မန်စီးတီးကွင်းလယ်လူကီဗင်ဒီဘရိုင်း လေးပတ်နားရမည်ဖြစ်၍ လီဗာပူးပွဲကို လွဲချော်နိုင်

ကွင်းလယ်ကစားသမားကီဗင်ဒီဘရိုင်းမှာတံကောက်ကြောဒဏ်ရာကြောင့်လေးပတ်အထိအနားယူရမှာဖြစ်လို့ မန်စီးတီးအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုကြုံလာရပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဟာဗုဒ္ဓဟူးနေ့တုန်းကဗီလာကို၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာဒဏ်ရာရရှိကာလူစားလဲခဲ့ရပါတယ်။

ယခုအခါ အသက်၂၉နှစ်ရှိဒီဘရိုင်းဟာဖေဖော်ဝါရီလ၇ရက်နေ့တွင်ကစားမယ့်လီဗာပူးနှင့်ပရီးမီးယားလိဂ်အရေးပါ တဲ့ပွဲအမီပြန်ကောင်းရေးတိုက်ပွဲဝင်ရတော့မှာဖြစ်ပါတယ်။

ဒါပေမယ့်မန်စီးတီးဆေးအဖွဲ့ကကီဗင်ဒီဘရိုင်းရဲ့ဒဏ်ရာကိုနှစ်ပတ်မှသုံးပတ်အထိသာအနားယူပြီးပျောက်လာနိုင် တယ်လို့လည်းအကောင်းမြင်နေကြပါတယ်။

ကီဗင်ဒီဘရိုင်းဟာစနေနေ့တွင်ချီတင်ဟမ်နှင့်ရင်ဆိုင်ကစားရမယ့်အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်မှ စတင်လွဲ ချော်ပါမယ်။သူဟာဝက်စ်ဘရွန်း၊ရှက်ဖီးလ်ယူနိုက်တက်၊ဘန်လေတို့နှင့်ကစားရမယ့်ပွဲစဉ်များကိုလည်းသေချာ ပေါက်လွဲပါမယ်။

ZawGyi

မန္စီးတီးကြင္းလယ္လူကီဗင္ဒီဘ႐ိုင္း ေလးပတ္နားရမည္ျဖစ္၍ လီဗာပူးပြဲကို လြဲေခ်ာ္ႏိုင္

ကြင္းလယ္ကစားသမားကီဗင္ဒီဘ႐ိုင္းမွာတံေကာက္ေၾကာဒဏ္ရာေၾကာင့္ေလးပတ္အထိအနားယူရမွာျဖစ္လို႔ မန္စီးတီးအတြက္ႀကီးမားတဲ့ထိုးႏွက္ခ်က္တစ္ခုႀကဳံလာရပါတယ္။

ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္ကစားသမားဟာဗုဒၶဟူးေန႔တုန္းကဗီလာကို၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပရီးမီးယားလိဂ္ပြဲစဥ္ရဲ႕ ဒုတိယပိုင္းမွာဒဏ္ရာရရွိကာလူစားလဲခဲ့ရပါတယ္။

ယခုအခါ အသက္၂၉ႏွစ္ရွိဒီဘ႐ိုင္းဟာေဖေဖာ္ဝါရီလ၇ရက္ေန႔တြင္ကစားမယ့္လီဗာပူးႏွင့္ပရီးမီးယားလိဂ္အေရးပါ တဲ့ပြဲအမီျပန္ေကာင္းေရးတိုက္ပြဲဝင္ရေတာ့မွာျဖစ္ပါတယ္။

ဒါေပမယ့္မန္စီးတီးေဆးအဖြဲ႕ကကီဗင္ဒီဘ႐ိုင္းရဲ႕ဒဏ္ရာကိုႏွစ္ပတ္မွသုံးပတ္အထိသာအနားယူၿပီးေပ်ာက္လာႏိုင္ တယ္လို႔လည္းအေကာင္းျမင္ေနၾကပါတယ္။

ကီဗင္ဒီဘ႐ိုင္းဟာစေနေန႔တြင္ခ်ီတင္ဟမ္ႏွင့္ရင္ဆိုင္ကစားရမယ့္အက္ဖ္ေအဖလားစတုတၳအဆင့္ပြဲစဥ္မွ စတင္လြဲ ေခ်ာ္ပါမယ္။သူဟာဝက္စ္ဘ႐ြန္း၊ရွက္ဖီးလ္ယူႏိုက္တက္၊ဘန္ေလတို႔ႏွင့္ကစားရမယ့္ပြဲစဥ္မ်ားကိုလည္းေသခ်ာ ေပါက္လြဲပါမယ္။