မန်စီတီးနှင့် ငါးနှစ်စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ ရိုဒရီ

မန်စီးတီးအလယ်တန်းကစားသမားရိုဒရီဟာမန်စီးတီးတွင်၂၀၂၇ခုနှစ်အထိရှိနေမယ့်ငါးနှစ်စာချုပ်သစ်အားချုပ်ဆိုလိုက်ပါတယ်။

အသက်၂၆နှစ်ရှိစပိန်အလယ်တန်းကစားသမားဟာ၂၀၁၉ခုနှစ်နွေရာသီတွင်အက်သလက်တီကိုမှထိုစဉ်ကကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၆၂.၈သန်းဖြင့်ရောက်လာသူဖြစ်ပြီး၁၅၁ပွဲကစားထားသူဖြစ်ပါတယ်။

သူဟာမန်စီးတီးတွင်ကစားတဲ့ကာလအတွင်းတွင်ပရီးမီးယားလိဂ်ဖလားနှစ်ကြိမ်ဆက်အပါအဝင်ဆုဖလား၅လုံးဆွတ်ခူးထားနိုင်ပါတယ်။

ရိုဒရီက “၂၀၁၉ခုနှစ်မှာစီးတီးသို့ပြောင်းရွှေ့မှုကကျွန်တော့်ကစားသမားဘဝမှာချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေထဲမှာအကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်ပါတယ်။စက္ကန့်တိုင်းကိုချစ်တယ်။ပရိသတ်တွေကလည်းကျွန်တော့်အပေါ်အံ့ဩစရာကောင်းလောက်အောင်ကောင်းပါတယ်။ကလပ်ရဲ့ထောက်ပံ့မှုလည်းအများကြီးရသလိုနည်းပြကလည်းနေ့တိုင်းကျွန်တော့်ကိုတွန်းပါတယ်။ကျွန်တော်ဒီကိုရောက်ကတည်းကအရမ်းအောင်မြင်မှုရခဲ့တယ်။ဒီအတွက်အရမ်းဂုဏ်ယူတယ်။ဒါပေမဲ့အရိုးသားဆုံးပြောရရင်အောင်မြင်မှုပိုပြီးတော့ဆာလောင်လာပါတယ်။ဆုဖလားကြီးတွေစတင်ရလာတဲ့အခါ မရပ်ချင်တော့ပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi




