
သောမတ်စ်ဖရန့်ဟာမနေ့ညတုန်းကမန်စီးတီးကိုမထင်မှတ်ဘဲအနိုင်ရတဲ့ပွဲတွင်အာလင်းဟာလန်းဂိုးမသွင်းနိုင်အောင်တားဆီးနိုင်တဲ့တတိယမြောက်အသင်းအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီးနောက် အာလင်းဟာလန်းကိုဘယ်လိုတားဆီးခဲ့သလဲဖွင့်ဟလာပါတယ်။
အာလင်းဟာလန်းဟာနွေရာသီတွင်ဒေါ့မွန်မှမန်စီးတီးသို့ပြောင်းရွှေ့လာပြီးနောက်ကြောက်ခမန်းလိလိဂိုးသွင်းပြနေသူလည်းဖြစ်ပါတယ်။
သူဟာမန်စီးတီးအတွက်ပရီးမီးယားလိဂ်ပွဲ၁၂ပွဲတည်းသာကစားခဲ့ရာမှာ၁၈ဂိုးအထိသွင်းထားနိုင်ခဲ့ပါတယ်။
ဘရန့်ဖို့ဒ်မတိုင်မီ ပရီးမီးယားလိဂ်တွင်အာလင်းဟာလန်းကိုဂိုးမသွင်းနိုင်အောင်တားဆီးနိုင်တဲ့အသင်းများအဖြစ်ဘုန်းမောက်နှင့်လီဗာပူးတို့သာရှိခဲ့ပါတယ်။လီဗာပူးမှာအာလင်းဟာလန်းကိုဖန်တီးနိုင်မှု/ဂိုးသွင်းနိုင်မှုမပြုလုပ်နိုင်အောင်တားဆီးနိုင်တဲ့တစ်သင်းတည်းသောအသင်းလည်းဖြစ်ပါတယ်။
စနေနေ့တုန်းကပွဲစဉ်မှာလည်းသောမတ်စ်ဖရန့်ရဲ့ဘရန့်ဖို့ဒ်ဟာမန်စီးတီးကိုမထင်မှတ်ဘဲဦးဆောင်နိုင်ခဲ့ပြီးအိုင်ဗန်တိုနေးရဲ့နာကျင်အချိန်ပိုဂိုးကြောင့်၂-၁ဖြင့်အနိုင်ရခဲ့ပါတယ်။ဘရန့်ဖို့ဒ်ဟာအာလင်းဟာလန်းကိုဂိုးသွင်း/ဖန်တီးနိုင်ခြင်းမရှိအောင်တားဆီးနိုင်တဲ့ဒုတိယမြောက်ပရီးမီးယားလိဂ်ကလပ်ဖြစ်လာပါတယ်။
သောမတ်စ်ဖရန့်က “သူတို့ဟာလန်းကိုသုံးလာဖို့အရမ်းမျှော်လင့်ထားခဲ့တာ။ဟာလန်းပါတဲ့သူတို့ကိုအနိုင်ရမှတကယ့်နိုင်ပွဲလေ။ Gameplan ချထားပြီးသားပါ။အောင်လည်းအောင်မြင်ခဲ့တယ်။ကီဗင်ဒီဘရိုင်းကိုနီးနီးကပ်ကပ်အဆက်မပြတ်စောင့်ကြည့်ခဲ့တယ်။သူဟာအန္တရာယ်ဇုန်မှာဘောလုံးအနည်းငယ်ပဲပေးနိုင်ခဲ့တယ်။ဧရိယာထဲမှာဆိုဟာလန်းကိုအထူးသတိထားခဲ့တယ်။တစ်ကြိမ်ပဲသူ့ကိုမထိန်းနိုင်ခဲ့ဘူး။သူဘင်မီးကိုဖြတ်ပြေးသွားတာ။တစ်သင်းလုံးအကောင်းဆုံးလုပ်နိုင်ခဲ့ကြတယ်။အထူးသဖြင့်ဗဟိုနောက်ခံလူသုံးဦးပေါ့။ကျွန်တော်တို့ခြေစွမ်းကတကယ့်ကိုအထင်ကြီးစရာပါ”လို့ပြောကြားသွားပါတယ်။
အိုင်ဗန်တိုနေးဟာဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းလူစာရင်းတွင်ချန်လှပ်ခြင်းခံခဲ့ရပြီး၄၈နာရီအကြာတွင်အီတီဟတ်ကွင်းမှာမန်စီးတီးဘက်သို့နှစ်ဂိုးသွင်းပြခဲ့တာလည်းဖြစ်ပါတယ်။
ZawGyi
