
တနင်္ဂနွေနေ့တုန်းကလီဗာပူးကမန်စီးတီးကိုအနိုင်ရရှိသွားပြီးနောက်အာဆင်နယ်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင်ရမှတ်၄မှတ်ဖြတ်ပြီးဦးဆောင်လာပါတယ်။
မီခေးလ်အာတီတာရဲ့အာဆင်နယ်ဟာယခုရာသီတွင်ပရီးမီးယားလိဂ်ပွဲ၁၀ပွဲကစားထားရာမှာ၉ပွဲအနိုင်ရရှိထားပြီးရမှတ်၃၀မှ၂၇မှတ်အထိရယူထားနိုင်ပါတယ်။
ဒါပေမဲ့စူပါကွန်ပျူတာကတော့ အာဆင်နယ်ကိုပရီးမီးယားလိဂ်ရာသီသိမ်းချိန်တွင်ဒုတိယနေရာသာရရှိလာမယ်လို့ခန့်မှန်းသွားပြီးမန်စီးတီးကိုပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကိုဆက်လက်ကာကွယ်သွားမယ်လို့ဟောကိန်းထုတ်လာပါတယ်။
မန်စီးတီးဟာချန်ပီယံဖြစ်ရန် ၁/၄အလေးပေးခံထားရပြီးအာဆင်နယ်က၁/၆ဖြင့်ဒုတိယအလေးအပေးခံရဆုံးအသင်းအဖြစ်ရပ်တည်နေပါတယ်။
လီဗာပူးကအဆင့်၃နေရာမှာသာရပ်တည်နိုင်မှာဖြစ်ပြီး ၂၀/၁ ဖြင့်အလေးပေးခံထားရပါတယ်။စတုတ္ထနေရာမှာချဲလ်ဆီးကရပ်တည်လာမှာဖြစ်ပြီး၈/၁၃အလေးပေးခံထားရပါတယ်။
စူပါကွန်ပျူတာကစပါးစ်နှင့်ယူနိုက်တက်တို့ကိုချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ကာယူရိုပါလိဂ်ဝင်ခွင့်သာရရှိမယ်လို့ဆိုသွားပါတယ်။
ဒါ့အပြင်စူပါကွန်ပျူတာကလက်စတာ၊ဘုန်းမောက်နှင့်နော်တင်ဟမ်ဖောရက်စ်တို့ကိုပရီးမီးယားလိဂ်မှတန်းဆင်းရမယ်လို့လည်းဟောကိန်းထုတ်သွားပါတယ်။
ZawGyi
မန်စီးတီးကို အာဆင်နယ်က ၄ မှတ်ဖြတ်လိုက်ပြီးနောက် ပရီးမီးယားလိဂ်ရာသီ ဘယ်လိုအဆုံးသတ်လာမယ်ဆိုတာ စူပါကွန်ပျူတာဟောကိန်းထုတ်လာ
တနင်္ဂနွေနေ့တုန်းကလီဗာပူးကမန်စီးတီးကိုအနိုင်ရရှိသွားပြီးနောက်အာဆင်နယ်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင်ရမှတ်၎မှတ်ဖြတ်ပြီးဦးဆောင်လာပါတယ်။