မန်စီးတီးဂိုးပေါက်ထက် ကိုယ့်ဂိုးသမားကို တိကျတဲ့ကန်ချက်ပိုမိုပြုခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

မနေ့ညတုန်းကအိုးထရက်ဖို့ဒ်ကွင်းမှာအိုလီဂန်းနားဆိုးလ်ရှားရဲ့မန်ယူအသင်းဟာမန်စီးတီးဘက်သို့ဂိုးပေါက်တည့်ခြိမ်းခြောက်မှုထက်ကိုယ့်အသင်းဂိုးသမားဒီဂီယာကိုဂိုးပေါက်တည့်ကန်ချက်ခြိမ်းခြောက်မှုပိုမိုပြုလုပ်နိုင်ခဲ့ကြောင်းသိရပါတယ်။

မန်ယူအသင်းဟာမန်စီးတီးဂိုးသမားအီဒါဆင်ကိုဂိုးပေါက်တည့်ခြိမ်းခြောက်မှုတစ်ကြိမ်တည်းသာပြုလုပ်နိုင်ခဲ့တာဖြစ်ပြီးဒီဂီယာကိုဂိုးပေါက်တည့်ခြိမ်းခြောက်မှု၂ကြိမ်အထိပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူဟာပွဲအစ၇မိနစ်မှာဘဲအဲရစ်ဘိုင်လီရဲ့ဟာသဆန်လှတဲ့ကိုယ့်ဂိုးကိုသွင်းတဲ့ဂိုးဖြင့်ဦးဆောင်ဂိုးပေးခဲ့ရပါတယ်။ယင်းနောက်ပထမပိုင်းမိနစ်၃၃မှာလင်ဒီလော့ဖ်ရဲ့နောက်ထပ်ကိုယ့်ဂိုးကိုယ်သွင်းမိနိုင်တဲ့ကန်ချက်ကိုမန်ယူဂိုးသမားဒီဂီယာကာကွယ်ခဲ့ရပြန်ပါတယ်။

မန်စီးတီးဟာမန်ယူကိုသက်တောင့်သက်သာဘဲထိန်းချုပ်ကစားသွားခဲ့ပြီးပထမပိုင်းမပြီးခင်မှာဆေးလ်ဗားရဲ့ဂိုးဖြင့်၂-၀ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။

မန်ယူဟာဒုတိယပိုင်းမှာလည်းဆက်လက်ရုန်းကန်ခဲ့ရပြီးပွဲချိန်တစ်ခုလုံးတွင်မန်စီးတီးဂိုးပေါက်သို့ဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်တည်းသာပြုလုပ်နိုင်ခဲ့ပါတယ်။ပထမပိုင်းမှာခရစ္စတီယာနိုရော်နယ်ဒိုကခြိမ်းခြောက်မှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီဂီယာပထမပိုင်းအပြီးမှာမန်ယူရဲ့ဆိုးရွားလှတဲ့ခံစစ်ကစားပုံကြောင့်အကြီးအကျယ်ဒေါသထွက်ကာအိုးထရက်ဖို့ဒ်ဥမင်လှိုဏ်ခေါင်းဝင်ပေါက်ဝမှ လက်သီးဖြင့်ထိုးခဲ့တာတွေ့ရပါတယ်။

ZawGyi

မန္စီးတီးဂိုးေပါက္ထက္ ကိုယ့္ဂိုးသမားကို တိက်တဲ့ကန္ခ်က္ပိုမိုျပဳခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္

မေန႔ညတုန္းကအိုးထရက္ဖို႔ဒ္ကြင္းမွာအိုလီဂန္းနားဆိုးလ္ရွားရဲ႕မန္ယူအသင္းဟာမန္စီးတီးဘက္သို႔ဂိုးေပါက္တည့္ၿခိမ္းေျခာက္မႈထက္ကိုယ့္အသင္းဂိုးသမားဒီဂီယာကိုဂိုးေပါက္တည့္ကန္ခ်က္ၿခိမ္းေျခာက္မႈပိုမိုျပဳလုပ္ႏိုင္ခဲ့ေၾကာင္းသိရပါတယ္။

မန္ယူအသင္းဟာမန္စီးတီးဂိုးသမားအီဒါဆင္ကိုဂိုးေပါက္တည့္ၿခိမ္းေျခာက္မႈတစ္ႀကိမ္တည္းသာျပဳလုပ္ႏိုင္ခဲ့တာျဖစ္ၿပီးဒီဂီယာကိုဂိုးေပါက္တည့္ၿခိမ္းေျခာက္မႈ၂ႀကိမ္အထိျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

မန္ယူဟာပြဲအစ၇မိနစ္မွာဘဲအဲရစ္ဘိုင္လီရဲ႕ဟာသဆန္လွတဲ့ကိုယ့္ဂိုးကိုသြင္းတဲ့ဂိုးျဖင့္ဦးေဆာင္ဂိုးေပးခဲ့ရပါတယ္။ယင္းေနာက္ပထမပိုင္းမိနစ္၃၃မွာလင္ဒီေလာ့ဖ္ရဲ႕ေနာက္ထပ္ကိုယ့္ဂိုးကိုယ္သြင္းမိႏိုင္တဲ့ကန္ခ်က္ကိုမန္ယူဂိုးသမားဒီဂီယာကာကြယ္ခဲ့ရျပန္ပါတယ္။

မန္စီးတီးဟာမန္ယူကိုသက္ေတာင့္သက္သာဘဲထိန္းခ်ဳပ္ကစားသြားခဲ့ၿပီးပထမပိုင္းမၿပီးခင္မွာေဆးလ္ဗားရဲ႕ဂိုးျဖင့္၂-၀ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

မန္ယူဟာဒုတိယပိုင္းမွာလည္းဆက္လက္႐ုန္းကန္ခဲ့ရၿပီးပြဲခ်ိန္တစ္ခုလုံးတြင္မန္စီးတီးဂိုးေပါက္သို႔ဂိုးေပါက္တည့္ကန္ခ်က္တစ္ႀကိမ္တည္းသာျပဳလုပ္ႏိုင္ခဲ့ပါတယ္။ပထမပိုင္းမွာခရစၥတီယာႏိုေရာ္နယ္ဒိုကၿခိမ္းေျခာက္မႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီဂီယာပထမပိုင္းအၿပီးမွာမန္ယူရဲ႕ဆိုး႐ြားလွတဲ့ခံစစ္ကစားပုံေၾကာင့္အႀကီးအက်ယ္ေဒါသထြက္ကာအိုးထရက္ဖို႔ဒ္ဥမင္လႈိဏ္ေခါင္းဝင္ေပါက္ဝမွ လက္သီးျဖင့္ထိုးခဲ့တာေတြ႕ရပါတယ္။