မန္စီးတီးကို အႏိုင္ရရွိၿပီးေနာက္ ဟာလန္းကို ဘယ္လို တားဆီးမလဲ ဘရန႔္ဖို႔ဒ္နည္းျပဖြင့္ဟလာ
ေသာမတ္စ္ဖရန႔္ဟာမေန႔ညတုန္းကမန္စီးတီးကိုမထင္မွတ္ဘဲအႏိုင္ရတဲ့ပြဲတြင္အာလင္းဟာလန္းဂိုးမသြင္းႏိုင္ေအာင္တားဆီးႏိုင္တဲ့တတိယေျမာက္အသင္းအျဖစ္မွတ္တမ္းဝင္သြားခဲ့ၿပီးေနာက္ အာလင္းဟာလန္းကိုဘယ္လိုတားဆီးခဲ့သလဲဖြင့္ဟလာပါတယ္။
အာလင္းဟာလန္းဟာေႏြရာသီတြင္ေဒါ့မြန္မွမန္စီးတီးသို႔ေျပာင္းေ႐ႊ႕လာၿပီးေနာက္ေၾကာက္ခမန္းလိလိဂိုးသြင္းျပေနသူလည္းျဖစ္ပါတယ္။
သူဟာမန္စီးတီးအတြက္ပရီးမီးယားလိဂ္ပြဲ၁၂ပြဲတည္းသာကစားခဲ့ရာမွာ၁၈ဂိုးအထိသြင္းထားႏိုင္ခဲ့ပါတယ္။
ဘရန႔္ဖို႔ဒ္မတိုင္မီ ပရီးမီးယားလိဂ္တြင္အာလင္းဟာလန္းကိုဂိုးမသြင္းႏိုင္ေအာင္တားဆီးႏိုင္တဲ့အသင္းမ်ားအျဖစ္ဘုန္းေမာက္ႏွင့္လီဗာပူးတို႔သာရွိခဲ့ပါတယ္။လီဗာပူးမွာအာလင္းဟာလန္းကိုဖန္တီးႏိုင္မႈ/ဂိုးသြင္းႏိုင္မႈမျပဳလုပ္ႏိုင္ေအာင္တားဆီးႏိုင္တဲ့တစ္သင္းတည္းေသာအသင္းလည္းျဖစ္ပါတယ္။
စေနေန႔တုန္းကပြဲစဥ္မွာလည္းေသာမတ္စ္ဖရန႔္ရဲ႕ဘရန႔္ဖို႔ဒ္ဟာမန္စီးတီးကိုမထင္မွတ္ဘဲဦးေဆာင္ႏိုင္ခဲ့ၿပီးအိုင္ဗန္တိုေနးရဲ႕နာက်င္အခ်ိန္ပိုဂိုးေၾကာင့္၂-၁ျဖင့္အႏိုင္ရခဲ့ပါတယ္။ဘရန႔္ဖို႔ဒ္ဟာအာလင္းဟာလန္းကိုဂိုးသြင္း/ဖန္တီးႏိုင္ျခင္းမရွိေအာင္တားဆီးႏိုင္တဲ့ဒုတိယေျမာက္ပရီးမီးယားလိဂ္ကလပ္ျဖစ္လာပါတယ္။
ေသာမတ္စ္ဖရန႔္က “သူတို႔ဟာလန္းကိုသုံးလာဖို႔အရမ္းေမွ်ာ္လင့္ထားခဲ့တာ။ဟာလန္းပါတဲ့သူတို႔ကိုအႏိုင္ရမွတကယ့္ႏိုင္ပြဲေလ။ Gameplan ခ်ထားၿပီးသားပါ။ေအာင္လည္းေအာင္ျမင္ခဲ့တယ္။ကီဗင္ဒီဘ႐ိုင္းကိုနီးနီးကပ္ကပ္အဆက္မျပတ္ေစာင့္ၾကည့္ခဲ့တယ္။သူဟာအႏၲရာယ္ဇုန္မွာေဘာလုံးအနည္းငယ္ပဲေပးႏိုင္ခဲ့တယ္။ဧရိယာထဲမွာဆိုဟာလန္းကိုအထူးသတိထားခဲ့တယ္။တစ္ႀကိမ္ပဲသူ႔ကိုမထိန္းႏိုင္ခဲ့ဘူး။သူဘင္မီးကိုျဖတ္ေျပးသြားတာ။တစ္သင္းလုံးအေကာင္းဆုံးလုပ္ႏိုင္ခဲ့ၾကတယ္။အထူးသျဖင့္ဗဟိုေနာက္ခံလူသုံးဦးေပါ့။ကြၽန္ေတာ္တို႔ေျခစြမ္းကတကယ့္ကိုအထင္ႀကီးစရာပါ”လို႔ေျပာၾကားသြားပါတယ္။
အိုင္ဗန္တိုေနးဟာေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းလူစာရင္းတြင္ခ်န္လွပ္ျခင္းခံခဲ့ရၿပီး၄၈နာရီအၾကာတြင္အီတီဟတ္ကြင္းမွာမန္စီးတီးဘက္သို႔ႏွစ္ဂိုးသြင္းျပခဲ့တာလည္းျဖစ္ပါတယ္။