မန်ချက်စတာနေအိမ်သစ်သို့ ပေါင် ၅၀၀၀၀ တန် Cryotherapy Ice Chamber ကို ယူဆောင်လိုက်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို
ခရစ္စတီယာနိုရော်နယ်ဒိုဟာပွဲအတွက်ကြံ့ခိုင်မှုပိုမိုကောင်းမွန်ရန်၊ကြွက်သားနာကျင်မှုသက်သာပျောက်ကင်းလာစေရန်အတွက် တူရင်ရှိနေအိမ်မှာ ပေါင်၅၀၀၀၀ တန် Cryotherapy Chamber ကို မန်ချက်စတာရှိနေအိမ်သို့ယူဆောင်လိုက်ကြောင်းသိရပါတယ်။
Cryotherapy Chamber မှာ အပူချိန်ကို -200C အထိလျှော့ချနိုင်ပြီးတစ်ရှူးများပြန်လည်ကောင်းမွန်လာရေးအထောက်အကူပြုပေးသလိုကြွက်သားများနာကျင်မှုကို လျှော့ချပေးနိုင်ပါတယ်။ အသုံးပြုသူများဟာCryotherapy chamber အတွင်းတွင် အများဆုံး ၅ မိနစ်သာစိမ်နိုင်မှာဖြစ်ပြီးယင်းထက်ပိုကြာပါကကျန်းမာရေးထိခိုက်မှုရှိလာနိုင်ပါတယ်။
ယင်းCryotherapy Chamber ကြောင့်သွေးလည်ပတ်မှုလည်းပိုမိုကောင်းမွန်စေပြီး ခုခံအားစနစ်ကိုလည်းပိုမိုကောင်းမွန်စေတဲ့အပြင်ဒဏ်ရာကိုလည်းလျှင်မြန်စွာသက်သာပျောက်စေကြောင်းသိရပါတယ်။
ခန္ဓာကိုယ်ကြံ့ခိုင်ကျန်းမာရေးကိုအထူးလေးထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်တွင်ကစားနေတဲ့ ၂၀၁၃ခုနှစ်တုန်းက Cryotherapy Chamber ကိုစတင်အသုံးပြုလာခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်တွင် Cryotherapy Chamber ကို ဂျိမ်းစ်ဘွန်းမင်းသား ဒါနီရယ်ခရစ်၊ဟောလီဝုဒ်မင်းသမီးဂျနီဖာအင်နစ်စတန်၊နာမည်ကျော်အဆိုတော်ဂယ်ရီဘာလောတို့လည်းအသုံးပြုကြပါတယ်။
ZawGyi
ယင်းCryotherapy chamber ကြောင့်သွေးလည်ပတ်မှုလည်းပိုမိုကောင်းမွန်စေပြီး ခုခံအားစနစ်ကိုလည်းပိုမိုကောင်းမွန်စေတဲ့အပြင်ဒဏ်ရာကိုလည်းလျှင်မြန်စွာသက်သာပျောက်စေကြောင်းသိရပါတယ်။
ခန္ဓာကိုယ်ကြံ့ခိုင်ကျန်းမာရေးကိုအထူးလေးထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်တွင်ကစားနေတဲ့ ၂၀၁၃ခုနှစ်တုန်းက Cryotherapy chamber ကိုစတင်အသုံးပြုလာခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်တွင် Cryotherapy chamber ကို ဂျိမ်းစ်ဘွန်းမင်းသား ဒါနီရယ်ခရစ်၊ဟောလီဝုဒ်မင်းသမီးဂျနီဖာအင်နစ်စတန်၊နာမည်ကျော်အဆိုတော်ဂယ်ရီဘာလောတို့လည်းအသုံးပြုကြပါတယ်။