မန်စီးတီးကို မန်ယူက သင်ခန်းစာတစ်ခုပေးခဲ့ကြောင်း ဂွါဒီယိုလာဝန်ခံ

မန်စီးတီးရဲ့၂၁ပွဲဆက်နိုင်ပွဲစံချိန်ကိုမန်ယူကရိုက်ချိုးလိုက်ပြီးနောက်ဂွါဒီယိုလာကမန်စီးတီးကိုမန်ယူကသင်ခန်းစာတစ်ခုသင်ကြားပေးခဲ့ကြောင်းဖွင့်ဟပြောကြားလာပါတယ်။

မန်ယူဟာမနေ့ညတုန်းကမန်ချက်စတာဒါဘီပွဲစဉ်တွင်ဘရူနိုဖာနန်ဒက်စ်ရဲ့ပင်နယ်တီဂိုး၊လုပ်ခ်ရှောရဲ့ဂိုးတို့ဖြင့်၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ဂွါဒီယိုလာက “တစ်ခါတစ်လေကိုယ်အနိုင်မရလိုက်တဲ့ပွဲတစ်ပွဲရှိပါတယ်။ကျွန်တော်တို့ကရှုံးနိမ့်သူဆိုတော့သတင်း အဖြစ်ဖော်ပြခံရပါမယ်။ဒါပေမယ့်သတင်းက၂၁ပွဲဆက်အနိုင်ရခဲ့တာပါ။ရလဒ်ကကျွန်တော်တို့ဟာအခက်အခဲရှိစေ တယ်ဆိုတာနားလည်လာစေမှာပါ။ဒါကသင်ခန်းစာတစ်ခုပါ။ဘောလုံးမှာဘာမှမဆိုဖြစ်ပျက်လာနိုင်ပါတယ်။ယူနိုက်တက်ကိုဂုဏ်ပြုပါတယ်”လို့ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးဟာနိုဝင်ဘာလ၂၁ရက်နေ့တုန်းကစပါးစ်ကိုရှုံးနိမ့်ပြီးနောက်၂၈ပွဲဆက်ရှုံးပွဲမရှိရလဒ်ရရှိပြီးနောက်ရှုံးပွဲကြုံတွေ့လာခဲ့ရတာလည်းဖြစ်ပါတယ်။

မန်စီးတီးဟာမန်ယူကိုရှုံးနိမ့်ပေမယ့်ရမှတ်၁၁မှတ်အထိဖြတ်ထားနိုင်ကာဇယားထိပ်ဆုံးမှာရပ်တည်နေတုန်းဖြစ်ပါတယ်။

ဆက်လက်ပြီးဂွါဒီယိုလာက “ကျွန်တော်တို့အနေနဲ့လက်ကျန်ဆယ်ပွဲမှာခြောက်ပွဲကနေခုနှစ်ပွဲအထိအနိုင်ရဖို့လိုပါ တယ်။ကျွန်တော်တို့ရဲ့ပြိုင်ဘက်ကပွဲအားလုံးအနိုင်ရဖို့လိုပါတယ်။ကျွန်တော်တို့လေးပွဲ(သို့မဟုတ်)ငါးပွဲရှုံးရပါမယ်။ အမှတ်၃၀အတွက်ကစားရပါဦးမယ်။ကျွန်တော်တို့အနိုင်ပြန်ရယူဖို့လုပ်ရပါမယ်”လို့ပြောကြားသွားပါတယ်။

ဆိုးလ်ရှားရဲ့မန်ယူဟာပရီးမီးယားလိဂ်အဝေးကွင်းပွဲ၂၂ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းရယူထားနိုင်ပြီဖြစ်ပါတယ်။မန်ယူဟာချဲလ်ဆီး၊ပဲလေ့စ်တို့နှင့်နှစ်ပွဲဆက်ဂိုးမရှိသရေကျပြီးနောက်နိုင်ပွဲပြန်တွေ့ခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

