မန်စီးတီးကလည်း အလိုရှိနေတဲ့ တောင်ကိုရီးယားစတားကို ကြားဖြတ်လုရန် လီဗာပူးလုပ်ဆောင်နေ

လီဗာပူးနှင့်မန်စီးတီးတို့ဟာယခုရာသီတွင်ပရီးမီးယားလိဂ်မှခြေစွမ်းပြနေတဲ့တိုက်စစ်သမားများထဲမှတစ်ဦးကိုခေါ်ယူရေးအပြိုင်ကြိုးပမ်းနေကြပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ရန်တဖြည်းဖြည်းနီးကပ်လာမှုနဲ့အတူလီဗာပူးနှင့်မန်စီးတီးတို့ဟာဒုတိယရာသီဝက်အတွက်အသင်းကိုအားဖြည့်ရန်ကစားသမားသစ်ရှာဖွေနေကြပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့သတင်းအရမန်စီးတီးနည်းပြပက်ဂွါဒီယိုလာနှင့်လီဗာပူးနည်းပြကလော့ပ်တို့ဟာကစားသမားတစ်ဦးတည်းအပေါ်တွင် စိတ်ဝင်စားနေကြောင်းသိရပါတယ်။

၎င်းတို့ဟာဝုဗ်တွင်အငှားဖြင့်လာရောက်ကစားနေတဲ့ဟွမ်ဟီချန်ကိုအပြိုင်စိတ်ဝင်စားနေတာဖြစ်ပါတယ်။

တောင်ကိုရီးယားလက်ရွေးစင်တိုက်စစ်သမားဟာနွေရာသီတုန်းကဝုဗ်သို့လိုက်ဇစ်မှအငှားဖြင့်ရောက်လာသူဖြစ်ပါတယ်။

ဝုဗ်ဟာအသက်၂၅နှစ်ရှိတောင်ကိုရီးယားစတားကိုအငှားဖြင့်ခေါ်ယူရာတွင်အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ကိုလည်းထည့်သွင်းထားပါတယ်။

ဒါပေမယ့်မန်စီးတီးနှင့်လီဗာပူးတို့ဟာဝုဗ်ထက်လက်ဦးမှုရယူပြီးဟွမ်ဟီချန်ကိုခေါ်ယူရန်ကြိုးပမ်းလာပါတယ်။

တစ်ဖက်တွင်ဝုဗ်ဟာလည်းဟွမ်ဟီချန်ကိုအသင်းတွင်ထိန်းထားနိုင်ရေးတွက်လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ပင်အပြီးသတ်ခေါ်ယူရန်လိုက်ဇစ်နှင့်ဆွေးနွေးရန်စီစဉ်နေပါတယ်။

လီဗာပူးနည်းပြကလော့ပ်ဟာဇန်နဝါရီတွင်ဆာဒေယိုမာနေးနှင့်မိုဟာမက်ဆာလက်တို့အားတောင်အာဖရိကပြိုင်ပွဲသို့လက်လွှတ်ရမှာဖြစ်လို့ ဟွမ်ဟီချင်ကိုခေါ်ယူလိုနေတာဖြစ်သလိုမန်စီးတီးနည်းပြဂွါဒီယိုလာမှာလည်းတိုက်စစ်တွင်နေရာစုံကစားနိုင်စွမ်းရှိမှုကြောင့်ဟွမ်ဟီချင်ကိုအလိုရှိနေတာပါ။

ဟွမ်ဟီချန်ဟာယခုရာသီတွင်ပရီးမီးယားလိဂ်ပွဲ၈ပွဲကစားထားရာမှာ၄ဂိုးသွင်းယူထားနိုင်ပါတယ်။

ZawGyi

မန္စီးတီးကလည္း အလိုရွိေနတဲ့ ေတာင္ကိုရီးယားစတားကို ၾကားျဖတ္လုရန္ လီဗာပူးလုပ္ေဆာင္ေန

လီဗာပူးႏွင့္မန္စီးတီးတို႔ဟာယခုရာသီတြင္ပရီးမီးယားလိဂ္မွေျခစြမ္းျပေနတဲ့တိုက္စစ္သမားမ်ားထဲမွတစ္ဦးကိုေခၚယူေရးအၿပိဳင္ႀကိဳးပမ္းေနၾကပါတယ္။

ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္ဖြင့္လွစ္ရန္တျဖည္းျဖည္းနီးကပ္လာမႈနဲ႔အတူလီဗာပူးႏွင့္မန္စီးတီးတို႔ဟာဒုတိယရာသီဝက္အတြက္အသင္းကိုအားျဖည့္ရန္ကစားသမားသစ္ရွာေဖြေနၾကပါတယ္။

ယေန႔ထြက္ေပၚလာတဲ့သတင္းအရမန္စီးတီးနည္းျပပက္ဂြါဒီယိုလာႏွင့္လီဗာပူးနည္းျပကေလာ့ပ္တို႔ဟာကစားသမားတစ္ဦးတည္းအေပၚတြင္ စိတ္ဝင္စားေနေၾကာင္းသိရပါတယ္။

၎တို႔ဟာဝုဗ္တြင္အငွားျဖင့္လာေရာက္ကစားေနတဲ့ဟြမ္ဟီခ်န္ကိုအၿပိဳင္စိတ္ဝင္စားေနတာျဖစ္ပါတယ္။

ေတာင္ကိုရီးယားလက္ေ႐ြးစင္တိုက္စစ္သမားဟာေႏြရာသီတုန္းကဝုဗ္သို႔လိုက္ဇစ္မွအငွားျဖင့္ေရာက္လာသူျဖစ္ပါတယ္။

ဝုဗ္ဟာအသက္၂၅ႏွစ္ရွိေတာင္ကိုရီးယားစတားကိုအငွားျဖင့္ေခၚယူရာတြင္အၿပီးသတ္ေခၚယူႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းထားပါတယ္။

ဒါေပမယ့္မန္စီးတီးႏွင့္လီဗာပူးတို႔ဟာဝုဗ္ထက္လက္ဦးမႈရယူၿပီးဟြမ္ဟီခ်န္ကိုေခၚယူရန္ႀကိဳးပမ္းလာပါတယ္။

တစ္ဖက္တြင္ဝုဗ္ဟာလည္းဟြမ္ဟီခ်န္ကိုအသင္းတြင္ထိန္းထားႏိုင္ေရးတြက္လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ပင္အၿပီးသတ္ေခၚယူရန္လိုက္ဇစ္ႏွင့္ေဆြးေႏြးရန္စီစဥ္ေနပါတယ္။

လီဗာပူးနည္းျပကေလာ့ပ္ဟာဇန္နဝါရီတြင္ဆာေဒယိုမာေနးႏွင့္မိုဟာမက္ဆာလက္တို႔အားေတာင္အာဖရိကၿပိဳင္ပြဲသို႔လက္လႊတ္ရမွာျဖစ္လို႔ ဟြမ္ဟီခ်င္ကိုေခၚယူလိုေနတာျဖစ္သလိုမန္စီးတီးနည္းျပဂြါဒီယိုလာမွာလည္းတိုက္စစ္တြင္ေနရာစုံကစားႏိုင္စြမ္းရွိမႈေၾကာင့္ဟြမ္ဟီခ်င္ကိုအလိုရွိေနတာပါ။

ဟြမ္ဟီခ်န္ဟာယခုရာသီတြင္ပရီးမီးယားလိဂ္ပြဲ၈ပြဲကစားထားရာမွာ၄ဂိုးသြင္းယူထားႏိုင္ပါတယ္။