းလှမ်းမှုကိုပယ်ချထားပါတယ်။

လက်ရှိအချိန်တွင်အသင်းလက်မဲ့ဖြစ်နေတဲ့ဇီဒန်းဟာသူ့နည်းပြဘဝအတွက်အရေးပါတဲ့အရာတစ်ခုအဖြစ်အင်္ဂလိပ်ဘာသာစကားသင်ကြားနေမှုနဲ့အတူ မန်ယူနည်းပြရာထူးကိုရယူဖို့စိတ်ဝင်စားနေတယ်လို့ယုံကြည်ရပါတယ်။

ဆိုးလ်ရှားဟာနောက်ဆုံး၁၂ပွဲတွင်၆ပွဲရှုံးနိမ့်ထားမှုနဲ့အတူဖိအားများကျရောက်နေပေမယ့်မန်ယူဘုတ်အဖွဲ့ရဲ့ယုံကြည်မှုရနေဆဲဖြစ်ပါတယ်။ဒါပေမယ့်ဆိုးလ်ရှားရဲ့မန်ယူအနာဂတ်ဟာယနေ့ညဝက်ဖို့ဒ်နှင့်ပွဲတွင်ရှုံးနိမ့်ပါကအပြောင်းအလဲဖြစ်လာဖို့ရှိဖို့ရှိနေပါတယ်။

မန်ယူဟာလက်ရှိအချိန်တွင်ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၆နေရာတွင်ရပ်တည်နေပြီးထိပ်ဆုံးမှချဲလ်ဆီးနှင့်ရမှတ်၉မှတ်အထိကွာဟနေပါတယ်။

ဆိုးလ်ရှားဟာယနေ့ညဝက်ဖို့ဒ်နှင့်ပွဲကိုကျော်ဖြတ်နိုင်ပါကလာမယ့်အပတ်တွင်ဗီလာရီးရဲလ်နှင့်ချန်ပီယံလိဂ်အုပ်စုအဆင့်မှတက်ရေးအရေးပါတဲ့ပွဲကစားရမယ့်အပြင်တနင်္ဂနွေနေ့တွင်ချဲလ်ဆီးကိုအဝေးကွင်းသို့သွားရောက်ကစားရပါမယ်။

ယင်းသို့အနေအထားကြောင့်လာမယ့်ရက်သတ္တပတ်တွေအတွင်းမှာဆိုးလ်ရှားရဲ့မန်ယူနည်းပြအနာဂတ်ကအဆုံးအဖြတ်ကာလဖြစ်လာဖို့သေချာနေပါတယ်။

ZawGyi

မန္ခ်က္စတာယူႏိုက္တက္သို႔ ဇီဒန္း ေရာက္လာႏိုင္တဲ့ သဲလြန္စႀကီးတစ္ခုထြက္ေပၚလာ

မန္ခ်က္စတာယူႏိုက္တက္သို႔ ဇီဒန္းေရာက္လာမယ္ဆ္ိုတဲ့သတင္းက က်ယ္ျပန႔္သထက္က်ယ္ျပန႔္ေနပါတယ္။အထူးသျဖင့္ယေန႔မွာ The Mirror ကေဖာ္ျပလာတဲ့သတင္းေၾကာင့္မန္ယူနည္းျပရာထူးကိုဇီဒန္း ရယူလာႏိုင္တဲ့သတင္းကပိုမိုက်ယ္ျပန႔္လာပါတယ္။

The Mirror ရဲ႕ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္းဟာအဂၤလိပ္ဘာသာစကားသင္ၾကားေနေၾကာင္းသိရပါတယ္။

ရီးရဲလ္မက္ဒရစ္ဂႏၴဝင္ကစားသမားဟာရီးရဲလ္မက္ဒရစ္အသင္းကို၂ႀကိမ္တိုင္တြယ္စဥ္အတြင္းခ်န္ပီယံလိဂ္ဖလား၃ႀကိမ္ႏွင့္လာလီဂါဖလား၂ႀကိမ္ရရွိေအာင္ဦးေဆာင္ခဲ့သူျဖစ္ပါတယ္။

ဇီဒန္းဟာဘာစီလိုနာကိုကိုင္တြယ္ရန္ထြက္ခြာသြားတဲ့ ဇာဗီးေနရာတြင္အစားထိုးရန္အယ္လ္ဆတ္ရဲ႕ကမ္းလွမ္းမႈကိုပယ္ခ်ထားပါတယ္။

လက္ရွိအခ်ိန္တြင္အသင္းလက္မဲ့ျဖစ္ေနတဲ့ဇီဒန္းဟာသူ႔နည္းျပဘဝအတြက္အေရးပါတဲ့အရာတစ္ခုအျဖစ္အဂၤလိပ္ဘာသာစကားသင္ၾကားေနမႈနဲ႔အတူ မန္ယူနည္းျပရာထူးကိုရယူဖို႔စိတ္ဝင္စားေနတယ္လို႔ယုံၾကည္ရပါတယ္။

ဆိုးလ္ရွားဟာေနာက္ဆုံး၁၂ပြဲတြင္၆ပြဲရႈံးနိမ့္ထားမႈနဲ႔အတူဖိအားမ်ားက်ေရာက္ေနေပမယ့္မန္ယူဘုတ္အဖြဲ႕ရဲ႕ယုံၾကည္မႈရေနဆဲျဖစ္ပါတယ္။ဒါေပမယ့္ဆိုးလ္ရွားရဲ႕မန္ယူအနာဂတ္ဟာယေန႔ညဝက္ဖို႔ဒ္ႏွင့္ပြဲတြင္ရႈံးနိမ့္ပါကအေျပာင္းအလဲျဖစ္လာဖို႔ရွိဖို႔ရွိေနပါတယ္။

မန္ယူဟာလက္ရွိအခ်ိန္တြင္ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၆ေနရာတြင္ရပ္တည္ေနၿပီးထိပ္ဆုံးမွခ်ဲလ္ဆီးႏွင့္ရမွတ္၉မွတ္အထိကြာဟေနပါတယ္။

ဆိုးလ္ရွားဟာယေန႔ညဝက္ဖို႔ဒ္ႏွင့္ပြဲကိုေက်ာ္ျဖတ္ႏိုင္ပါကလာမယ့္အပတ္တြင္ဗီလာရီးရဲလ္ႏွင့္ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွတက္ေရးအေရးပါတဲ့ပြဲကစားရမယ့္အျပင္တနဂၤေႏြေန႔တြင္ခ်ဲလ္ဆီးကိုအေဝးကြင္းသို႔သြားေရာက္ကစားရပါမယ္။

ယင္းသို႔အေနအထားေၾကာင့္လာမယ့္ရက္သတၱပတ္ေတြအတြင္းမွာဆိုးလ္ရွားရဲ႕မန္ယူနည္းျပအနာဂတ္ကအဆုံးအျဖတ္ကာလျဖစ္လာဖို႔ေသခ်ာေနပါတယ္။