မန္စီးတီးကို မန္ယူက သင္ခန္းစာတစ္ခုေပးခဲ့ေၾကာင္း ဂြါဒီယိုလာဝန္ခံ

မန္စီးတီးရဲ႕၂၁ပြဲဆက္ႏိုင္ပြဲစံခ်ိန္ကိုမန္ယူက႐ိုက္ခ်ိဳးလိုက္ၿပီးေနာက္ဂြါဒီယိုလာကမန္စီးတီးကိုမန္ယူကသင္ခန္းစာတစ္ခုသင္ၾကားေပးခဲ့ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

မန္ယူဟာမေန႔ညတုန္းကမန္ခ်က္စတာဒါဘီပြဲစဥ္တြင္ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ပင္နယ္တီဂိုး၊လုပ္ခ္ေရွာရဲ႕ဂိုးတို႔ျဖင့္၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ဂြါဒီယိုလာက “တစ္ခါတစ္ေလကိုယ္အႏိုင္မရလိုက္တဲ့ပြဲတစ္ပြဲရွိပါတယ္။ကြၽန္ေတာ္တို႔ကရႈံးနိမ့္သူဆိုေတာ့သတင္း အျဖစ္ေဖာ္ျပခံရပါမယ္။ဒါေပမယ့္သတင္းက၂၁ပြဲဆက္အႏိုင္ရခဲ့တာပါ။ရလဒ္ကကြၽန္ေတာ္တို႔ဟာအခက္အခဲရွိေစ တယ္ဆိုတာနားလည္လာေစမွာပါ။ဒါကသင္ခန္းစာတစ္ခုပါ။ေဘာလုံးမွာဘာမွမဆိုျဖစ္ပ်က္လာႏိုင္ပါတယ္။ယူႏိုက္တက္ကိုဂုဏ္ျပဳပါတယ္”လို႔ေျပာၾကားသြားခဲ့ပါတယ္။

မန္စီးတီးဟာႏိုဝင္ဘာလ၂၁ရက္ေန႔တုန္းကစပါးစ္ကိုရႈံးနိမ့္ၿပီးေနာက္၂၈ပြဲဆက္ရႈံးပြဲမရွိရလဒ္ရရွိၿပီးေနာက္ရႈံးပြဲႀကဳံေတြ႕လာခဲ့ရတာလည္းျဖစ္ပါတယ္။

မန္စီးတီးဟာမန္ယူကိုရႈံးနိမ့္ေပမယ့္ရမွတ္၁၁မွတ္အထိျဖတ္ထားႏိုင္ကာဇယားထိပ္ဆုံးမွာရပ္တည္ေနတုန္းျဖစ္ပါတယ္။

ဆက္လက္ၿပီးဂြါဒီယိုလာက “ကြၽန္ေတာ္တို႔အေနနဲ႔လက္က်န္ဆယ္ပြဲမွာေျခာက္ပြဲကေနခုႏွစ္ပြဲအထိအႏိုင္ရဖို႔လိုပါ တယ္။ကြၽန္ေတာ္တို႔ရဲ႕ၿပိဳင္ဘက္ကပြဲအားလုံးအႏိုင္ရဖို႔လိုပါတယ္။ကြၽန္ေတာ္တို႔ေလးပြဲ(သို႔မဟုတ္)ငါးပြဲရႈံးရပါမယ္။ အမွတ္၃၀အတြက္ကစားရပါဦးမယ္။ကြၽန္ေတာ္တို႔အႏိုင္ျပန္ရယူဖို႔လုပ္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဆိုးလ္ရွားရဲ႕မန္ယူဟာပရီးမီးယားလိဂ္အေဝးကြင္းပြဲ၂၂ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းရယူထားႏိုင္ၿပီျဖစ္ပါတယ္။မန္ယူဟာခ်ဲလ္ဆီး၊ပဲေလ့စ္တို႔ႏွင့္ႏွစ္ပြဲဆက္ဂိုးမရွိသေရက်ၿပီးေနာက္ႏိုင္ပြဲျပန္ေတြ႕ခဲ့တာလည္းျဖစ္ပါတယ္။