မန်ချက်စတာရှိနေအိမ်ကို ပေါင် ၆ သိန်းအရှုံးခံပြီး ရောင်းချခဲ့ရတဲ့ သရဲနီဟောင်း

မာရူနီဖယ်လိုင်နီဟာမန်ချက်စတာရှိသူ့ရဲ့နေအိမ်ကိုအစောပိုင်းတုန်းကပေါင်၂.၃သန်းဖြင့်ရောင်းချရန်ကြေညာခဲ့သော်လည်းပေါင်၆သိန်းအထိလျှော့ချပေးခဲ့ရကာပေါင်၁.၇သန်းဖြင့်ရောင်းချခဲ့ရပါတယ်။

မန်ယူကစားသမားဟောင်းဟာအစောပိုင်းတုန်းကယင်းနေအိမ်ကိုပေါင်၃သိန်းအထိသာလျှော့ချရန်မျှော်မှန်းထားခဲ့သော်လည်းတကယ်တမ်းမှာတော့သူမျှော်မှန်းထားတာထက်နှစ်ဆအထိဈေးလျှော့ပေးခဲ့ရပါတယ်။

ဘယ်လ်ဂျီယံစတားဟာအိပ်ခန်းခြောက်ခန်းအထိပါဝင်တဲ့နေအိမ်ကို၂၀၁၇ခုနှစ်၊မတ်လတုန်းကအရောင်းစာရင်းတင်ခဲ့ကာတရုတ်ကလပ်ရှမ်းဒေါင်လူနန်သို့ပြောင်းခဲ့ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ဖယ်လိုင်နီရဲ့နေအိမ်မှာဆံညှပ်ဆိုင်လည်းရှိနေတာဖြစ်ပါတယ်။ဒါပေမယ့်ဖယ်လိုင်နီဟာဆံပင်အုပ်ဆောင်းနှင့်နေတတ်တဲ့သူတစ်ဦးပီပီနေအိမ်မှာဆံပင်ညှပ်ဆိုင်လည်းရှိနေတာအံ့ဩစရာတော့မဟုတ်ပါဘူး။

အသက်၃၃နှစ်ရှိအဲဗာတန်အလယ်တန်းကစားသမားဟောင်းရဲ့နေအိမ်ကအိုးထရက်ဖို့ဒ်နဲ့၁၅မိနစ်ခရီးသာကွာဝေးတဲ့ရိုးဂရင်းတွင်တည်ရှိပါတယ်။

နေအိမ်မှာဂျာကူဇီ၊အားကစားခန်းမ၊Spa ခန်းတိုပါဝင်တဲ့အပြင်နေအိမ်မှာအရိပ်ရအပင်များစွာရှိပါတယ်။

ZawGyi

မန္ခ်က္စတာရွိေနအိမ္ကို ေပါင္ ၆ သိန္းအရႈံးခံၿပီး ေရာင္းခ်ခဲ့ရတဲ့ သရဲနီေဟာင္း

မာ႐ူနီဖယ္လိုင္နီဟာမန္ခ်က္စတာရွိသူ႔ရဲ႕ေနအိမ္ကိုအေစာပိုင္းတုန္းကေပါင္၂.၃သန္းျဖင့္ေရာင္းခ်ရန္ေၾကညာခဲ့ေသာ္လည္းေပါင္၆သိန္းအထိေလွ်ာ့ခ်ေပးခဲ့ရကာေပါင္၁.၇သန္းျဖင့္ေရာင္းခ်ခဲ့ရပါတယ္။

မန္ယူကစားသမားေဟာင္းဟာအေစာပိုင္းတုန္းကယင္းေနအိမ္ကိုေပါင္၃သိန္းအထိသာေလွ်ာ့ခ်ရန္ေမွ်ာ္မွန္းထားခဲ့ေသာ္လည္းတကယ္တမ္းမွာေတာ့သူေမွ်ာ္မွန္းထားတာထက္ႏွစ္ဆအထိေဈးေလွ်ာ့ေပးခဲ့ရပါတယ္။

ဘယ္လ္ဂ်ီယံစတားဟာအိပ္ခန္းေျခာက္ခန္းအထိပါဝင္တဲ့ေနအိမ္ကို၂၀၁၇ခုႏွစ္၊မတ္လတုန္းကအေရာင္းစာရင္းတင္ခဲ့ကာတ႐ုတ္ကလပ္ရွမ္းေဒါင္လူနန္သို႔ေျပာင္းခဲ့ပါတယ္။

စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ဖယ္လိုင္နီရဲ႕ေနအိမ္မွာဆံညႇပ္ဆိုင္လည္းရွိေနတာျဖစ္ပါတယ္။ဒါေပမယ့္ဖယ္လိုင္နီဟာဆံပင္အုပ္ေဆာင္းႏွင့္ေနတတ္တဲ့သူတစ္ဦးပီပီေနအိမ္မွာဆံပင္ညႇပ္ဆိုင္လည္းရွိေနတာအံ့ဩစရာေတာ့မဟုတ္ပါဘူး။

အသက္၃၃ႏွစ္ရွိအဲဗာတန္အလယ္တန္းကစားသမားေဟာင္းရဲ႕ေနအိမ္ကအိုးထရက္ဖို႔ဒ္နဲ႔၁၅မိနစ္ခရီးသာကြာေဝးတဲ့႐ိုးဂရင္းတြင္တည္ရွိပါတယ္။

ေနအိမ္မွာဂ်ာကူဇီ၊အားကစားခန္းမ၊Spa ခန္းတိုပါဝင္တဲ့အျပင္ေနအိမ္မွာအရိပ္ရအပင္မ်ားစြာရွိပါတယ္။