မန်စီးတီးကို ယူနိုက်တက် ရှုံးနိမ့်ပြီးနောက် ကစားသမားဟောင်းတစ်ဦးရဲ့အညှာအတာမဲ့ လှောင်ပြောင်ခံလာရတဲ့ ဆာအဲလက်စ်ဖာဂူဆန်

ဆာအဲလက်စ်ဖာဂူဆန်ဟာမန်ချက်စတာဒါဘီပွဲတွင်မန်စီးတီးကိုယူနိုက်တက်တို့အရှက်တကွဲရှုံးနိမ့်ပြီးနောက်ကစားသမားဟောင်းတစ်ဦးရဲ့အညှာအတာကင်းမဲ့စွာလှောင်ပြောင်ခြင်းခံလာရပါတယ်။

ယူနိုက်တက်ဟာတနင်္ဂနွေနေ့တုန်းကအီတီဟတ်ကွင်းတွင်မန်စီးတီးကို၆-၃ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့မန်စီးတီးဟာပထမပိုင်းမှာပင်အာလင်းဟာလန်း၊ဖီးလ်ဖိုဒန်တို့ရဲ့ဂိုးများဖြင့်ယူနိုက်တက်ကို၄-၀ဂိုးဖြင့်အနိုင်ရနေခဲ့တာဖြစ်ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ဟာလည်းယူနိုက်တက်ရဲ့အရှက်တကွဲရှုံးပွဲကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တာတွေ့ရပါတယ်။

မန်စီးတီးနှင့်ပွဲအပြီးမှာတော့ စကော့တလန်အသင်းတွင်ဆာအဲလက်စ်ဖာဂူဆန်လက်အောက်မှာကစားခဲ့ဖူးတဲ့ဒေးဗစ်စပီးဒီဟာအသက်၈၀နှစ်ရှိယူနိုက်တက်ဂန္ထဝင်နည်းပြကိုလှောင်ပြောင်မှုပြုလုပ်လာပါတယ်။

စပီးဒီက “သူ၈၆ကမ္ဘာ့ဖလားလူစာရင်းမှာချန်ထားခဲ့တုန်းကကျွန်တော်ဘယ်လိုခံစားခဲ့ရသလဲဆိုတာပဲ။ဒါမျိုးအကြာကြီးဆက်ခံစားရဦးနိုင်တယ်”လို့ပြောကြားသွားပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ဟာ၁၉၈၆မက္ကဆီကိုကမ္ဘာ့ဖလားပြိုင်ပွဲတွင်စကော့တလန်အသင်းကိုယာယီနည်းပြအဖြစ်ကိုင်တွယ်ခဲ့သူဖြစ်ပြီးစပီးဒီကိုစကော့တလန်လူစာရင်းတွင်ချန်လှပ်ထားခဲ့ပါတယ်။

မနေ့ညကပွဲတွင်ယူနိုက်တက်ဟာဒုတိယပိုင်းတွင်နှစ်သိမ့်ဂိုး၃ဂိုးသွင်းနိုင်မှုနဲ့အတူမန်စီးတီးကို၆-၃ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ZawGyi

မန္စီးတီးကို ယူႏိုက္တက္ ရႈံးနိမ့္ၿပီးေနာက္ ကစားသမားေဟာင္းတစ္ဦးရဲ႕အညႇာအတာမဲ့ ေလွာင္ေျပာင္ခံလာရတဲ့ ဆာအဲလက္စ္ဖာဂူဆန္

ဆာအဲလက္စ္ဖာဂူဆန္ဟာမန္ခ်က္စတာဒါဘီပြဲတြင္မန္စီးတီးကိုယူႏိုက္တက္တို႔အရွက္တကြဲရႈံးနိမ့္ၿပီးေနာက္ကစားသမားေဟာင္းတစ္ဦးရဲ႕အညႇာအတာကင္းမဲ့စြာေလွာင္ေျပာင္ျခင္းခံလာရပါတယ္။

ယူႏိုက္တက္ဟာတနဂၤေႏြေန႔တုန္းကအီတီဟတ္ကြင္းတြင္မန္စီးတီးကို၆-၃ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ဂြါဒီယိုလာရဲ႕မန္စီးတီးဟာပထမပိုင္းမွာပင္အာလင္းဟာလန္း၊ဖီးလ္ဖိုဒန္တို႔ရဲ႕ဂိုးမ်ားျဖင့္ယူႏိုက္တက္ကို၄-၀ဂိုးျဖင့္အႏိုင္ရေနခဲ့တာျဖစ္ပါတယ္။

ဆာအဲလက္စ္ဖာဂူဆန္ဟာလည္းယူႏိုက္တက္ရဲ႕အရွက္တကြဲရႈံးပြဲေၾကာင့္ စိတ္ပ်က္လက္ပ်က္ျဖစ္ေနခဲ့တာေတြ႕ရပါတယ္။

မန္စီးတီးႏွင့္ပြဲအၿပီးမွာေတာ့ စေကာ့တလန္အသင္းတြင္ဆာအဲလက္စ္ဖာဂူဆန္လက္ေအာက္မွာကစားခဲ့ဖူးတဲ့ေဒးဗစ္စပီးဒီဟာအသက္၈၀ႏွစ္ရွိယူႏိုက္တက္ဂႏၴဝင္နည္းျပကိုေလွာင္ေျပာင္မႈျပဳလုပ္လာပါတယ္။

စပီးဒီက “သူ၈၆ကမာၻ႔ဖလားလူစာရင္းမွာခ်န္ထားခဲ့တုန္းကကြၽန္ေတာ္ဘယ္လိုခံစားခဲ့ရသလဲဆိုတာပဲ။ဒါမ်ိဳးအၾကာႀကီးဆက္ခံစားရဦးႏိုင္တယ္”လို႔ေျပာၾကားသြားပါတယ္။

ဆာအဲလက္စ္ဖာဂူဆန္ဟာ၁၉၈၆မကၠဆီကိုကမာၻ႔ဖလားၿပိဳင္ပြဲတြင္စေကာ့တလန္အသင္းကိုယာယီနည္းျပအျဖစ္ကိုင္တြယ္ခဲ့သူျဖစ္ၿပီးစပီးဒီကိုစေကာ့တလန္လူစာရင္းတြင္ခ်န္လွပ္ထားခဲ့ပါတယ္။

မေန႔ညကပြဲတြင္ယူႏိုက္တက္ဟာဒုတိယပိုင္းတြင္ႏွစ္သိမ့္ဂိုး၃ဂိုးသြင္းႏိုင္မႈနဲ႔အတူမန္စီးတီးကို၆-၃ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။