မန်စီးတီးကို ရှုံးနိမ့်ပြီးနောက် လူကျွံဘောစည်းမျဉ်းမှာ အဓိပ္ပါယ်မရှိဟု တိုင်ရုန်းမင်စ်ဝေဖန်

ဗီလာနောက်ခံလူတိုင်ရုန်းမင်စ်ဟာဗုဒ္ဓဟူးနေ့ညတုန်းကမန်စီးတီးအားရှုံးနိမ့်ပွဲတွင်မန်စီးတီးဘက်သို့အငြင်းပွားဖွယ်ရာအနိုင်ဂိုးပေးလိုက်ရပြီးနောက်လူကျွံဘောစည်းမျဉ်းမှာအဓိပ္ပါယ်မရှိကြောင်းဝေဖန်လိုက်ပါတယ်။

ဗီလာဟာမနေ့ညတုန်းကမန်စီးတီးနှင့်ပွဲစဉ်မှာ၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။မန်စီးတီးရဲ့ပထမဂိုးကိုဘာနတ်ဒိုဆေးလ် ဗားသွင်းယူခဲ့ရာမှာအငြင်းပွားဖွယ်ရာဂိုးဖြစ်ခဲ့ပါတယ်။

မန်စီးတီးအလယ်တန်းကစားသမားရိုဒရီဟာလူကျွံဘောအနေဖြင့်ဆေးလ်ဗားရဲ့ခေါင်းတိုက်ဘောမှတဆင့်ဘောလုံး ရရှိသွားတဲ့တိုင်ရုန်မင်စ်ထံမှဘောလုံးလုယူခဲ့ပါတယ်။သူဟာဘောလုံးကိုပေါ်တူဂီလက်ရွေးစင်ထံသို့ပြန်ပို့ပေးခဲ့ကာ၎င်းကပင်နယ်တီဧရိယာအပြင်ကနေအပြင်းကန်သွင်းကာမန်စီးတီးအတွက်ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

ဗီလာနည်းပြဟာယင်းဂိုးအားခွင့်ပြုလိုက်မှုအပေါ်ဒိုင်လူကြီးအားအကြီးအကျယ်စောဒကတက်မှုကြောင့်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့်ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်းဂယ်လာဂါကတိုင်ရုန်မင်စ်မှာဘောလုံးကိုထိန်းလိုက်ပြီးမှရိုဒရီကလူကျွံ အနေအထားမှတစ်ဆင့်တက်လာကာဘောလုံးလုယူခဲ့တာဖြစ်လို့ဒိုင်လူကြီးဆုံးဖြတ်ချက်မှန်ကန်ကြောင်းဆိုသွားပါတယ်။

ပွဲအပြီးမှာတိုင်ရုန်မင်စ်က “ဒီစည်းမျဉ်းနဲ့ပတ်သက်ပြီးတစ်ခါမှတောင်မကြားဖူးဘူး။လူကျွံဖြစ်နေတဲ့ကစားသမားက နောက်နေပြေးတက်လာပြီးဘောလုံးလုယူခဲ့တယ်တဲ့လား။ဒါနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်။ဒါပေမယ့်အခုဒါနဲ့ပတ်သက်ပြီးနားမလည်နိုင်အောင်ဖြစ်ရပါတယ်။လုံးဝအဓိပ္ပါယ်မရှိပါဘူး”လို့ဝေဖန်သွားပါတယ်။

ZawGyi

မန္စီးတီးကို ရႈံးနိမ့္ၿပီးေနာက္ လူကြၽံေဘာစည္းမ်ဥ္းမွာ အဓိပၸါယ္မရွိဟု တိုင္႐ုန္းမင္စ္ေဝဖန္

ဗီလာေနာက္ခံလူတိုင္႐ုန္းမင္စ္ဟာဗုဒၶဟူးေန႔ညတုန္းကမန္စီးတီးအားရႈံးနိမ့္ပြဲတြင္မန္စီးတီးဘက္သို႔အျငင္းပြားဖြယ္ရာအႏိုင္ဂိုးေပးလိုက္ရၿပီးေနာက္လူကြၽံေဘာစည္းမ်ဥ္းမွာအဓိပၸါယ္မရွိေၾကာင္းေဝဖန္လိုက္ပါတယ္။

ဗီလာဟာမေန႔ညတုန္းကမန္စီးတီးႏွင့္ပြဲစဥ္မွာ၂-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။မန္စီးတီးရဲ႕ပထမဂိုးကိုဘာနတ္ဒိုေဆးလ္ ဗားသြင္းယူခဲ့ရာမွာအျငင္းပြားဖြယ္ရာဂိုးျဖစ္ခဲ့ပါတယ္။

မန္စီးတီးအလယ္တန္းကစားသမား႐ိုဒရီဟာလူကြၽံေဘာအေနျဖင့္ေဆးလ္ဗားရဲ႕ေခါင္းတိုက္ေဘာမွတဆင့္ေဘာလုံး ရရွိသြားတဲ့တိုင္႐ုန္မင္စ္ထံမွေဘာလုံးလုယူခဲ့ပါတယ္။သူဟာေဘာလုံးကိုေပၚတူဂီလက္ေ႐ြးစင္ထံသို႔ျပန္ပို႔ေပးခဲ့ကာ၎ကပင္နယ္တီဧရိယာအျပင္ကေနအျပင္းကန္သြင္းကာမန္စီးတီးအတြက္ဦးေဆာင္ဂိုးသြင္းယူခဲ့ပါတယ္။

ဗီလာနည္းျပဟာယင္းဂိုးအားခြင့္ျပဳလိုက္မႈအေပၚဒိုင္လူႀကီးအားအႀကီးအက်ယ္ေစာဒကတက္မႈေၾကာင့္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ဒါေပမယ့္ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္းဂယ္လာဂါကတိုင္႐ုန္မင္စ္မွာေဘာလုံးကိုထိန္းလိုက္ၿပီးမွ႐ိုဒရီကလူကြၽံ အေနအထားမွတစ္ဆင့္တက္လာကာေဘာလုံးလုယူခဲ့တာျဖစ္လို႔ဒိုင္လူႀကီးဆုံးျဖတ္ခ်က္မွန္ကန္ေၾကာင္းဆိုသြားပါတယ္။

ပြဲအၿပီးမွာတိုင္႐ုန္မင္စ္က “ဒီစည္းမ်ဥ္းနဲ႔ပတ္သက္ၿပီးတစ္ခါမွေတာင္မၾကားဖူးဘူး။လူကြၽံျဖစ္ေနတဲ့ကစားသမားက ေနာက္ေနေျပးတက္လာၿပီးေဘာလုံးလုယူခဲ့တယ္တဲ့လား။ဒါနဲ႔ပတ္သက္ၿပီးရွင္းရွင္းလင္းလင္းသိဖို႔လိုပါတယ္။ဒါေပမယ့္အခုဒါနဲ႔ပတ္သက္ၿပီးနားမလည္ႏိုင္ေအာင္ျဖစ္ရပါတယ္။လုံးဝအဓိပၸါယ္မရွိပါဘူး”လို႔ေဝဖန္သြားပါတယ္။