မန်ချက်စတာရှိစားသောက်ဆိုင်များကို ဇနီးသည်ဝေဖန်လာပြီးနောက် ဂန်ဒိုဂန်ကို နောက်ထပ်သုံးတော့မည်မဟုတ်ကြောင်း ဂွါဒီယိုလာသတိပေးလာ

မန်စီးတီးနည်းပြဂွါဒီယိုလာကမန်ချက်စတာရှိစားသောက်ဆိုင်များရဲ့အစားအသောက်ညံ့ဖျင်းမှုကို ဇနီးသည်ကဝေဖန်လာပြီးနောက် အိုင်ကေးဂန်ဒိုဂန်အားယခုရာသီတွင်နောက်ထပ်အသုံးပြုလာတော့မှာမဟုတ်ကြောင်းဟာသနှောပြောကြားလာပါတယ်။

ယခုအပတ်အစောပိုင်းတုန်းကဂျာမနီကွင်းလယ်ကစားသမားရဲ့ဇနီးသည်ဆာရာအာဖာအူကမန်ချက်စတာစီးတီးရှိသူမရဲ့အကြိုက်ဆုံးစားသောက်ဆိုင်အားပြောကြားရန်မေးခွန်းထုတ်ခြင်းခံခဲ့ရပါတယ်။

ထိုအခါသူမကမန်ချက်စတာရှိစားသောက်ဆိုင်များရဲ့အစားအသောက်များမှာအလွန်ညံ့ဖျင်းလှပြီးစိတ်ပျက်စရာကောင်းလှကြောင်းတုံ့ပြန်ခဲ့ပါတယ်။

အီတလီမော်ဒယ်ဟာယင်းသို့မန်ချက်စတာစားသောက်ဆိုင်များကိုဝေဖန်မှုနှင့်အတူ မန်ချက်စတာရှိ နာမည်ကျော်စားသောက်ဆိုင် Wood မှစားဖိုမှူးဆိုင်မွန်ဝုဒ်အပါအဝင်စားဖိုများ၊စားသောက်ဆိုင်များရဲ့ဝေဖန်ခြင်းခံလာရပါတယ်။

ယခုအခါမန်ချက်စတာတွင်စပိန်စားသောက်ဆိုင် Tapas ကိုပူးတွဲဖွင့်လှစ်ထားတဲ့ဂွါဒီယိုလာကလည်း “ဂန်ဒိုဟာဒီရာသီလက်ကျန်ပွဲတွေမှာတစ်မိနစ်မျှကစားခွင့်ရလာတော့မှာမဟုတ်ပါဘူး”လို့ရယ်မောပြောကြားသွားပါတယ်။

ဆက်လက်ပြီးစပိန်လူမျိုးနည်းပြက “ကျွန်တော်သူမနဲ့ဂန်ဒိုဂန်တို့ကိုကျွန်တော့်ရဲ့TAST(Tapas ဘား)သို့ဖိတ်သွားပါမယ်။သူတို့ လာစားမှာသေချာပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

မန္ခ်က္စတာရွိစားေသာက္ဆိုင္မ်ားကို ဇနီးသည္ေဝဖန္လာၿပီးေနာက္ ဂန္ဒိုဂန္ကို ေနာက္ထပ္သုံးေတာ့မည္မဟုတ္ေၾကာင္း ဂြါဒီယိုလာသတိေပးလာ

မန္စီးတီးနည္းျပဂြါဒီယိုလာကမန္ခ်က္စတာရွိစားေသာက္ဆိုင္မ်ားရဲ႕အစားအေသာက္ညံ့ဖ်င္းမႈကို ဇနီးသည္ကေဝဖန္လာၿပီးေနာက္ အိုင္ေကးဂန္ဒိုဂန္အားယခုရာသီတြင္ေနာက္ထပ္အသုံးျပဳလာေတာ့မွာမဟုတ္ေၾကာင္းဟာသေႏွာေျပာၾကားလာပါတယ္။

ယခုအပတ္အေစာပိုင္းတုန္းကဂ်ာမနီကြင္းလယ္ကစားသမားရဲ႕ဇနီးသည္ဆာရာအာဖာအူကမန္ခ်က္စတာစီးတီးရွိသူမရဲ႕အႀကိဳက္ဆုံးစားေသာက္ဆိုင္အားေျပာၾကားရန္ေမးခြန္းထုတ္ျခင္းခံခဲ့ရပါတယ္။

ထိုအခါသူမကမန္ခ်က္စတာရွိစားေသာက္ဆိုင္မ်ားရဲ႕အစားအေသာက္မ်ားမွာအလြန္ညံ့ဖ်င္းလွၿပီးစိတ္ပ်က္စရာေကာင္းလွေၾကာင္းတုံ႔ျပန္ခဲ့ပါတယ္။

အီတလီေမာ္ဒယ္ဟာယင္းသို႔မန္ခ်က္စတာစားေသာက္ဆိုင္မ်ားကိုေဝဖန္မႈႏွင့္အတူ မန္ခ်က္စတာရွိ နာမည္ေက်ာ္စားေသာက္ဆိုင္ Wood မွစားဖိုမႉးဆိုင္မြန္ဝုဒ္အပါအဝင္စားဖိုမ်ား၊စားေသာက္ဆိုင္မ်ားရဲ႕ေဝဖန္ျခင္းခံလာရပါတယ္။

ယခုအခါမန္ခ်က္စတာတြင္စပိန္စားေသာက္ဆိုင္ Tapas ကိုပူးတြဲဖြင့္လွစ္ထားတဲ့ဂြါဒီယိုလာကလည္း “ဂန္ဒိုဟာဒီရာသီလက္က်န္ပြဲေတြမွာတစ္မိနစ္မွ်ကစားခြင့္ရလာေတာ့မွာမဟုတ္ပါဘူး”လို႔ရယ္ေမာေျပာၾကားသြားပါတယ္။

ဆက္လက္ၿပီးစပိန္လူမ်ိဳးနည္းျပက “ကြၽန္ေတာ္သူမနဲ႔ဂန္ဒိုဂန္တို႔ကိုကြၽန္ေတာ့္ရဲ႕TAST(Tapas ဘား)သို႔ဖိတ္သြားပါမယ္။သူတို႔ လာစားမွာေသခ်ာပါတယ္”လို႔ေျပာၾကားသြားပါတယ္။